Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ တိမောသေ 4:1 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

1 နောင်ကာလနှိုက် လူအချို့လို့ဟ ဝါပြောလဲ့ ဝိညာဉ်များရဲ့ စကားဟို နာခံလျက် နတ်ဆိုးလို့ရဲ့ သွန်သင်ချက်များဟို လိုက်နာကာ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို စွန့်လွှတ်ကြလိမ့်မယ်ဟု ဝိညာဉ်တော်ဟ အတိအလင်း ဖော်ပြအယ်။

Faic an caibideil Dèan lethbhreac




၁ တိမောသေ 4:1
64 Iomraidhean Croise  

လူတွေရဲ့ ယုံကြည်ခြင်းပျက်ပြားစေလဲ့ ကမ္ဘာကြီးဟာ ကြောက်စရာကောင်းလဲ့အရာဟ နင့်ဟို စောင့်နေအယ်၊ အေးလို့သော အမူအရာလို့ဟ အမြဲတမ်း တည်လိမ့်မယ်။ အဲလိုလဲ သူလို့ကို ယုံကြည်ခြင်းမှာ မားစေသောသူဟ ကြောက်စရာကောင်းလဲ့အရာဟ နင်ဟို စောင့်နေအယ်။


ယေရှုဟ တဘဲ့တော်လို့အား ပြောတာဟ “လူဟို အပစ်ပြုစေမဲ့အရာများ သေချာပေါက် ဆိရမယ်၊ အဲလိုလဲ မှောက်မားလမ်းလွဲစေသူဟ အမင်္ဂလာ ဆိအယ်။


အဲလိုလဲ သမ္မာတရားရဲ့ ဝိညာဉ်တော် ရောက်လာသောအခါ သမ္မာတရား အလုံးစုံထဲဟို နင်လို့ဟို ရိုးသွားလိမ့်မယ်။ အဲဝိညာဉ်တော်ဟ ကိုယ်အလိုအလျောက် ဟောပြောတာ မဟုတ်၊ မိမိကြားသိရလဲ့အရာလို့ဟို နင်လို့အား ပြောလိမ့်မယ်၊ နောက်ဖြစ်လာမဲ့အရာလို့ဟိုလည်း နင်လို့အား ဖော်ပြလိမ့်မယ်။


အဲသူလို့ဟ သခင်ဘုရားရဲ့ အမှုတော်ဟို ဆောင်ရွက်ယွေ့ အစာဆှောင်လျက် နေကြစဉ် သန့်ဆှင်းသော ဝိညာဉ်တော်ဟ သူလို့အား “ရှောလုနဲ့ ဗာနဗလို့ဟို သူလို့အတွက် သတ်မှတ်ထားသော အမှုတော်ဆောင်ရန် ငါ့အတွက် သီးသန့် ရွေးချယ်ကြလော့” ဟု မိန့်အယ်။


ဧပိကုရုနဲ့ သတောအိတ် ဆရာလို့ဟလည်း သူလို့နဲ့ ဆွေးနွေး ငြင်းခုန်ကြအယ်။ တချို့ဟ “ဟေစကားအိုးဟ ပစာအရာဟို ပြောဆိုနေလုန်း” ဟု ပြောကြအယ်။ တခြားသူများဟ “သူလို့ဟ လူမျိုးခြားလို့ရဲ့ နတ်ဘုရားများ အကျောန်းဟို ပြောဆိုနေအယ်” ဟု ဖြေအယ်။ သူလို့အေးလို့ ပစာကျောန့် ပြောဆိုလဲဆိုရင် ပေါလုဟ ယေရှုအကျောန်းနဲ့ ဆှင်ပြန်ထမြောက်ခြင်း အကျောန်း သတင်းကောင်းဟို ဟောသောကျောန့် ဖြစ်အယ်။


သန့်ဆှင်းသော ဝိညာဉ်တော်ဟ တုတ်ချေခြင်းနဲ့ ဆင်းရဲဒုက္ခများဟ မြို့တိုင်းတွင် ငါဟို စောင့်နေကျောန်း သတိပေးတာဟို ငါ သိအယ်။


