Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ သက်သာလောနိတ် 5:9 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

9 အကျောန်းမှာ ဘုရားသခင်ဟ ငါလို့ဟို အူထော့တာ သက်ရောက်စေရန် သတ်မှတ်ထားတာ မဟုတ်ဘဲ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်အားဖြင့် ကယ်တင်ခြင်းဟို ရဆိစေရန် သတ်မှတ်ထားအယ်။

Faic an caibideil Dèan lethbhreac




၁ သက်သာလောနိတ် 5:9
23 Iomraidhean Croise  

ကျမ်းစာလာလဲ့အတိုင်း လူသားဟ အသေခံရန် သွားရပေမဲ့ လူသားဟို ရန်သူလက်သို့ အပ်သောသူဟ အမင်္ဂလာဆိအယ်။ မွေးဖွားခြင်းဟို မခံရရင် သူအဖို့ ကောင်းသေးအယ်” ဟု မိန့်အယ်။


“အကျောန်းမှာ ဆာလံ ပအုပ်နှိုက်၊ “ ‘သူ့ရဲ့ နေအိုင် လူသူဆိတ်ညံရာ ဖြစ်စေမန့်၊ အဲအိုင်တွင် စသူမှ မနေပါစေနဲ့။’ ‘အဲသူရဲ့ ရာထူးဟိုလည်း အခြားသူတဦး ယူပါစေ’ ဟူယွေ့ ရေးသားထားအယ်။


ယုဒဟ မိမိနေရာဟို သွားရန် တမန်တော် အရိုက်အရာမှ ရွေ့လျော့ဖောက်ပြန်တာ ဖြစ်ယွေ့ ဟေအမှုတော်လုပ်ငန်းနဲ့ တမန်တော် အရိုက်အရာဟို ဆက်ခံရန် ဟေသူ နေယောက်အနက် စသူဟို ကိုယ်တော် ရွေးချယ်ထားတာဟို ငါလို့အား ဖော်ပြမန့်” ဟု ဆုတောင်းကြအယ်။


လူမျိုးခြားလို့ဟ အဲစကားဟို ကြားသောအခါ ရွှင်လန်းဝမ်းမြောက်ပင်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ချီးမွန်း ပြောဆိုကြအယ်။ ထာဝရ အသက်ရဆိရန် ရွေးကောက်ခြင်း ခံရသူလို့ဟ ယုံကြည်သူများ ဖြစ်လာကြအယ်။


နင်လို့ဟ အရင် ဘုရားသခင်ရဲ့ စကားဟို နားမထောင်သော လူမျိုးခြားလိုမျိုး ဖြစ်ပေမဲ့ အခုအခါ ဘုရားသခင်ရဲ့ ကရုဏာဟို လက်ခံရဆိခြင်းမှာ ယုဒအမျိုးသားလို့ဟ ကိုယ်တော်ရဲ့ စကားဟို နားမထောင်ခဲ့ကြသောကျောန့် ဖြစ်အယ်။


အေးလိုမို့ စလိုလုန်း၊ ဣသရေလူလို့ဟ ဆှာသောအရာဟို မမျော်ရကြ။ ဘုရားသခင် ရွေးကောက်သောသူလို့သာ မျော်ရကြအယ်၊ ကျန်သောသူလို့ဟ ဘုရားသခင်ရဲ့ ခေါ်သံဟို မကြားရ။


အားပင်း သေခြင်းမှ ထမြောက်စေသော သားတော်ယေရှုဟ ခေါန်းခင်ဘုံမှ ကြွလာမယ်ဟို စောင့်မျှော်လျက် လာမယ့် ဘုရားသခင်ရဲ့ အမျက်တော်မှ ငါလို့ဟို ကယ်တင်မယ့်သူ ဖြစ်အယ်။


အေးကျောန့် နင်လို့တွင် စသူမျှ ဟေညှဉ်းဆဲခြင်းကျောန့် နောက်ဟို မလှည့်ရ။ အေးလို့ နှိပ်စက်ညှဉ်းပန်းမှုများဟ ငါလို့အတွက် ဘုရားသခင်ရဲ့အလိုတော် တစိတ်တပိုင်းဖြစ်ကျောန်း နင်တတ်တိုင်း သိအယ်။


