3 အဲလိုပြုခြင်းဟ ကောင်းမြတ်ယွေ့ ငါလို့ရဲ့ ကယ်တင်ဆှင် ဘုရားသခင်ဆေ့နှိုက် နှစ်သက်လက်ခံဖွယ် ဖြစ်အယ်။
ငါ့ဟို ကယ်တင်သောအဆှင် ဘုရားသခင်ဟို အမှီပြုယွေ့ ငါ့စိတ်ဝိညာဉ်ဟ ရွှင်လန်းပါအယ်။
အဲလိုမို့ အေးနည်းအားဖြင့် ခရစ်တော်ရဲ့ အစေဟို ခံသောသူအား ဘုရားသခင် နှစ်သက်ပင်း လူလို့တွင်လည်း အသိအမှတ်ပြုကြအယ်။
ယေရှု ခရစ်တော်အားဖြင့် ဖြောင့်မတ်ခြင်း အသီးအပွင့်နဲ့ ပြေ့စုံယွေ့ ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ဆှားခြင်းနဲ့ ဂုဏ်တော်ချီးမွန်းခြင်း အဖြစ်သို့ ရောက်မဲ့အကျောန်း ငါ ဆုတောင်းအယ်။
ငါဟ အရာအားလုံးဟို ရဆိယွေ့ ကြွယ်ဝလျက် ဆိအယ်။ နင်လို့ ပေးပို့လဲ့အရာများဟို ဧပဖြောဒိတ်ဆေမှ ငါ လက်ခံရဆိယွေ့ ပြေ့စုံလျက် ဆိပီ။ အဲအရာလို့ဟ မွှေးကြိုင်လဲ့ရနံ့၊ ဘုရားသခင် နှစ်သက်သော လက်ခံဖွယ်ရာယဇ် ဖြစ်ကြအယ်။
အဲမှသာ အစဉ်အမြဲ သခင်ဘုရား နှစ်သက်စေရန် လည်းကောင်း၊ ကိုယ်တော်ရဲ့ ဘုန်းအသရေ ထွန်းတောက်စေရန် လည်းကောင်း နင်လို့ ပြုမူ ကျင့်ကြံနိန်ကြလိမ့်မယ်။ ဟေသို့ အသက်ဆှင်ခြင်းအားဖြင့် ကောင်းမြတ်လဲ့ အကျင့်အမျိုးမျိုးဟူသော အသီးအပွင့်များဟို ဖြစ်ထွန်းကြလိမ့်မယ်။ ဘုရားသခင်ဟိုလည်း တိုးယွေ့ သိကျွမ်းကြလိမ့်မယ်။
နောက်ဆုံးအနေနဲ့ ညီအကိုလို့၊ နင်လို့ဟ ဘုရားသခင် နှစ်သက်စေရန် နင်စလိုနေထိန်ရမယ်ဟို ငါလို့ဆေမှ သင်ယူခဲ့အယ်။ အေးစာဟ သေချာပင်း နင်နေထိန်ခဲ့တဲ့ နည်းလမ်း ဖြစ်အယ်။ အားပင်း အခုလည်း သခင် ယေရှုရဲ့ နာမတော်နှိုက် နင်လို့အား ငါလို့ တောင်းပန် တိုက်တွန်းနှိုးဆော်အယ်။
ငါလို့ရဲ့ ကယ်တင်ဆှင် ဘုရားသခင်နဲ့ ငါလို့ရဲ့ မျော်လင့်ရာဖြစ်သော ခရစ်တော် ယေရှုရဲ့ အမိန့်အတိုင်း ခရစ်တော် ယေရှုရဲ့ တမန်တော်ဖြစ်သော ငါပေါလုဟ —
အဲကျောန့် ငါလို့ဟ အဲအကျိုးအတွက် ရုန်းကန်ယွေ့ ကြိုးစားကြအယ်၊ ပစာကို့ လူအပေါင်းလို့ရဲ့ ကယ်တင်ဆှင်၊ အထူးသဖြင့် ယုံကြည်သူလို့ရဲ့ ကယ်တင်ဆှင်ဖြစ်သော အသက်ဆှင်လဲ့ ဘုရားသခင်ဟို ငါလို့ မျော်လင့် အားထားကြသောကျောန့် ဖြစ်အယ်။
အားပေမဲ့ တစုံတယောက်သော မုဆိုးမတွင် လူပဲ့သူငယ်၊ မြေးများဆိရင် အဲသားမြေးလို့ဟ ဘာသာရေးတာဝန် တည်းဟူသော မိမိလို့ အိုင်သူအိုင်သားဟို ပြုစုခြင်းနဲ့ မိဘဘိုးဘွားလို့အား ကျေးဇူးပြန်ဆပ်ခြင်းလို့ဟို ဦးရင် သင်ယူကြလော့၊ ပစာကို့ ဟေသို့ပြုခြင်းဟ ဘုရားသခင်ဆေ့နှိုက် နှစ်သက်ဖွယ် ဖြစ်အယ်။
ဘုရားသခင်ဟ ငါလို့ဟို ကယ်တင်ယွေ့ သန့်ဆှင်းသော ခေါ်ယူခြင်းဖြင့် ငါလို့ဟို ခေါ်ယူတာဟ ငါလို့ပြုသောအမှုများကျောန့် မဟုတ်ဘဲ ကိုယ်တော်ရဲ့ အကြံအစည်ကျောန့် ဖြစ်ပင်း ဆေ့ကာလများ မတိုင်မီဟပင် ခရစ်တော် ယေရှုအားဖြင့် ငါလို့အား ပေးသော ကျေးဇူးတော်ကျောန့် ဖြစ်အယ်၊
ကောင်းသောအမှုဟို ပြုခြင်းနဲ့ ဝေမျှခြင်းလို့ဟိုလည်း မမေ့လျော့ကြနဲ့၊ အကျောန်းမှာ အဲလိုယဇ်မျိုးဟို ဘုရားသခင် နှစ်သက်အယ်။
နင်လို့ဟ အပစ်လုပ်ယွေ့ ဖိုင်ခြင်းဟို သည်းခံရင် စလိုချီးမွန်းစရာ ဆိမလုန်း။ အဲလိုလဲ ကောင်းသောအမှုဟို လုပ်ယွေ့ ဆင်းရဲဒုက္ခခံစားရတာဟို သည်းခံရင် ဘုရားသခင် ဆေ့နှိုက် ဂုဏ်ယူဖွယ် ဖြစ်အယ်။
နင်လို့တတ်တိုင်းလည်း အသက်ဆှင်သော ကျောက်လိုမျိုး ဝိညာဉ်ရေးဆိုင်ရာ အိုင်အဖြစ် တည်ဆောက်ခြင်းဟို ခံကြလော့။ ဟေဟာဟ နင်လို့သည် သန့်ဆှင်းသော ယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင် နှစ်သက်လက်ခံသော ဝိညာဉ်ရေးဆိုင်ရာ ယဇ်များဟို ယေရှု ခရစ်တော်အားဖြင့် ပူဇော်နိန်ရန် ဖြစ်အယ်။