သူဟ ငါလို့ဆေဟို လာယွေ့ ပေါလုရဲ့ ခါးကြိုးဟို ယူပင်းရင် မိမိရဲ့ ခြေနဲ့လက်လို့ဟို တုတ်ချေပင်းနောက် “ဟေ ခါးကြိုးပိုင်ဆှင်အား ယုဒလူများလို့ဟ ယေရုရှလင်မြို့တွင် ဟေလို့ တုတ်ချေယွေ့ လူမျိုးခြားလို့ရဲ့ လက်ဟို အပ်နှံကြလိမ့်မယ်လို့ သန့်ဆှင်းသော ဝိညာဉ်တော် မိန့်အယ်” ဟု ပြောလေအယ်။


အေးလို့ ပေါလုဟ အဲအရာများဟို ပြောဆိုပင်းနောက် အချင်းချင်းကြားနှိုက် ပြင်းထန်စွာငြင်းခုန်လျက် ထွက်သွားကြအယ်။ ပေါလုဟ “ပရောဖက် ဟေရှာယအားဖြင့် နင်လို့ ဖိုးဖေးလို့အား သန့်ဆှင်းသော ဝိညာဉ်တော် ဖော်ပြပုံမှာ ဟေလို့ဖြစ်အယ်။


ဟေသို့ ငါ မဆိုလို၊ သူလို့ ပူဇော်သောအရာများဟို ဘုရားသခင်ဆေ ပူဇော်ခြင်း မဟုတ်ဘဲ နတ်ဆိုးများဆေ ပူဇော်ခြင်း ဖြစ်အယ်။ ငါဟ နင်လို့ဟို နတ်ဆိုးလို့နဲ့ စပ်ဆိုင်သောသူ မဖြစ်စေလို။


နင်လို့တွင် စိတ်ဝမ်းကွဲပြားမှုဟ ဆိတာ မန်အယ်။ အဲလိုမို့ အမန်ဘက်တွင် ဆိသောသူများဟို ပေါ်လွင် ထင်ဆှားစေမယ်။


ဟေအခွင့်ဆိသမျှလို့ဟို တပါးတည်းသော ဝိညာဉ်တော်ဟ ပြုပြင်ယွေ့ လူအသီးသီးလို့အား ဆု‌ကျေးဇူး အသီးသီးဟို အလိုတော်ဆိလဲ့အတိုင်း ဝေငှယွေ့ ပေးအယ်။


အားပေမဲ့ ဘုရားသခင်ဟ မိမိရဲ့ လျှို့ဝှက်ချက်ဟို ဝိညာဉ်တော်အားဖြင့် ငါလို့အား ဖော်ပြအယ်။ ဝိညာဉ်တော်ဟ အရာခပ်သိမ်းဟို သာမက ဘုရားသခင်ရဲ့ လျှို့ဝှက်နက်နဲသော အကြံအစည်လို့ဟို စူးစမ်းဆှာဖွေအယ်။


အားပေမဲ့ မြွေဟ မိမိရဲ့ ပရိယာယ်အားဖြင့် ဧဝဟို လှည့်ဖြားသလို အကျောန်းတစုံတခုကျောန့် နင်လို့ရဲ့ စိတ်နေလုံးဟ ခရစ်တော်အပေါ်နှိုက် ထားဆိလဲ့ ရိုးသားဖြူစင်ခြင်းမှ သွေဖယ်သွားမယ်ဟို ငါ စိုးရိမ်အယ်။


မမန်ကန်သော နှိမ့်ချခြင်း၊ ခေါန်းခင်တမန်လို့အား ကိုးကွယ်ခြင်းလို့ဟို အလေးနက် ပြောဆိုယွေ့ မိမိလို့ မျော်လဲ့ရူပါရုံများဟို အကျောန်းပြုကာ မိမိလို့ဟ အခြားသူလို့ထက် သာတာဟု ပြောဆိုတတ်သူများဟ နင်လို့အား ရှုတ်ချခွင့်ဟို မပေးနဲ့။ သူလို့ဟ လူ့သဘောဖြင့် စဉ်းစားဆင်ခြင်လျက် အကျောန်းမဲ့ အလကားကား ထောင်လွှားလျက် ဆိကြအယ်၊