ငါဟ မခင် ပစ်မားပြောဆိုသောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူ ဖြစ်ခဲ့သော်လည်း ယုံကြည်သူ မဟုတ်သဖြင့် မသိနားမလည်ဘဲ ဟေသို့ပြုခဲ့တာ ဖြစ်ယွေ့ ကရုဏာတော်ဟို ခံစားရအယ်။


အားပေမဲ့ ငါဟ ကရုဏာတော်ဟို ခံစားရလဲ့အကျောန်းမှာ ခရစ်တော် ယေရှုဟ အဆိုးဆုံးဖြစ်သော ငါနှိုက် ခပ်သိမ်းသော စိတ်ဆှည်သည်းခံခြင်းဟို ပြသခြင်းအားဖြင့် ကိုယ်တော်ဟို ယုံကြည်ယွေ့ ထာဝရ အသက်ရဆိမဲ့သူများအတွက် ငါ့ဟို စံနမူဖြစ်စေရန် ဖြစ်အယ်။


အဲကျောန့် ငါဟ ဘုရားသခင် ရွေးကောက်သော လူစုတော်ရဲ့အတွက် စလို ဒုက္ခဆင်းရဲဟို မဆိုခံအယ်၊ ဟေလိုခံခြင်းမှာ သူလို့ဟလည်း ထာဝရ ဘုန်းအသရေနဲ့တကွ ယေရှု ခရစ်တော်အားဖြင့် ကယ်တင်ခြင်းဟို ခံရစေရန် ဖြစ်အယ်။


နင်လို့သည် မခင်ခါဟ ဘုရားသခင်ရဲ့ လူများ မဟုတ်ခဲ့ပေမဲ့လည်း အခုအခါ သူ့ရဲ့ လူများ ဖြစ်ကြပီ။ မခင်ဟ ကရုဏာဟို မခံစားခဲ့ရပေမဲ့လည်း အခုခါ ကရုဏာဟို ခံစားကြရပီ။


အခြားကျမ်းစာနှိုက် “အေးကျောက်ဟ လူလို့အား ခိုက်မိစေယွေ့ ပြိုလဲစေသောကျောက် ဖြစ်အယ်” ဟု ပြောအယ်။ သူလို့ဟ နှုတ်ကပတ်တော်ဟို မယုံကြည်သောကျောန့် ခလုတ်တိုက်ကြအယ်။ ဟေဟာဟ အေးသူလို့အတွက် ဘုရားသခင်ရဲ့ အလိုတော် ဖြစ်အယ်။


ယေရှု ခရစ်တော်ရဲ့ အစေခံနဲ့ တမန်တော်ဖြစ်သော ငါ ရှိမုန် ပေတရုဟ — ငါလို့ ဘုရားသခင်နဲ့ ကယ်တင်ဆှင်ဖြစ်သော ယေရှု ခရစ်တော်ရဲ့ ဖြောင့်မတ်ခြင်းအားဖြင့် ငါလို့နည်းတူ အဖိုးတန်လဲ့ ယုံကြည်ခြင်းဟို ခံယူရဆိသော သူလို့ဆေဟို စာရေးလိုက်အယ်။


သူလို့ဟ လောဘစိတ်ဖြင့် လုပ်ကြံဖန်တီးသော စကားများဟို ပြောဆိုလျက် နင်လို့အပေါ် အမြတ်ထုတ်ကြလိမ့်မယ်။ သူလို့ ခံရမဲ့ ပစ်ဒဏ်စီရင်ခြင်းဟ ဆေ့မခင်ကပင် ဖင့်နှေးခြင်း မဆိ။ သူလို့ရဲ့ ပျက်စီးခြင်းဟလည်း အိပ်ယွေ့ မမွေ။


အကျောန်းမှာ ငါလို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ကာမဂုဏ်လိုက်စားခြင်း အဖြစ်သို့ ပြောင်းလဲစေယွေ့ တပါးတည်းသော အဆှင်ဖြစ်သော ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို ငြင်းပယ်ကြလဲ့ ဘုရားမသိသောသူ အချို့လို့ဟ တိတ်တခိုး ဝင်ရောက်လာကြအယ်။ သူလို့ဟ ဟေပစ်ဒဏ်စီရင်ခြင်းဟို ခံရမယ်ဟု ဆေ့မခင်ကပင် ရေးထားလေပီ။


Lean sinn:

Sanasan


Sanasan