11 ဟေဟာဟ မင်္ဂလာဆိသော ဘုရားသခင်ရဲ့ ဘုန်းအသရေနဲ့ ပြေ့စုံလဲ့ ကောင်းမြတ်လဲ့သတင်းနဲ့ ကိုက်ညီအယ်၊ အဲကောင်းမြတ်သော သတင်းကောင်းဟို ငါ့အား ပေးအပ်ထားပီ။
“ခေါန်းခင်ဘဝဂ်ဝယ် ဘုရားသခင်ဟ ဘုန်းကြီးပါစေ၊ မြေကြီးပေါ်မှာ ငြိမ်သက်ခြင်း ဆိစေယွေ့ လူလို့အား မေတ္တာကရုဏာ ဆိစေသတည်း” ဟု မြွက်ဆိုကြအယ်။
အားပင်း ငါဟောပြောလဲ့ သတင်းကောင်းအရ လူအားလုံးလို့ရဲ့ လျှို့ဝှက်ကြံစည်ချက်များဟို ယေရှု ခရစ်အားဖြင့် ဘုရားသခင် စစ်ဆေးစီရင်သောနေ့နှိုက် ဖြစ်လိမ့်မယ်။
အဲကျောန့် ငါရဲ့ အလုပ်ဟို ငါရဲ့ ဆန္ဒအလျောက် ရွေးချယ်ဆောင်ရွက်ရင် အခကြေးငွေဟို ငံ့နိန်ပေအယ်။ အားပေမဲ့ ဟေအလုပ်ဟို ဘုရားသခင်ဟ ငါ့အား ပေးအပ်ထားသဖြင့် ငါဟ တာဝန်ကျေစွာ လုပ်ဆောင်ဖို့ လိုအယ်။
ဟေလောကဟို အစိုးရသောဘုရားဟ အဲသူလို့ရဲ့ စိတ်ဟို မိုက်ဖြင့် ဖုံးအုပ်ထားသောကျောန့် သူလို့ဟ သတင်းကောင်းဟို မယုံကြည်ကြဝူး။ အဲဘုရားကျောန့် ခရစ်တော်ရဲ့ ဘုန်းအသရေတော်အကျောန်း သတင်းကောင်းမှ ထွက်လာသော အလင်း၊ ဘုရားသခင်နဲ့တူသော ပုံသဏ္ဌာန်တူသော အလင်းရောင်ဟို မမျော်ရအောန် သူလို့ဟို တားဆီးလေအယ်။
“မိုက်ထဲမှ အလင်း ပေါ်ထွန်းလိမ့်မယ်” ဟု မိန့်သော ဘုရားသခင်ဟ ခရစ်တော်ရဲ့ မျက်နှာနှိုက် ထွန်းလင်းလဲ့ ဘုရားသခင်ရဲ့ ဘုန်းတော်ဟို သိသောအလင်းရောင်အား ငါလို့ရဲ့ စိတ်နေလုံးထဲနှိုက် ထွန်းလင်းစေအယ်။
အဲအစား သတင်းကောင်းဟို ဟောပြောရန် အရေဖျားလှီးခြင်းဟို ခံသောသူလို့အတွက် ပေတရုနှိုက် တာဝန်ပေးသလိုမျိုး အရေဖျားမလှီးသော သူလို့အတွက် ငါနှိုက် တာဝန်ပေးတာဟို သူလို့တွေ့မျော်ကြအယ်။
အဲကျောန့် ခရစ်တော်ဟို ဆေ့ဦးစွာ မျော်လင့်သော ငါလို့ဟ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ချီးမွမ်းကြပါစို့။
သူဟ ချစ်လှစွာသော သားတော်ဟို ငါလို့အား ပေးသော အခမဲ့လက်ဆောင်နဲ့ ဘုန်းကြီးသော ကျေးဇူးတော်ကျောန့် ဘုရားသခင်ဟို ချီးမွမ်းကြစို့။
အဲလိုမို့ ခရစ်တော် ယေရှုနှိုက် ငါလို့အား မေတ္တာပြရာနှိုက် ကိုယ်တော်ရဲ့ ကျေးဇူးတော်ဟ သာမန်ထက်လွန်ကဲတာဟို နောင်ကာလအစဉ်အဆက် လူလို့ သိမျော်နိန်ကြစေရန်ပင် ဖြစ်အယ်။
