3 မာကေဒေါနိပြေဟို သွားစဉ်ဟ နင့်ဟို ငါတိုက်တွန်းနှိုးဆော်ခဲ့လဲ့အတိုင်း နင်ဟ ဧဖက်မြို့နှိုက် ဆက်လက်နေထိန်ယွေ့ လူအချို့လို့အား ခြားနားသော ဩဝါဒဟို မသွန်သင်ကြရန် လည်းကောင်း၊
သူလို့ဟ ဧဖက်မြို့ဟို ရောက်သောအခါ ပေါလုဟ ပြစ်ကိလနဲ့ အာကုလလို့ဟို မြို့ထဲတွင် ချန်ခဲ့အယ်။ သူဟ တရားဇရပ်ဟို ဝင်ပင်း ယုဒလူများနဲ့ ဆွေးနွေးကြအယ်။
အဲလိုလဲ “ဘုရားသခင် အလိုတော်ဆိရင် ငါ ပြန်လာခဲ့မယ်” ဟု သူလို့ဟို ပြောပင်း ထွက်သွားတယ်။ အဲပင်းရင် ဧဖက်မြို့မှ သင်္ဘောနဲ့ ရွက်လွင့်သွားလေအယ်။
အကျောန်းမှာ မာကေဒေါနိပြေနဲ့ အခါယပြေဆိ အသင်းတော်လို့ဟ ယေရုရှလင်မြို့ဆိ သန့်ဆှင်းသူများထဲမှ ဆင်းရဲသောသူလို့ဟို ပေးလှူထောက်ပံ့ရန် ဆုံးဖြတ်ကြအယ်။
ငါ့ ညီအကို မောင်နှမလို့ နင်လို့ ခံယူရပင်းသော ဆုံးမဩဝါဒများဟို ဆန့်ကျင်လျက် လူလို့အား ကွဲပြားစေခြင်း၊ လူလို့ရဲ့ ယုံကြည်ချက်ဟို စိတ်ပျက်စေသောသူလို့အား သတိပြုလျက် ဆှောင်ဆှားကြလော့ဟု နင်လို့ဟို တိုက်တွန်း နှိုးဆော်ပါအယ်။
အကျောန်းမှာ တစုံတယောက်သောသူဟ လာယွေ့ ငါလို့ မဟောပြောခဲ့လဲ့ အခြားသော ယေရှုအကျောန်းဟို ဟောပြောရင် ဖြစ်စေ အဲဟာမဟုတ်ရင် နင်လို့ မရဆိဝူးသော အခြားသော ဝိညာဉ်ဟို နင်လို့ ရဆိရင် ဖြစ်စေ အဲဟာမဟုတ်ရင် နင်လို့ မခံယူခဲ့သော သတင်းကောင်းဟို နင်လို့ ခံယူရင်ဖြစ်စေ နင်လို့ဟ လွယ်လွယ်နဲ့ လက်ခံနေကြအယ်။
အေးလို့ဖြင့် ငါလို့ဟ လူလို့ရဲ့ ကောက်ကျစ်စဉ်းလဲမှုနဲ့ ပရိယာယ်ဖြင့် လှည့်စားတတ်လဲ့ လျှို့ဝှက်အကြံအစည်လို့ကျောန့် ဖြစ်ပေါ်လာလဲ့ ဩဝါဒလှိုင်းအမျိုးမျိုးနှိုက် လွင့်ပါယွေ့ လူးလွန့်နေသော လူပဲ့သငယ်များလိုမျိုး ဖြစ်ကြတော့မှာ မဟုတ်။
ငါတတ်တိုင်းလည်း နင်လို့ဆေဟို မကြာမီ ရောက်လာနိန်မယ်ဟု သခင်ဘုရားနှိုက် ငါ ယုံကြည်စိတ်ချအယ်။
ဟေအရာလို့ဟို ညွှန်ကြားလျက် သွန်သင်လော့။
ဟေအကျောန်းအရာများဟို ညီအကိုလို့အား ညွှန်ပြရင် နင်ဟ ယုံကြည်ခြင်းနဲ့ဆိုင်သော တရားစကားနဲ့ နင်လိုက်ဆှောက်လဲ့ ကောင်းသော သွန်သင်ချက်ရဲ့ တရားစကားလို့ဖြင့် ပြုစုပျိုးထောင်ခြင်းဟို ခံရလျက် ခရစ်တော် ယေရှုရဲ့ ကောင်းသော အစေခံ ဖြစ်လိမ့်မယ်။
