Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ တိမောသေ 1:16 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

16 အားပေမဲ့ ငါဟ ကရုဏာတော်ဟို ခံစားရလဲ့အကျောန်းမှာ ခရစ်တော် ယေရှုဟ အဆိုးဆုံးဖြစ်သော ငါနှိုက် ခပ်သိမ်းသော စိတ်ဆှည်သည်းခံခြင်းဟို ပြသခြင်းအားဖြင့် ကိုယ်တော်ဟို ယုံကြည်ယွေ့ ထာဝရ အသက်ရဆိမဲ့သူများအတွက် ငါ့ဟို စံနမူဖြစ်စေရန် ဖြစ်အယ်။

Faic an caibideil Dèan lethbhreac




၁ တိမောသေ 1:16
37 Iomraidhean Croise  

အေးတိုင်းတိုင်း နောင်တရသော အပစ်သားတယောက်အတွက် ဘုရားသခင်ရဲ့ ခေါန်းခင်တမန်များ ဝမ်းသာခြင်းဆိအယ်ဟု နင်လို့အား ငါဆိုအယ်” ဟု ပြောအယ်။


ယေရှုဟ သူ့အား “ငါ အမန်ပြောတာဟ ခုနေ့ပင် နင်ဟ ငါနဲ့အတူ ပရဒိသုဘုံမှာ ဆိလိမ့်မယ်” ဟု ပြောလေအယ်။


အဲကျောန့် နင်လို့အား ငါပြောတာဟ သူမဟ ရမ်းဆာ့သော အပစ်လို့ဟို ခွင့်လွှတ်ခြင်း ခံရပီ။ သူမဟ ကြီးမားလဲ့ အချစ်ဟို သက်သေပြလေပီ။ အဲလိုလဲ အပစ်နည်းနည်းဘဲ ခွင့်လွှတ်တဲ့သူဟ နည်းနည်းပဲ ချစ်တတ်အယ်” ဟု ပြောအယ်။


အဲလိုလဲ ယေရှုဟ ဘုရားသခင်ရဲ့ သားတော် ခရစ်တော်ဖြစ်ကျောန်းဟို နင်လို့ ယုံကြည်ကြရန်နဲ့ အဲသို့ ယုံကြည်ခြင်းဖြင့် ကိုယ်တော်ရဲ့ နာမနှိုက် အသက်ဟို ရဆိကြရန် ဟေအရာများဟို ရေးထားခြင်း ဖြစ်အယ်။


သားတော်ဟို ယုံကြည်သူဟ ထာဝရ အသက်ဟို ရအယ်၊ သားတော်ရဲ့ စကားဟို မနာခံသောသူဟတော့ အသက်ဟို မရဘဲ ဘုရားသခင်ရဲ့ အမျက်တော်ဟ သူ့အပေါ်နှိုက် တည်လိမ့်မယ်။


“နင်လို့အား ငါ အမန်ဆိုတာဟ ငါရဲ့စကားဟို ကြားယွေ့ ငါ့ဟို စေလွှတ်သောသူဟို ယုံကြည်သောသူဟ ထာဝရအသက်ဟို ရအယ်။ သူလို့ဟ တရားစီရင်ခြင်းဟို မခံရဘဲ သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးမြောက်သောသူ ဖြစ်အယ်။


ငါ့အား ခမည်းတော် ပေးသောသူအပေါင်းလို့ဟ ငါ့ဆေဟို လာကြလိမ့်မယ်။ ငါ့ဆေ လာသောသူဟို ငါဟ ပစာအခါမျှ ပစ်ပယ်လိမ့်မယ် မဟုတ်၊


သားတော်ဟို ဖူးမျော်ယွေ့ ယုံကြည်လာသူအပေါင်းလို့ဟ ထာဝရအသက်ဟို ရစေရန် ငါ့ခမည်းတော် အလိုတော် ဆိအယ်၊ ငါဟလည်း သူလို့အား နောက်ဆုံးသောနေ့နှိုက် ဆှင်ပြန်ထမြောက်စေမယ်” ဟု မိန့်လေအယ်။


ငါ့အသားဟို စားယွေ့ ငါ့အသွေးဟို သောက်သောသူဟ ထာဝရအသက်ဟို ရအယ်၊ ငါဟလည်း နောက်ဆုံးသောနေ့နှိုက် အေးသူအား ဆှင်ပြန်ထမြောက်စေမယ်။


သူ့အားဖြင့် ယုံကြည်သူအပေါင်းလို့ဟ အပစ်တရားမှ လွှတ်ယွေ့၊ မောရှေရဲ့ ပညတ်တရားအားဖြင့် ဖြောင့်မတ်တာဟု အသိအမှတ်ပြုခြင်း မခံရနိန်။


အကျောန်းမှာ ကျမ်းစာနှိုက် ရေးသားခဲ့လဲ့ အရာအားလုံးဟာ ငါလို့ဟို သင်ပေးဖို့ ရေးထားတာပါ၊ အေးကျောန့် ကျမ်းစာနှိုက်ပါသော သည်းခံခြင်းနဲ့ ခွန်အားပေးခြင်းအားဖြင့် ငါလို့ မျော်လင့်ချက် ဆိရန် ဖြစ်အယ်။


