17 ထာဝရ ဘုရင်၊ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ကင်းသော မမျော်ရလဲ့ တပါးတည်းသော ဘုရားသခင်နှိုက် ကမ္ဘာအဆက်ဆက် ဘုန်းတော်နဲ့ ဂုဏ်တော်ဆိမန့်စေ။ အာမင်။
အေးနောက် ဘုရင်ဟ လက်ယာဘက်တွင် ဆိသောသူလို့အား ‘ငါ့အဖဆေမှ ကောင်းချီးမင်္ဂလာဟို ခံရသူလို့ လောကဟို ဖန်ဆင်းချိန်မှစယွေ့ နင်လို့တွက် ပြင်ဆင်ထားလဲ့ နိုင်ငံတော်ဟို လာယွေ့ အမွေဆက်ခံကြလော့။
နင်လို့အား ငါပေးသမျှသော ပညတ်လို့ဟို စောင့်ထိန်းကြစေရန် သူလို့အား သွန်သင်ကြလော။ ငါဟ ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောန် နင်လို့နဲ့အတူ အစဉ်မပြတ် ဆိမယ်” ဟု မိန့်အယ်။
အပစ်သွေးဆောင်ရာဟို မလိုက်ပါစေဘဲ၊ အကောင်းလဲ့အမှုအရာမှလည်း ကယ်နုတ်မန့်။’ ဟု ဆုတောင်းကြလော့။
ဘုရားသခင်ဟို စသူမှ မမျော်ဖူးဝူး။ ဘုရားသခင်နဲ့ တူယွေ့ ခမည်းတော်ဘက်နှိုက် ဆိသော တပါးတည်းသော သားတော်ဟ ဘုရားသခင်ဟို သိစေအယ်။
နင်လို့ဟ အခြားသူတယောက်ရဲ့ ဘုန်းအသရေဟို လက်ခံလိုကြအယ်၊ အဲလိုလဲ တဆူတည်းဆိသော ဘုရားသခင်ရဲ့ ချီးမွမ်းဂုဏ်ပြုခြင်းဟို ခံရရန် မကြိုးစားကြ၊ အဲလိုမို့ နင်လို့ဟ ငါ့ဟို စလို ယုံကြည်နိန်ကြမှာတုန်း။
ဘုရားသခင်ဟ ဟေလောကဟို ဖန်ဆင်းချိန်မှစယွေ့ သူရဲ့ မမျော်ရလဲ့ ဂုဏ်အင်္ဂါများ တည်းဟူသော ထာဝရတန်ခိုးနဲ့ ဘုရားဖြစ်ခြင်းလို့ဟ ဖန်ဆင်းသော အရာများဟို ထောက်ရှုပင်း ဆှင်းလင်းစွာ မျော်ခဲ့ရအယ်။ အေးလိုမို့ လူတွေဟ ဆင်ခြေပေးစရာ လုံးဝ မဆိတော့ပေ။
သူလို့ဟ မသေနိန်သော ဘုရားသခင်ဟို ကိုးကွယ်ရမဲ့အစား သေတတ်သောလူ၊ ငက်များ၊ အကောင်များ၊ တွားတတ်သော သတ္တဝါများနဲ့ တူလဲ့ ရုပ်တုများဟို သူလို့ ဝတ်ပြုကိုးကွယ်ကြအယ်။
အကျောန်းမှာ အရာအားလုံးဟို ဖန်ဆင်းခဲ့သောသူဟ သူဖြစ်အယ်၊ အရာခပ်သိမ်းဟ သူအားဖြင့် တည်ဆိလာပင်း သူ့အတွက် ဖြစ်အယ်။ ဘုရားသခင်ရဲ့ ဘုန်းတော် အမြဲတမ်း ထင်ဆှားပါစေ၊ အာမင်။
ပညာနဲ့ ပြေ့စုံလဲ့ တဆူတည်းသော ဘုရားသခင်ဟ ယေရှု ခရစ်အားဖြင့် ထာဝရ ဘုန်းကြီးစေသတည်း။ အာမင်။
အဲလိုလဲ ဦးရင် ယုဒလူ၊ အေးနောက် လူမျိုးခြားလို့တွင် ကောင်းတာလုပ်သူလို့အား ဘုရားသခင်ဟ ဘုန်းတော်ဟို လည်းကောင်း၊ ဂုဏ်အသရေနဲ့ ငြိမ်သက်ခြင်းဟို လည်းကောင်း ပေးလိမ့်မယ်။
တချို့လူတွေဟ ဆက်ပင်း ကောင်းလဲ့အရာဟို လုပ်လျက် ဘုန်းအသရေနဲ့ ဂုဏ်ပြုခြင်းဟို လည်းကောင်း၊ သေခြင်းနဲ့လွတ်လဲ့ ဖဝါ့ဟို ဆှာသော သူလို့အား ဘုရားသခင်ဟ ထာဝရ အသက် ပေးလိမ့်မယ်။
ခရစ်တော်ဟ မျက်စေ့ဖြင့် မမျော်နိန်သော ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်တော် ဖြစ်အယ်။ ကိုယ်တော်ဟ ဖန်ဆင်းသော အရာအားလုံးလို့တွင် သားဦး ဖြစ်အယ်။
မောရှေဟ ယုံကြည်ခြင်းအားဖြင့် ဆှင်ဘုရင်ရဲ့ အမျက်တော်သင့်မယ်ဟို မကြောက်ဘဲ အဲဂုတ္တုပြေမှ ထွက်ခွာခဲ့အယ်၊ သူဟ မျက်စေ့ဖြင့် မတွေ့မျော်နိန်သော ဘုရားသခင်အား တွေ့မျော်ရသလို နောက်မဆုတ်ဘဲ နေအယ်။
