4 သူဟ မိမိရဲ့ အိုင်ထောင်ဟို ကောင်းစွာ အုပ်ထိန်းနိန်လျက် လူပဲ့သူငယ်များရဲ့ နာခံလေးစားမှုဟို ရဆိသူ ဖြစ်ရမယ်။
သူနဲ့တကွ သူရဲ့ အိုင်သူအိုင်သား အားလုံးလို့ဟ ဘုရားတရား ကြည်ညိုယွေ့ ဘုရားသခင်ဟို ကိုးကွယ်သူများ ဖြစ်အယ်။ သူဟ ဆင်းရဲသော ယုဒအမျိုးသားလို့အား ရက်ရောစွာ လှူဒါန်းပင်း ဘုရားသခင်ဆေ အချိန်မန်မန် ဆုတောင်းလေ့ ဆိအယ်။
အားပင်း အသင်းတော်ဟ ခရစ်တော်ဟို နာခံသလိုမျိုး ပေါင်အိုမလို့ဟလည်း အရာရာနှိုက် ဖိုးအိုဟို နာခံကြရမယ်။
နောက်ဆုံးအနေဖြင့် ညီအကို မောင်နှမလို့၊ မန်ကန်သောအရာ၊ မွန်မြတ်သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာနဲ့ အသရေဆိသောအရာ တည်းဟူသော ကောင်းမြတ်သောအရာနဲ့ ချီးမွန်းဖွယ်သောအရာလို့ဖြင့် စိတ်နေလုံးဟို ပြေ့စေကြလော့။
သင်းထောက်လို့ဟ ပေါင်အိုမတယောက်သာ ဆိရမယ်၊ သူဟ မိမိရဲ့ အိုင်ထောင်နဲ့ လူပဲ့ငယ်များဟို ကောင်းစွာ စီမံအုပ်ထိန်းနိန်သူ ဖြစ်ရမယ်။
အသင်းတော် ခေါင်းဆောင် တယောက်ဟ အပစ်တင်စရာ မဆိသောသူ၊ ပေါင်အိုမ တယောက်တည်း ဆိသောသူ ဖြစ်ရမယ်။ သူရဲ့ လူပဲ့သငယ်များဟလည်း ယုံကြည်သူများ ဖြစ်ရမယ်ဖြစ်ပင်း အပျော်ကြူးခြင်းကျောန့် စွပ်စွဲခံရသူများ၊ နားထောင်မှု မဆိသောသူများ မဖြစ်ရ။
အသက်ကြီးသော ယောက်ျားလို့အား သမ္မာသတိဆိရန်၊ တည်ကြည်လေးနက်ရန်၊ ဣန္ဒြေစောင့်ကြရန်နဲ့ ယုံကြည်ခြင်း၊ ချစ်ခြင်းနဲ့ သည်းခံခြင်းလို့နှိုက် မန်ကန်ပြေ့စုံမှုဆိစေရန် သွန်သင်လော့။
အရာရာနှိုက် ကောင်းသော လုပ်ဆောင်မှုရဲ့ ပုံစံနမူနာဟို နင်တတ်တိုင်းပြလော့။ သွန်သင်ရာတွင် သမာဓိနဲ့ တည်ကြည်လေးနက်ခြင်း ဆိလျက်၊