အကျောန်းမှာ အပစ်တရားရဲ့ အခဟ သေခြင်းဖြစ်ပေမဲ့ ဘုရားသခင်ရဲ့ အလကားကား လက်ဆောင်ဟ ငါလို့ အဆှင် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဖြစ်ခြင်းအားဖြင့် ရဆိလဲ့ ထာဝရ အသက် ဖြစ်အယ်။


နင်လို့ စာရေး မေးမြန်းလဲ့ အိုင်ထောင်မပြုသူများနဲ့ ပတ်သက်ယွေ့ ငါပြောမဲ့စကားဟ ငါ့အား သခင်ဘုရား မိန့်ချက်အရ ပြောသောစကား မဟုတ်၊ အားပေမဲ့ သခင်ဘုရားရဲ့ သနားခြင်းကျောန့် သစ္စာဆိသူ တယောက်အနေဖြင့် ငါရဲ့ ထင်မြင်ချက်ဟို ဖော်ပြလိုက်အယ်။


အဲကျောန့် ဘုရားသခင်ဟ ကရုဏာတော်ဖြင့် ငါလို့အား ဟေအမှုတော်လုပ်ငန်းဟို လုပ်ဆောင်ရန် ပေးအပ်သောကျောန့် ငါလို့တွင် စိတ်ပျက်အားလျော့ခြင်း မဆိ။


အဲကျောန့် ခရစ်တော်ဟို ဆေ့ဦးစွာ မျော်လင့်သော ငါလို့ဟ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ချီးမွမ်းကြပါစို့။


သူဟ ချစ်လှစွာသော သားတော်ဟို ငါလို့အား ပေးသော အခမဲ့လက်ဆောင်နဲ့ ဘုန်းကြီးသော ကျေးဇူးတော်ကျောန့် ဘုရားသခင်ဟို ချီးမွမ်းကြစို့။


အဲလိုမို့ ခရစ်တော် ယေရှုနှိုက် ငါလို့အား မေတ္တာပြရာနှိုက် ကိုယ်တော်ရဲ့ ကျေးဇူးတော်ဟ သာမန်ထက်လွန်ကဲတာဟို နောင်ကာလအစဉ်အဆက် လူလို့ သိမျော်နိန်ကြစေရန်ပင် ဖြစ်အယ်။


အေးနေ့နှိုက် ကိုယ်တော်ဟ မိမိရဲ့ သန့်ဆှင်းသူလို့အားဖြင့် ဘုန်းတော် ထင်ဆှားစေခြင်းဟို ခံရပင်း ငါလို့ရဲ့ သက်သေခံချက်ဟို နင်လို့ ယုံကြည်ကြတာ ဖြစ်ယွေ့ ယုံကြည်သူအားလုံးလို့ရဲ့ အံ့ဩချီးမွန်းခြင်းဟို ခံရလိမ့်မယ်။


ငါဟ မခင် ပစ်မားပြောဆိုသောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူ ဖြစ်ခဲ့သော်လည်း ယုံကြည်သူ မဟုတ်သဖြင့် မသိနားမလည်ဘဲ ဟေသို့ပြုခဲ့တာ ဖြစ်ယွေ့ ကရုဏာတော်ဟို ခံစားရအယ်။


အဲကျောန့် ကိုယ်တော်ဟ မိမိအားဖြင့် ဘုရားသခင်ဆေဟို ချဉ်းကပ်သောသူလို့ဟို အပြေ့အဝ ကယ်တင်နိန်အယ်၊ ပစာကို့ ကိုယ်တော်ဟ သူလို့အတွက် အသနားခံပေးရန် အစဉ်အမြဲ အသက်ဆှင်လျက် ဆိအယ်။


အဲဝိညာဉ်များဟ တချိန်ဟ နောဧလက်ထက်နှိုက် သင်္ဘောတည်ဆောက်စဉ်တွင် ဘုရားသခင်ဟ စိတ်ဆှည်စွာဖြင့် စောင့်ပေမဲ့လည်း နားထောင်ခြင်း မဆိခဲ့သော ဝိညာဉ်များ ဖြစ်ကြအယ်။ အေးသင်္ဘောထဲနှိုက် ဆှစ်ယောက်မျှဖြစ်သော လူကတစ်လို့သာ ယေမှတဆင့် ကယ်တင်ခြင်း ခံရကြအယ်။


ငါလို့ချစ်သော ညီအကို ပေါလုဟလည်း သူနှိုက် ပေးအပ်ထားသော ဉာဏ်ပညာနဲ့အညီ နင်လို့ဆေ ရေးလိုက်လဲ့အတိုင်း ငါလို့ သခင် ဘုရားရဲ့ စိတ်ဆှည်ခြင်းဟ ကယ်တင်ခြင်းအတွက် ဖြစ်အယ်ဟု မှတ်ယူကြလော့။


နှောင့်နှေးတာဟု အချို့လို့ဟ မှတ်ယူသလိုမျိုး ထာဝရဘုရားဟ ကတိတော်ဟို နှောင့်နှေးစေတာ မဟုတ်။ စသူမျှ မပျက်စီးဘဲ လူတိုင်း နောင်တရစေရန် အလိုတော် ဆိယွေ့ နင်လို့အပေါ် စိတ်ဆှည်သည်းခံလျက် နေခြင်းသာ ဖြစ်အယ်။


Lean sinn:

Sanasan


Sanasan