ကိုယ်တော်ဟ သူ့ဟို ခေါန်းခင်တမန်လို့အောက်နှိုက် ခဏသာ ကတစ်မျှ နှိမ့်ချပင်း သူရဲ့ ခေါင်းဟို ဘုန်းအသရေနဲ့ ပတ်ရစ်ပီ၊ ဖန်ဆင်းသောအရာများဟို အုပ်စိုးစေယွေ့
ကိုယ်တော်ဟ ထာဝရအစဉ် တန်ခိုးကြီးပါစေသော။ အာမင်။
ငါလို့ သခင်ဘုရားနဲ့ ကယ်တင်ဆှင်ဖြစ်သော ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်နှိုက် လည်းကောင်း၊ ကိုယ်တော်ဟို သိသောဉာဏ်နှိုက် လည်းကောင်း ကြီးထွားကြလော့။ အခုမှစပင်း ထာဝရ နေ့ရက်ကာလတိုင်အောန် ကိုယ်တော်နှိုက် ဘုန်းအသရေ ဆိပါစေသော။ အာမင်။
ဘုရားသခင်ဟို စသူမျှ မမျော်ဖူး၊ အားပေမဲ့ ငါလို့ အချင်းချင်း ချစ်ကြရင် ဘုရားသခင်ဟ ငါလို့နှိုက် တည်ယွေ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ ငါလို့နှိုက် ပြေ့စုံအယ်။
ငါလို့ရဲ့ ကယ်တင်ဆှင်၊ တဆူတည်းသော ဘုရားသခင်နှိုက် ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်အားဖြင့် ဘုန်းအသရေတော်၊ အာနုဘော်၊ တန်ခိုးအရှိန်အဝါနဲ့ အာဏာစက်လို့ဟ မခင်ကာလ အစဉ်အဆက်၊ အခု ကာလနဲ့ နောင်လာမယ့်ကာလ အစဉ်မပြတ် ဆိပါစေသော။ အာမင်။
သူလို့ဟ ဘုရားသခင်ရဲ့ အစေခံ မောရှေရဲ့ သီချင်းနဲ့ သိုးသငယ်တော်ရဲ့ သီချင်းများဟို သီဆိုကာ “အနန္တတန်ခိုးနဲ့ ပြေ့စုံသော ထာဝရအဆှင် ဘုရားသခင်၊ ကိုယ်တော်ပြုသောအမှုလို့ဟ ကြီးမြတ်ယွေ့ အံ့ဩဖွယ်ကောင်းလပါအယ်။ လူမျိုးတကာလို့ရဲ့ ဘုရင်၊ ကိုယ်တော်ရဲ့ နည်းလမ်းလို့ဟ ဖြောင့်မတ်ယွေ့ မန်ကန်အယ်။
သူလို့ဟ သိုးသငယ်ဟို စစ်တိုက်ယွေ့ သိုးသငယ်ဟ နိန်လိမ့်မယ်။ အကျောန်းမှာ သိုးသငယ်ဟ သခင်လို့ရဲ့ သခင်၊ ဘုရင်လို့ရဲ့ ဘုရင် ဖြစ်အယ်။ ကိုယ်တော်နဲ့အတူ ဆိသော သူလို့ဟလည်း ခေါ်သောသူ၊ ရွေးချယ်သောသူ၊ သစ္စာဆိသောသူ ဖြစ်ကြအယ်။
အဲပင်းရင် ခေါန်းခင်ဆိ ရမ်းဆာ့သော လူအုပ်လို့ရဲ့ ကျယ်လောင်လဲ့ အသံလိုမျိုး အသံဟို ငါ ကြားရအယ်။ သူလို့ဟ “ဟာလေလုယာ၊ ကယ်တင်ခြင်း၊ ဘုန်းအသရေတော်နဲ့ တန်ခိုးတော်လို့ဟ ငါလို့ ဘုရားသခင်နဲ့ ဆိုင်အယ်။
ကိုယ်တော်ရဲ့ ဝတ်လုံနဲ့ ပေါင်လို့တွင် “ဘုရင်တကာလို့ရဲ့ ဘုရင်၊ အဆှင်တကာလို့ရဲ့ အဆှင်” ဟူသော အမယ်နာမဟို ရေးထားလျက် ဆိအယ်။
အဲပင်းရင် ရမ်းဆာ့သော လူအစုဝေးရဲ့ အသံနဲ့ လည်းကောင်း၊ ရမ်းဆာ့သော ယေဟုန်ရဲ့ အသံ လည်းကောင်း၊ ပြင်းထန်သော မိုးကြိုးသံနဲ့ လည်းကောင်း တူလဲ့အသံဟ “ဟာလေလုယာ၊ အနန္တတန်ခိုးနဲ့ ပြေ့စုံသော ငါလို့ရဲ့ ဘုရားသခင် ထာဝရဘုရားဟ စိုးစံတာ ဖြစ်ယွေ့
သူလို့ဟ၊ “အာမင်၊ ငါလို့ရဲ့ ကမ္ဘာအဆက်ဆက် ကောင်းကြီးမင်္ဂလာ၊ ဘုန်းအသရေ၊ ပညာနဲ့တကွ ကျေးဇူးတော် ချီးမွန်းခြင်း၊ ဂုဏ်အသေရေ၊ တန်ခိုးနဲ့ အစွမ်းသတ္တိ ဆိစေသတည်း။ အာမင်” ဟု ပြောဆိုကြအယ်။