အဲလို့မို့ အထက်ခေါန်းခင်အရပ်နှိုက်ဆိသော ခေါန်းခင်တမန် အုပ်စိုးဆှင်များနဲ့ တန်ခိုးအာဏာများဟို အခုအချိန်နှိုက် အသင်းတော်အားဖြင့် ဘုရားသခင်ရဲ့ အထူးထူးအပြားပြားသော ဉာဏ်ပညာကို သိလာကြစေရန် ဖြစ်အယ်။
နင်လို့ရဲ့ အကျိုးအတွက် ဘုရားသခင်ဟ ငါ့အား အသင်းတော်ရဲ့ အမှုတော်ဆောင်အဖြစ် ခန့်ထားအယ်၊ ငါ့အား ပေးသောတာဝန်မှာ နှုတ်ကပတ်တရားဟို အကုန်စင် ဟောပြောရန် ဖြစ်အယ်၊
အဲအစား ငါလို့ဟ ဘုရားသခင် အလိုတော်အတိုင်း အမြဲပြောနေသောကျောန့် ဧဝံဂေလိတရားဟို အပ်နှင်းထိုက်အယ်ဟု ငါလို့အား စီရင်ပီ။ ငါလို့ဟ လူလို့ဟို နှစ်သက်စေရန် မကြိုးစားဘဲ၊ ငါလို့ရဲ့ စိတ်ဆန္ဒဟို စမ်းသပ်သော ဘုရားသခင် နှစ်သက်စေရန်သာ ဖြစ်အယ်။
အဲအကျောန်းကျောန့် ကိုယ်တော်ဟ ငါ့အား တမန်တော်အဖြစ် လည်းကောင်း၊ လူမျိုးခြားလို့ရဲ့ ဆရာအဖြစ် လည်းကောင်း၊ ယုံကြည်ခြင်း တရားနဲ့ သမ္မာတရားဟို ဟောပြောသွန်သင်ရန် ခန့်ထားအယ်။ ငါဟ ဝါပြောတာ မဟုတ်၊ မန်သောစကားဟို ပြောနေခြင်း ဖြစ်အယ်။
မင်္ဂလာဆိလဲ့ တပါးတည်းသော အဆှင်၊ ဘုရင်တကာလို့ရဲ့ ဘုရင်၊ အဆှင်တကာလို့ရဲ့ အဆှင် ဘုရားသခင်ဟ ကာလအချိန်ရောက်သောအခါ ကိုယ်တော်အား ထင်ဆှားပေါ်ထွန်းစေလိမ့်မယ်။
အို တိမောသေ၊ နင်နှိုက် အပ်ထားလဲ့အရာဟို စောင့်ဆှောက်လော့။ တရားမဲ့ဖြစ်သော အလကားကား စကားပြောခြင်းနဲ့ သိပ္ပံအတတ်ဟု အလွဲခေါ်ဝေါ်သော သိပ္ပံအတတ် ဆီးတားနှောင့်ယှက်ခြင်းလို့ဟို ဆှောင်လော့၊
ငါဟ အဲသတင်းကောင်းအတွက် ဟောပြောသူ၊ တမန်တော်အဖြစ်နှိုက် လည်းကောင်းနဲ့ ဆရာအဖြစ် လည်းကောင်း ခန့်အပ်ထားခြင်း ခံရအယ်။
နင်နှိုက် အပ်ထားလဲ့ ကောင်းမြတ်သောအရာဟို ငါလို့နှိုက် ကိန်းဝပ်လဲ့ သန့်ဆှင်းသော ဝိညာဉ်တော် တန်ခိုးအားဖြင့် စောင့်ဆှောက်လော့။
ရမ်းဆာ့သော သက်သေလို့ဆေ့နှိုက် ငါဆေမှ ကြားနာရသောအရာလို့ဟို အခြားသူလို့အား သင်ကြားပေးနိန်စွမ်းဆိလဲ့ သစ္စာဆိသောသူလို့နှိုက် ပေးအပ်လော့။
အချိန်တန်သောအခါ ဟောပြောခြင်း အမှုအားဖြင့် မိမိရဲ့ နှုတ်ကပတ်တရားဟို ထင်ဆှားစေယွေ့ ငါလို့ ကယ်တင်ဆှင် ဘုရားသခင်ရဲ့ အမိန့်အတိုင်း အေးအမှုဟို ငါ့အား ယုံကြည်အပ်နှံအယ်။