ဆိုးညစ်သောသူလို့နဲ့ လှည့်စားသောသူလို့ဟ သူတပါးဟို လှည့်စားလျက် ကိုယ့်တတ်တိုင်းလည်း လှည့်စားခြင်းဟို ခံရလျက် ပိုယွေ့ ဆိုးရွားသောအဖြစ်ဟို ကျဆင်း သွားကြလိမ့်မယ်။


သူလို့ဟ သမ္မာတရားဟို နားမထောင်ဘဲ ဒဏ္ဍာရီစကားများဟိုသာ နားထောင်ကြလိမ့်မယ်။


အဲလိုသော ပညာဟ အထက်အရပ်မှ လာတာ မဟုတ်ဘဲ လောကနဲ့ လည်းကောင်း၊ ဇာတိနဲ့ လည်းကောင်း၊ နတ်ဆိုးလို့နဲ့ လည်းကောင်း စပ်ဆိုင်အယ်။


ကိုယ်တော်ဟ ကမ္ဘာမတည်မဆိမီကပင် ရွေးချယ်ခန့်ထားခြင်း ခံရသော်လည်း ဟေနောက်ဆုံးသော ကာလနှိုက် နင်လို့အတွက် ပေါ်ထွန်းအယ်။


အဲလိုလဲ မားယွင်းသော ပရောဖက်များဟ လူမျိုးတော်ထဲနှိုက် ပေါ်လာသလိုမျိုး နင်လို့ထဲနှိုက်လည်း ဆရာအတုအယောင်များ ပေါ်လာကြလိမ့်မယ်။ အေးသူလို့ဟ ပျက်စီးခြင်းဟို ရောက်စေမယ့် မားယွင်းသော အယူဝါဒများဟို လျှို့ဝှက်စွာ ယူဆောင်လာယွေ့ မိမိလို့ဟို ရွေးနှုတ်ဝယ်ယူသော သခင်ဟိုပင် ငြင်းပယ်ကာ မိမိလို့အပေါ် လျင်မြန်သော ပျက်စီးခြင်းဟို ကျရောက်စေကြလိမ့်မယ်။


ပထမဦးစွာ နင်လို့ သိထားရမယ့်အချက်မှာ ပြက်ရယ်ပြုတတ်သော သူလို့ဟ နောက်ဆုံးသော နေ့ရက်ကာလနှိုက် ပြုရယ်ပြုလျက်ပေါ်လာယွေ့ မိမိလို့ရဲ့ တပ်မက်ခြင်းများအတိုင်း ဆှောက်လမ်းကာ၊


လူပဲ့သငယ်လို့၊ အခုကာလဟ နောက်ဆုံးသော ကာလ ဖြစ်အယ်။ ခရစ်တော်ရဲ့ ရန်သူ ပေါ်ပေါက်လာမယ် ဖြစ်သောကျောန်းဟို နင်လို့ ကြားသိခဲ့ကြအယ်။ အခုပင် ခရစ်တော်ရဲ့ ရန်သူအများအပြား ပေါ်ပေါက်လျက် ဆိလေပီ၊ အဲကျောန့် အခုကာလဟ နောက်ဆုံးသော ကာလ ဖြစ်တာဟို ငါလို့ သိကြအယ်။


ငါလို့ဟ ဘုရားသခင်နဲ့ စပ်ဆိုင်သူများ ဖြစ်ကြအယ်၊ ဘုရားသခင်ဟို သိသောသူဟ ငါလို့ စကားဟို နားထောင်တတ်အယ်။ ဘုရားသခင်နဲ့ မစပ်ဆိုင်သောသူဟ ငါလို့စကားဟို နားမထောင်တတ်။ ဟေလိုအားဖြင့် ငါလို့ဟ သမ္မာတရားရဲ့ ဝိညာဉ်နဲ့ မားယွင်းခြင်းရဲ့ ဝိညာဉ်ဟို သိရကြအယ်။


သူလို့ဟ “နောက်ဆုံးသော ကာလနှိုက် မိမိလို့ရဲ့ ဘုရားတရားမဲ့ခြင်းနဲ့ဆိုင်သော တပ်မက်ခြင်းများအတိုင်း ဆှောက်လှမ်းလဲ့ ပြက်ရယ်ပြုတတ်သောသူများ ပေါ်လာကြလိမ့်မယ်” ဟု နင်လို့အား ပြောထားခဲ့ကြအယ်။


