5 အကျောန်းမှာ ဘုရားသခင် တပါးတည်းဆိယွေ့ ဘုရားသခင်နဲ့ လူလို့စပ်ကြားတွင် ကြားဝင်စေ့စပ်သူလည်း တပါးတည်း ဆိအယ်၊ အဲသူဟ လူဖြစ်သော ခရစ်တော် ယေရှု ဖြစ်အယ်၊
အာဗြဟံရဲ့အမျိုးနဲ့ ဒါဝိဒ်ရဲ့ အမျိုးမှ ဆင်းသက်သော ယေရှုခရစ်ရဲ့ ဆွေစဉ်မျိုးဆက်များ စာရင်းမှာ ဟေလို့ ဖြစ်အယ်။
ဗျာဒိတ်တော်မှာ “အပျိုကညာဟ လူပဲ့စွဲယူယွေ့ အောင်နီငယ်ဟို ဖွားမျော် လိမ့်မယ်။ အဲအောင်နီငယ်ဟို ဧမာနွေလ နာမယ်ပေးရမယ်” (အေးအဓိပ္ပာယ်ဟ “ဘုရားသခင်ဟ ငါလို့နဲ့အတူ ဆိအယ်”) ဟု ဖြစ်အယ်။
ခဏကြာပင်း အစေခံဟ ပြန်ရောက်လာယွေ့ ‘ဆရာ ခိုင်းလဲ့အတိုင်း ဆောင်ရွက်ပီးပါပီ၊ အဲလိုလဲ နေရာလပ်များ ဆိပါသေးအယ်’ ဟု ပြောအယ်။
နှုတ်ကပတ်တော်ဟ လူသားအဖြစ် ခံယူယွေ့ ကျေးဇူးတော်နဲ့ သမ္မာတရားဟို ပြေ့စုံလျက် ငါလို့ထဲတွင် ကျိန်းဝပ်အယ်။ ငါလို့ဟ ကိုယ်တော်ရဲ့ ဘုန်းအသရေဟို မျော်ကြရအယ်၊ အဲဘုန်းအသရေဟ ခမည်းတော်ရဲ့ တပါးတည်းသော သားတော်အဖြစ် ခံယူရဆိလဲ့ ဘုန်းအသရေ ဖြစ်အယ်။
ထာဝရအသက်ဟူသည် မန်သော ဘုရားသခင် တဆူတည်းဖြစ်သော ကိုယ်တော်နဲ့ စေလွှတ်သော ယေရှု ခရစ်တော်ဟို လည်းကောင်း သိကျွမ်းခြင်း ဖြစ်အယ်။
ကယ်တင်ခြင်းဟ အခြားစသူမှာမှ မဆိ၊ အကျောန်းမှာ အေးနာမမှတပါး ငါလို့အား ကယ်တင်မဲ့ အခြားသော နာမဟို ခေါန်းခင်အောက် လူလို့နှိုက် ပေးအပ်ထားခြင်း မဆိ” ဟု သူလို့အား ဆိုအယ်။
အေးအကျောန်းအရာဟ သူရဲ့ သားတော် ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်အကျောန်း ဖြစ်အယ်။ အဲသူဟ လူ့ဇာတိအားဖြင့် ဒါဝိဒ်အမျိုးနွယ်မှ မွေးဖွားအယ်။
ယုဒလူမျိုး၊ လူမျိုးခြားဟူယွေ့ ခွဲခြားထားခြင်း မဆိသဖြင့် လူတိုင်းအားလုံး ပါဝင်အယ်။ ဘုရားသခင်ဟ လူအားလုံးလို့ရဲ့ အဆှင်တပါးတည်း ဖြစ်ယွေ့ ကိုယ်တော်အား ခေါ်သောသူလို့အား ကြွယ်ဝစွာ ကောင်းချီးပေးအယ်။
အဲကျောန့် ရုပ်တုဟို ပူဇော်လဲ့ အစားအစာနဲ့ ပတ်သက်ယွေ့ ပြောရသော် ရုပ်တုဟ သက်ဆှင်လှုပ်ဆှားမှု မဆိကျောန်း၊ တဆူတည်းသော ဘုရားသခင်မှ တပါး အခြားသောဘုရား မဆိကျောန်း ငါလို့ သိကြအယ်။
ငါလို့အဖို့ ဘုရားသခင်၊ ခမည်းတော် တပါးတည်းသာ ဆိအယ်။ ကိုယ်တော်ဟ ခပ်သိမ်းသောအရာလို့ဟို ဖန်ဆင်းအယ်။ ကိုယ်တော်အဖို့ ငါလို့ အသက်ဆှင်ကြအယ်။ ငါလို့မှာ သခင်ဘုရား တပါးတည်း ဆိအယ်။ အဲသူဟ ယေရှု ခရစ်တော် ဖြစ်အယ်။ အဲသူအားဖြင့် ခပ်သိမ်းသောအရာလို့ဟ ဖန်ဆင်းခြင်းဟို ခံရကြပင်း သူ့အားဖြင့် ငါလို့ဟ အသက်ဆှင်ကြအယ်။