အဲကျောန့် စသူမျှ အပစ်တင်စရာ မဆိစေရန် လူလို့အား ဟေအရာလို့ဟို ညွှန်ကြားလော့။
အကျောန်းမှာ ငွေဟို တပ်မက်ခြင်းဟ မကောင်းမှုအလုံးစုံလို့ရဲ့ အရင်းအမြစ် ဖြစ်အယ်။ လူအချို့လို့ဟ ငွေဟို ရမ်းဆာ့တပ်မက်သဖြင့် ယုံကြည်ခြင်းလမ်းမှ လွဲချော်သွားယွေ့ ရမ်းဆာ့သော ပူပန်ခြင်း ဝေဒနာဖြင့် မိမိတတ်တိုင်း ထိုးဖောက်နာကျင်စေကြပီ။
ဟေလောကနှိုက် ချမ်းသာသောသူလို့ဟ မာန်မာနကြီးခြင်း၊ မမြဲသော စည်းစိမ်များအပေါ်နှိုက် မျော်လင့်အားထားခြင်း မဆိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံလို့ဟို ငါလို့အား ပေးသော ဘုရားသခင်အပေါ်နှိုက် မျော်လင့်အားထားကြရမယ်။
တစုံတယောက်ဟ ခြားနားသော ဩဝါဒဟို သွန်သင်လျက် ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ မန်ကန်ပြေ့စုံသော တရားစကားနဲ့ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းနဲ့ညီသော ဩဝါဒလို့ဟို မလိုက်နာရင်
အဲနေ့ရက်နှိုက် သခင်ဘုရားဆေမှ ကရုဏာတော် ခံစားရသောအခွင့်ဟို သခင်ဘုရားဟ သူ့အား ပေးမန့်စေ၊ ဧဖက်မြို့နှိုက် ဆိစဉ်ဟလည်း သူဟ ငါ့ဟို စလောက် လုပ်ကျွေးပြုစုခဲ့တာဟို နင်ကောင်းစွာ သိအယ်။
အကျောန်းမှာ ယေရှု ခရစ်တော်ဟ လူသားအဖြစ်ဖြင့် ကြွလာတာဟို ဝန်မခံသောသူဖြစ်လဲ့ လှည့်စားသောသူများစွာလို့ဟ ဟေလောကနှိုက် ပေါ်လာကြပီ။ အဲသို့သောသူဟ လှည့်စားသောသူဖြစ်ပင်း ခရစ်တော်ရဲ့ ရန်သူလည်း ဖြစ်အယ်။
အဲလိုလဲ နင်လို့အထဲတွင် ဗာလမ်ရဲ့ အယူဝါဒဟို လိုက်ဆှောက်သူများ ဆိနေသဖြင့် နင့်အား အပစ်ဆိုစရာ ကတစ်ဆိအယ်။ ဣသရေလအမျိုးသားလို့ဟ ရုပ်တုပူဇော်စရာ အစားအစာများဟို စားကြစေရန် လည်းကောင်း၊ မတရားသောမေထုန်ဟို ပြုကြရန် လည်းကောင်း၊ သူလို့ဆေ့နှိုက် မားယွင်းစေသောအရာဟို ချထားမဲ့အကျောန်း ဗာလမ်ဟ ဗာလက်မင်းအား သင်ပေးအယ်။
အဲလိုလဲ နင့်အား ငါ အပစ်ဆိုစရာ ဆိအယ်။ အကျောန်းမှာ နင်ဟ မိမိတတ်တိုင်း ပရောဖက်မဟု ခေါ်သော အဲမိန်းမ ယေဇဗေလဟို ပြုလိုရာ ပြုခွင့်ပေးထားသဖြင့် သူဟ ငါရဲ့ အစေခံလို့အား မတရားသောမေထုန် ပြုကြရန်နဲ့ ရုပ်တုအား ပူဇော်ထားသောအရာများဟို စားကြရန် သွန်သင်လျက် သူလို့ဟို လှည့်စားနေအယ်။