အကျောန်းမှာ ငါလို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ကာမဂုဏ်လိုက်စားခြင်း အဖြစ်သို့ ပြောင်းလဲစေယွေ့ တပါးတည်းသော အဆှင်ဖြစ်သော ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို ငြင်းပယ်ကြလဲ့ ဘုရားမသိသောသူ အချို့လို့ဟ တိတ်တခိုး ဝင်ရောက်လာကြအယ်။ သူလို့ဟ ဟေပစ်ဒဏ်စီရင်ခြင်းဟို ခံရမယ်ဟု ဆေ့မခင်ကပင် ရေးထားလေပီ။


သူဟ ပထမ သားရဲဆေ့နှိုက် ပြုခွင့်ရဆိထားသော နိမိတ်လက္ခဏာများအားဖြင့် မြေကြီးပေါ်တွင် နေထိန်သော သူအားလုံးလို့ဟို လှည့်စားယွေ့ ထားဒဏ်ရာ ဆိသော်လည်း အသက်ဆှင်ခဲ့သော သားရဲရဲ့ ရုပ်တုဟို ပြုလုပ်ရန် မြေကြီးပေါ်နှိုက် နေထိန်သောသူလို့အား စေခိုင်းအယ်။


အဲဝိညာဉ်လို့ဟ နိမိတ်လက္ခဏာများဟို ပြုသောနတ်ဆိုးလို့ရဲ့ ဝိညာဉ်များ ဖြစ်ကြအယ်။ ၎င်းလို့ဟ ကမ္ဘာတဝန်းလုံးဆိ ဘုရင်များဟို အနန္တတန်ခိုးဆှင် ဘုရားသခင်ရဲ့ နေ့ရက်ကြီးများနဲ့ဆိုင်သော စစ်ပွဲအတွက် စုဝေးစေရန် အဲဘုရင်များဆေဟို ထွက်ခွာသွားကြအယ်။


သူဟ အသံအကျယ်ရီးဖြင့် ကြွေးကြော်လျက် “ဗာဗုလုန်မြို့ကြီးဟ ပြိုလဲပီ၊ ပြိုလဲပီ။ ၎င်းဟ နတ်ဆိုးလို့ နေထိန်ရာ အရပ်၊ ညစ်ညူးသော နတ်အပေါင်းလို့ရဲ့ ခိုအောင်းရာ အရပ်၊ ညစ်ညူးသော ငက်အမျိုးမျိုးလို့ရဲ့ ခိုအောင်းရာ အရပ်နဲ့ ညစ်ညူးယွေ့ ရွံရှာဖွယ်ကောင်းသော သတ္တဝါအပေါင်းလို့ရဲ့ ခိုအောင်းရာ အရပ် ဖြစ်လေပီ။


ဆီမီးရဲ့ အလင်းဟိုလည်း နင့်အထဲနှိုက် ဖယ်စခါမျှ ထွန်းလင်းတော့မှာ မဟုတ်။ မင်္ဂလာဆောင် သတို့သားနဲ့ သတို့သမီးလို့ရဲ့ အသံဟိုလည်း နင့်အထဲနှိုက် ဖယ်စခါမျှ ကြားရတော့မှာ မဟုတ်။ အကျောန်းမှာ နင်ရဲ့ ကုန်သည်လို့ဟ လောကီမှူးမတ်များ ဖြစ်ကြအယ်။ လူမျိုးတကာလို့ဟလည်း နင်ရဲ့ ပြုစားခြင်းဖြင့် လှည့်စားခြင်းဟို ခံခဲ့ရကြအယ်” ဟု ဆိုလေအယ်။


အဲလိုလဲ သားရဲဟ မိစ္ဆာပရောဖက်နဲ့ အတူ အဖမ်းခံရအယ်။ အဲမိစ္ဆာပရောဖက်ဟ သားရဲရဲ့ ဆေ့မှောက်နှိုက် နိမိတ်လက္ခဏာများဟို ပြုလျက် အဲနိမိတ်လက္ခဏာများအားဖြင့် သားရဲရဲ့ တံဆိပ်ဟို ခံယူယွေ့ သူရဲ့ ရုပ်တုဟို ကိုးကွယ်သောသူလို့အား လှည့်စားသောသူ ဖြစ်အယ်။ အဲသူနေဦးစလုံးလို့ဟ ကန့်နဲ့ လောင်သော မီးအိန်ထဲဟို အဆှင်လတ်လတ် လောချခြင်း ခံရကြအယ်။


