10 သူလို့ဟ ဘုရားဝတ်နှိုက် မွေ့လျော်သူများ ပြုသင့်လဲ့အတိုင်း ကောင်းမြတ်သော အကျင့်များဖြင့် မိမိတတ်တိုင်း တန်ဆာဆင်ကြရအယ်။
ယုပ္ပေမြို့တွင် ဒေါ်ကာဟု အဓိပ္ပာယ်ရသော တဗိသ နာမယ်ဆိသော တဘဲ့တော်မ တယောက် ဆိအယ်။ သူမရဲ့ နာမယ်မှာ ဟေလသစကားအရ “ဒရယ်” ဟု အနက်ရလေအယ်။ သူဟ ဆင်းရဲသောသူအား ကောင်းမှုနဲ့ စွန့်ကြဲပေးကမ်းမှုဟို အမြဲပြုတတ်အယ်။
အဲလိုမို့ ပေတရုဟ ထယွေ့ အဲသူလို့နဲ့အတူ လိုက်သွားလေအယ်။ သူ ရောက်သောအခါ၊ သူလို့ဟ သူ့အား အပေါ်ထပ်အခန်းသို့ ခေါ်သွားကြအယ်။ မုဆိုးမအားလုံးလို့ဟ ပေတရုရဲ့ အနီးတွင် ဝိုင်းအုံကာ ငိုကလျက် ဒေါ်ကာ သူလို့နဲ့အတူ ဆိစဉ်အခါဟ ချုပ်လုပ်ထားခဲ့သော အင်္ကျီနဲ့ ဝတ်လုံများဟို ပြကြအယ်။
ငါလို့ဟို ကောင်းသောအမှုများဟို ပြုရန် ခရစ်တော် ယေရှုနှိုက် ဖန်ဆင်းခြင်းခံရသော ဘုရားသခင်ရဲ့ လက်ရာတော် ဖြစ်ကြအယ်။ အေးကောင်းသောအရာများနှိုက် ငါလို့ အသက်ဆှင် ဆှောက်လှမ်းကြရန် ဘုရားသခင်ဟ အေးအမှုများဟို ကြိုတင်ပြင်ဆင်ထားအယ်။
အမျိုးသမီးလို့ဟ အရာရာနှိုက် နာခံခြင်း ဆိယွေ့ တိတ်ဆိတ်စွာ သင်ယူမန့်။
အမျိုးသမီးလို့အားလည်း လျောက်ပတ်တင့်တယ်စွာ ဝတ်စားဆင်ယင်ကြစေလိုအယ်၊ ဆံပင်ဟို အလှထုံးခြင်း၊ ဆွေ၊ ပုလဲ အဲဟာမဟုတ်ရင် အဖိုးထိုက်လဲ့ အဝတ်တန်ဆာများဟို ဝတ်ဆင်ခြင်းလို့ဟို မပြုသင့်ကြ။
ခရစ်တော်ဟ ငါလို့ဟို ခပ်သိမ်းသော တရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နဲ့ ကောင်းသောအမှုနှိုက် စိတ်အားထက်သန်လဲ့ မိမိပိုင်သော လူမျိုးဟို မိမိအတွက် သန့်ဆှင်းစေရန် ငါလို့အတွက် မိမိကိုယ်ကို စွန့်အယ်။
ဟေစကားဟ သစ္စာစကားဖြစ်အယ်။ ဘုရားသခင်ဟို ယုံကြည်သောသူလို့ဟ ကောင်းသောအမှုလို့ဟို ပါဝင်လုပ်ဆောင်ရန် အမြဲ ဂရုစိုက်ကြမဲ့အကျောန်း ငါဟ နင့်ဟို ဟေအရာများအတွက် အခိုင်အမာရပ်တည်စေလိုအယ်။ ဟေအရာများဟ ကောင်းမြတ်ယွေ့ လူလို့အတွက် အကျိုးဆိအယ်။
ဘုရားဟို မသိသော သူလို့အလယ်တွင် ကောင်းစွာ အသက်ဆှင် နေထိန်ကြလော့။ အေးလို့လုပ်ရင် သူလို့ဟ နင်လို့ဟို မကောင်းမှုပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုပေမဲ့လည်း နင်လို့ရဲ့ ကောင်းသောအမှုဟို မျော်ယွေ့ ဘုရားသခင် ကြွလာသော နေ့ရက်နှိုက် ဘုန်းတော်ဟို ချီးမွန်းကြလိမ့်မယ်။
အေးအရာအားလုံးလို့ဟ အေးလို့ ပျက်သုဉ်းသွားမယ် ဖြစ်သောကျောန့် နင်လို့ဟ စလိုသောသူများ ဖြစ်သင့်လုန်း။ နင်လို့ဟ သန့်ဆှင်းစွာ အသက်ဆှင်နေထိန်လျက် ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းအားဖြင့်၊
ငါဟ နင်ပြုသောအမှုဟို သိအယ်။ နင်ရဲ့ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ အမှုတော်ဆောင်ရွက်ခြင်းနဲ့ သည်းခံခြင်းလို့ဟို ငါ သိအယ်။ နင်ရဲ့ နောက်ပိုင်းလုပ်ဆောင်မှုများဟ ဦးရင် လုပ်ဆောင်မှုများထက် သာလွန်ကျောန်းဟိုလည်း ငါ သိအယ်။