4 လူအားလုံး ကယ်တင်ခြင်းရလျက် သမ္မာတရားဟို သိဆိခြင်းသို့ ရောက်စေရန် ဘုရားသခင် အလိုဆိအယ်။
အဲလိုမို့ နင်လို့ဟ သွားယွေ့ လူမျိုးတကာလို့ဟို ငါ့တဘဲ့ ဖြစ်စေကြလော့။ သူလို့အား ခမည်းတော်၊ သားတော်၊ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ နာမဟို အမှီပြုယွေ့ နှစ်ခြင်းမင်္ဂလာဟို ပေးကြလော့။
ကိုယ်တော်ဟ “ကမ္ဘာတဝှမ်းလုံးသို့ သွားယွေ့ လူသတ္တဝါအပေါင်းလို့အား ဧဝံဂေလိတရားဟို ဟောကြလော့။
ကိုယ်တော်ရဲ့ လူစုအား အပစ်ဖြေလွှတ်ယွေ့၊ ကယ်တင်မဲ့အကျောန်း ဟောကြားလိမ့်မယ်။
သခင်ဟ သူ့အစေခံအား ‘လမ်းမများနဲ့ ကျေးလက် တောရွာများသို့ သွားယွေ့ ငါ့နေအိုင် ပြေ့အောန် လူများဟို မရမက ခေါ်သွင်းခဲ့လိုက်။
နာမတော်ဟို အမှီပြုယွေ့ နောင်တရခြင်းတရားနဲ့ အပစ်ဖြေလွှတ်ခြင်း တရားဟို ယေရုရှလင်မြို့မှ အစပြုယွေ့ လူမျိုးအပေါင်းလို့ဟို ဟောပြောရမယ်။
ယေရှုဟ “ငါဟ လမ်းခရီး၊ သမ္မာတရားနဲ့ အသက် ဖြစ်အယ်။ ငါ့ဟို အမှီမပြုရင် စသူမှ ခမည်းတော်ဆေဟို မရောက်နိန်။
သမ္မာတရားအားဖြင့် သူလို့ဟို သန့်ဆှင်းစေမန့်၊ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်ဟ သမ္မာတရား ဖြစ်အယ်။
ငါ့အား ခမည်းတော် ပေးသောသူအပေါင်းလို့ဟ ငါ့ဆေဟို လာကြလိမ့်မယ်။ ငါ့ဆေ လာသောသူဟို ငါဟ ပစာအခါမျှ ပစ်ပယ်လိမ့်မယ် မဟုတ်၊
တနည်းအားဖြင့် ငါဟ မိမိရဲ့ လူမျိုးအား မနာလိုစိတ်ဟို ဆိစေခြင်းအားဖြင့် အေးအထဲမှ တချို့လို့ဟ ကယ်တင်ခြင်းဟို ရကောင်းရလိမ့်မယ်။
အဲကျောန့် ငါလို့ဟ အဲအကျိုးအတွက် ရုန်းကန်ယွေ့ ကြိုးစားကြအယ်၊ ပစာကို့ လူအပေါင်းလို့ရဲ့ ကယ်တင်ဆှင်၊ အထူးသဖြင့် ယုံကြည်သူလို့ရဲ့ ကယ်တင်ဆှင်ဖြစ်သော အသက်ဆှင်လဲ့ ဘုရားသခင်ဟို ငါလို့ မျော်လင့် အားထားကြသောကျောန့် ဖြစ်အယ်။
မိမိအား ဆန့်ကျင်ဘက်ပြုသောသူလို့ဟို နူးညံ့သိမ်မွေ့စွာ ဆုံးမတတ်သူ ဖြစ်ရမယ်၊ သူလို့ဟ နောင်တရယွေ့ သမ္မာတရားအား သိဆိလာနိန်ခွင့်ဟို ဘုရားသခင်ဟ သူလို့အား ပေးကောင်းပေးလိမ့်မယ်။
အဲမိန်းမလို့ဟ အမြဲသင်ယူနေကြသော်လည်း စလိုအခါမျှ သမ္မာတရားဟို မသိနိန်ကြ။
ဘုရားသခင်ရဲ့ အစေခံနဲ့ ယေရှု ခရစ်တော်ရဲ့ တမန်တော်ဖြစ်သော ငါပေါလုဟ စာရေးလိုက်ပါအယ်။ ငါဟ ဘုရားသခင် ရွေးကောက်သော သူလို့ရဲ့ ယုံကြည်ခြင်းအတွက် လည်းကောင်း၊ သူလို့အား စလို ဘုရားဝတ်နှိုက် မွေ့လျော်ပင်း အသက်ဆှင် နေထိန်ရန်နဲ့ သမ္မာတရားဟို သိဆိဖို့ သွန်သင်ရန်အတွက် လည်းကောင်း ငါ့ဟို စေလွှတ်ခဲ့အယ်။
အကျောန်းမှာ လူအပေါင်းလို့ဟို ကယ်တင်သော ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟ ပေါ်ထွန်းပင်း၊
အကျောန်းမှာ ငါလို့ဟ သမ္မာတရားနဲ့ဆိုင်လဲ့ စစ်မန်သော အသိပညာဟို ရဆိပင်း တမင်တကာ ဆက်ယွေ့ အပစ်ပြုရင် အပစ်ဖြေရာယဇ် မဆိတော့ဘဲ
အားပေမဲ့ နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် ခါးသီးသော မနာလိုခြင်းနဲ့ တကိုယ်ကောင်းဆန်ခြင်းများ ဆိရင် သမ္မာတရားဟို ဆန့်ကျင်ယွေ့ ဝါကြွားခြင်း၊ လိမ်ညာခြင်းလို့ဟို မပြုကြနဲ့။
နှောင့်နှေးတာဟု အချို့လို့ဟ မှတ်ယူသလိုမျိုး ထာဝရဘုရားဟ ကတိတော်ဟို နှောင့်နှေးစေတာ မဟုတ်။ စသူမျှ မပျက်စီးဘဲ လူတိုင်း နောင်တရစေရန် အလိုတော် ဆိယွေ့ နင်လို့အပေါ် စိတ်ဆှည်သည်းခံလျက် နေခြင်းသာ ဖြစ်အယ်။
အသက်ကြီးသူဖြစ်သော ငါဟ — သမ္မာတရားနှိုက် ငါချစ်လဲ့ ရွေးကောက်ခံရသော ဂုဏ်အသရေဆိ အမျိုးသမီးနဲ့ သူရဲ့ လူပဲ့သငယ်များဆေဟို စာရေးလိုက်ပါအယ်၊ နင်လို့ဟို ငါတဦးတည်းသာ ချစ်တာ မဟုတ်၊
အဲပင်းရင် အခြားသော ခေါန်းခင်တမန် တပါးဟ ခေါန်းခင်အလယ်နှိုက် ပျံသန်းနေတာဟို ငါ မျော်အယ်။ သူဟ မြေကြီးပေါ်တွင် နေထိန်ကြသူများ တည်းဟူသော တိုင်းနိုင်ငံ၊ လူမျိုးနွယ်စု၊ ဘာသာစကား အမျိုးမျိုးပြောဆိုသော လူမျိုးအသီးသီးလို့အား ဟောပြောရန် ထာဝရတည်လဲ့ သတင်းကောင်းဟို ယူဆောင်လာအယ်။