Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ တိမောသေ 4:7 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

7 အားပေမဲ့ ဘုရားတရားနဲ့ မဆိုင်လဲ့ အနှစ်သာရကင်းမဲ့သော ဒဏ္ဍာရီများဟို ဆှောင်လော့။ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းအတွက် နင့်တတ်တိုင်း လေ့ကျင့်ပေးလော့။

Faic an caibideil Dèan lethbhreac




၁ တိမောသေ 4:7
20 Iomraidhean Croise  

အေးကျောန့် ငါဟ ဘုရားသခင်ဆေ့ လူလို့ဆေ့တွင် ငါ့ရဲ့ ဩတ္တပ္ပစိတ်ကြည်လင်မှု ဆိစေရန် အမြဲတမ်း ကြိုးစားအားထုတ်ပါအယ်။


ဒဏ္ဍာရီများနဲ့ မဆုံးနိန်သော ဆွေစဉ်မျိုးဆက်စာရင်းများဟို အာရုံမစိုက်ကြရန် လည်းကောင်း ညွှန်ကြားလော့။ အဲအရာလို့ဟ ယုံကြည်ခြင်းနှိုက် တည်သော ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုထက် အငြင်းပွားမှုများဟိုသာ ဖြစ်စေအယ်။


ပညတ်တရားဟ ဖြောင့်မတ်သောသူအတွက် ဆိတာမဟုတ်ဘဲ တရားမဲ့သောသူများနဲ့ နာခံမှုမဆိသောသူများ၊ ဘုရားတရားမဲ့သောသူများနဲ့ အပစ်သားများ၊ မသန့်ဆှင်းသောသူများနဲ့ ဘုရားတရားဟို မထီမဲ့မြင်ပြုသောသူများ၊ အဖဟို သတ်သောသူများနဲ့ အမေ့ဟို သတ်သောသူများ၊ လူသတ်သမားများ၊


သူလို့ဟ ဘုရားဝတ်နှိုက် မွေ့လျော်သူများ ပြုသင့်လဲ့အတိုင်း ကောင်းမြတ်သော အကျင့်များဖြင့် မိမိတတ်တိုင်း တန်ဆာဆင်ကြရအယ်။


ငါလို့ရဲ့ ဘာသာတရားနက်နဲပုံဟို စသူမျှ ငြင်းဆိုယွေ့ မရဘဲ ကိုယ်တော်ဟ လူသားပုံသဏ္ဌာန်နဲ့ ပေါ်ထွန်းပီ၊ မန်ကန်ကျောန်းဟို ဝိညာဉ်တော်အားဖြင့် ဖော်ပြပင်း ခေါန်းခင်တမန်များဟ ကိုယ်တော်ဟို ရှုမျော်ရကြပီ။ ကိုယ်တော်ရဲ့ အကျောန်းဟို လူမျိုးတကာလို့အား ကြေညာပီ၊ ကမ္ဘာပေါ်ဆိ လူလို့ဟ ယုံကြည်ကြပီ၊ ခေါန်းခင်ဘုံဟို ဆောင်ယူခြင်းဟို ခံပီ။


အကျောန်းမှာ ကိုယ်ခန္ဓာနဲ့ဆိုင်သော လေ့ကျင့်မှုဟ ကတစ် အကျိုးဆိအယ်၊ အားပေမဲ့ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းမူ အခုဖဝါ့၊ နောင်ဖဝါ့နဲ့ဆိုင်သော ကတိတော် ပါဆိတာဖြစ်ယွေ့ အလုံးစုံလို့အတွက် အကျိုးဆိအယ်။


အို ဘုရားသခင်ရဲ့ လူ၊ နင်ဟ အဲအရာများဟို ဆှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းလို့ဟို မှီအောန်လိုက်လော့။


အို တိမောသေ၊ နင်နှိုက် အပ်ထားလဲ့အရာဟို စောင့်ဆှောက်လော့။ တရားမဲ့ဖြစ်သော အလကားကား စကားပြောခြင်းနဲ့ သိပ္ပံအတတ်ဟု အလွဲခေါ်ဝေါ်သော သိပ္ပံအတတ် ဆီးတားနှောင့်ယှက်ခြင်းလို့ဟို ဆှောင်လော့၊