အဲလိုလဲ ကြားဝင်စေ့စပ်သူဟ တဖက်နဲ့သာ ဆိုင်တာမဟုတ်။ ဘုရားသခင်ဟ တပါးတည်း ဖြစ်အယ်။
အရာခပ်သိမ်းလို့အပေါ်နှိုက် လည်းကောင်း၊ အရာခပ်သိမ်းလို့နှိုက် ပျံ့နှံ့လျက် လည်းကောင်း၊ အရာခပ်သိမ်းလို့အထဲနှိုက် ဆိယွေ့၊ အရာခပ်သိမ်းလို့ရဲ့ အဖဖြစ်သော ဘုရားသခင်ဟ တပါးတည်းဆိအယ်။
ခပ်သိမ်းသောအရာလို့အား အသက်ဟို ပေးသော ဘုရားသခင်ရဲ့ဆေ့နှိုက် လည်းကောင်း၊ ပုန္တိပိလတ်ဆေ့တွင် သက်သေခံသောအခါ ကောင်းသောဝန်ခံချက်ဟို ပေးသော ခရစ်တော် ယေရှုရဲ့ ဆေ့နှိုက်လည်းကောင်း နင့်အား ပညတ်တာဟ
ပဋိညာဉ်သစ်ရဲ့ ကြားဝင်စေ့စပ်သူ ယေရှုဆေဟို လည်းကောင်း၊ အာဗေလရဲ့ သွေးထက် သာယွေ့ မြတ်သောအရာဟို မြွတ်ဆိုလဲ့ ပက်ဖျန်းသော အသွေးဆေဟို လည်းကောင်း ချဉ်းကပ်ကြအယ်။
အဲကျောန့် ကိုယ်တော်ဟ မိမိအားဖြင့် ဘုရားသခင်ဆေဟို ချဉ်းကပ်သောသူလို့ဟို အပြေ့အဝ ကယ်တင်နိန်အယ်၊ ပစာကို့ ကိုယ်တော်ဟ သူလို့အတွက် အသနားခံပေးရန် အစဉ်အမြဲ အသက်ဆှင်လျက် ဆိအယ်။
အားပေမဲ့ ဘုရားနဲ့ လူအကြားတွင် ယေရှု စီစဉ်ပေးအပ်လဲ့ ပဋိညာဉ်တရားဟ ပိုယွေ့ မြတ်သော ကတိတော်များအပေါ်တွင် အခြေခံသဖြင့် ပဋိညာဉ်တရားဟောင်းထက် ပိုမိုမြတ်သလို ယေရှု ထမ်းဆောင်ရလဲ့ ယဇ်ပုရောဟိတ် တာဝန်ဟလည်း အဲယဇ်ပုရောဟိတ်လို့ရဲ့ တာဝန်များထက် ရမ်းဆာ့ ကြီးမြတ်အယ်။
အဲကျောန့် ခရစ်တော်ဟ ပဋိညာဉ်သစ်ရဲ့ ကြားဝင်စေ့စပ်သူ ဖြစ်အယ်၊ ဟေဟာဟ ပထမ ပဋိညာဉ် လက်အောက်နှိုက် ဖောက်ဖျက်ကျူးလွန်သော အပစ်များမှ လူလို့ဟို ရွေးနုတ်ရန် ကိုယ်တော်ဟ အသေခံခြင်းအားဖြင့် ခေါ်ယူသောသူလို့ဟ ထာဝရ အမွေနဲ့ဆိုင်သော ကတိတော်ဟို ရဆိမဲ့ အကျောန်းဖြစ်အယ်။
ငါ ချစ်သော လူပဲ့သငယ်လို့၊ နင်လို့ဟ အပစ်မပြုကြစေရန် ဟေအရာများဟို နင်လို့ဆေ ငါ ရေးလိုက်အယ်။ အားပေမဲ့ တစုံတယောက်ဟ အပစ်ပြုမိခဲ့ရင် ခမည်းတော်ဆေနှိုက် ကူညီဖြေဆှင်းပေးသူ တည်းဟူသော ဖြောင့်မတ်လဲ့သူ ယေရှု ခရစ်တော်ဟ ငါလို့အတွက် ဆိအယ်။
အဲဆွေမီးခုံများ အလယ်နှိုက် ခြေဖျားတိုင်အောန် ရောက်သော ဝတ်ရုံဟို ဝတ်ဆင်လျက် ရင်ဘတ်နှိုက် ဆွေရင်စည်းဟို စဲထားလဲ့ လူသားနဲ့တူသော သူတဦးဟို ငါ မျော်ရအယ်။