“ဝိညာဉ်တော်ဟ အသင်းတော်လို့အား မိန့်သောအရာဟို နားဆိသောသူဟ ကြားပါစေ။ “အောန်မြင်သောသူဟ ဒုတိယ သေခြင်းဘေးနဲ့ ကင်းလွတ်လိမ့်မယ်။


“ဝိညာဉ်တော်ဟ အသင်းတော်လို့အား မိန့်သောအရာဟို နားဆိသောသူဟ ကြားပါစေ။ “အောန်မြင်သောသူအား အောန်းထားသော မန္နဟို ငါ ပေးမယ်။ ဖြူသောကျောက်ဟိုလည်း ငါ ပေးမယ်။ အဲကျောက်ပေါ်နှိုက် ၎င်းဟို ခံယူရဆိသူမှ တပါး စသူမျှ မသိသော နာမယ်အသစ်ဟို ရေးထားအယ်။


“ဝိညာဉ်တော်ဟ အသင်းတော်များအား မိန့်သောအရာဟို နားဆိသောသူဟ ကြားပါစေ။


“ဝိညာဉ်တော်ဟ အသင်းတော်လို့အား စလို မိန့်တာဟို နားဆိသောသူဟ ကြားပါစေ။ “သူဟ အောန်မြင်အယ်။ အဲသူဟ ဘုရားသခင်ရဲ့ ပရဒိသုဘုံနှိုက် ဆိသော အသက်ပင်ရဲ့ အသီးဟို စားစေခြင်းငှာ ငါ အခွင့်ပေးမယ်။


သူလို့ဟို လှည့်စားသော မာရ်နတ်ဟလည်း သားရဲနဲ့ မိစ္ဆာပရောဖက်လို့ဆိရာ ကန့်နဲ့ ရောသော မီးအိန်ထဲဟို လောချခြင်း ခံရအယ်။ သူလို့ဟ အဲနေရာနှိုက် နေ့ရောညပါ ကမ္ဘာအဆက်ဆက် ညှဉ်းဆဲခြင်းဟို ခံရကြလိမ့်မယ်။


မြေကြီး လေးမျက်နှာဆိ လူမျိုးများ ဖြစ်ကြလဲ့ ဂေါဂ၊ မာဂေါဂဟို လှည့်စားရန်နဲ့ စစ်ပွဲအတွက် သူလို့ဟို စုဝေးရန် ထွက်သွားလိမ့်မယ်။ သူလို့ရဲ့ အရေအတွက်ဟ ပင်လယ် သဲပွင့်များနဲ့အမျှ ဆိကြအယ်။


“ဝိညာဉ်တော်ဟ အသင်းတော်များအား မိန့်သောအရာဟို နားဆိသောသူဟ ကြားပါစေ။


“ဝိညာဉ်တော်ဟ အသင်းတော်များအား မိန့်သောအရာဟို နားဆိသောသူဟ ကြားပါစေ” ဟု မိန့်အယ်။


“ဝိညာဉ်တော်ဟ အသင်းတော်များအား မိန့်သောအရာဟို နားဆိသောသူဟ ကြားပါစေ။


အဲဘေးဒဏ်များဖြင့် မသေဘဲ ကျန်ခဲ့သော သူလို့ဟ နတ်ဆိုးများဟို လည်းကောင်း၊ ဆွေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သားလို့ဖြင့် ပြုလုပ်ထားလဲ့ မမျော်နိန်၊ မကြားနိန်၊ လမ်းမဆှောက်နိန်လဲ့ ရုပ်တုများဟို လည်းကောင်း၊ မကိုးကွယ်ဘဲ နေရန် မိမိလို့လက်ဖြင့် ပြုလုပ်သောအရာများအတွက် နောင်တမရကြ။


Lean sinn:

Sanasan


Sanasan