တစုံတယောက်ဟ ခြားနားသော ဩဝါဒဟို သွန်သင်လျက် ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ မန်ကန်ပြေ့စုံသော တရားစကားနဲ့ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းနဲ့ညီသော ဩဝါဒလို့ဟို မလိုက်နာရင်


အဲသို့ အသိစိတ်ပျက်ပြားလျက် သမ္မာတရား ဆုံးရှုံးကာ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းဟ အကျိုးစီးပွားဖြစ်တာဟု ထင်မှတ်သော လူလို့ကြားနှိုက် မဆုံးနိန်သော အငြင်းပွားမှု ဆိတတ်အယ်။


တရားမဲ့ဖြစ်သော အလကားကားစကားဟို ဆှောင်လော့၊ အကျောန်းမှာ အဲစကားဟ မတရားသောအမှုလို့ဟို ပွားများစေလိမ့်မယ်။


အားပေမဲ့ ပညာမဲ့သော အငြင်းပွားမှုဟ ခိုက်ရန် ဖြစ်ပွားစေတတ်တာဟု သိမှတ်လျက် ဆှောင်ဆှားလော့။


အမန်စင်စစ် ခရစ်တော် ယေရှုအားဖြင့် ဘုရားဝတ်နှိုက် မွေ့လျော်စွာ အသက်ဆှင်ရန် အလိုဆိသောသူအားလုံးဟ ညှဉ်းဆဲခြင်းဟို ခံရလိမ့်မယ်။


ဘုရားဝတ်နှိုက် မွေ့လျော်ဟန်ဆိသော်လည်း ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းရဲ့ တန်ခိုးဟို ငြင်းပယ်သောသူများ ဖြစ်ကြလိမ့်မယ်။ အဲသူလို့ဟို ဆှောင်လော့။


သူလို့ဟ သမ္မာတရားဟို နားမထောင်ဘဲ ဒဏ္ဍာရီစကားများဟိုသာ နားထောင်ကြလိမ့်မယ်။


အေးလိုမို့ ယုဒလူမျိုးရဲ့ ဒဏ္ဍာရီများနဲ့ သမ္မာတရားဟို ပယ်သောသူလို့ရဲ့ ပညတ်ချက်များအပေါ် အာရုံမစိုက်ဘဲ ယုံကြည်ခြင်းအရာနှိုက် မန်ကန်ပြေ့စုံမှုဆိရန် သူလို့ဟို ပြင်းထန်စွာ ဆိုဆုံးမလော့။


ငါလို့အား ဘုရားတရားမဲ့ခြင်းနဲ့ လောကီတပ်မက်ခြင်းလို့ဟို စွန့်ပယ်ယွေ့ ဟေလောကတွင် ဘုရားဝတ်နှိုက် မွေ့လျော်စွာ၊ သင့်တင့်လျောက်ပတ်စွာနဲ့ ဖြောင့်မတ်စွာ အသက်ဆှင်ရန်လည်းကောင်း၊


အဲလိုလဲ မိုက်မဲသော ငြင်းခုန်မှုများ၊ ဆွေစဉ်မျိုးဆက်စာရင်းများ၊ ပဋိပက္ခဖြစ်ခြင်းနဲ့ ပညတ်တရားကျောန့် ရန်ဖြစ်ခြင်းလို့ဟို ဆှောင်ကြလော့။ ပစာကို့ အေးအရာလို့ဟ အကျိုးမဲ့ယွေ့ အလကားကား ဖြစ်ကြအယ်။


မာသောအစာဟ အရွယ်ရောက်ပင်း သူလို့အတွက် ဖြစ်အယ်၊ သူလို့ဟ လေ့ကျင့်မှုအားဖြင့် အကောင်း အဆိုးဟို ပိုင်းခြားယွေ့ သိဆိသူများ ဖြစ်ကြအယ်။


Lean sinn:

Sanasan


Sanasan