4 အဲလိုလဲ ညီအကိုလို့၊ နင်လို့ဟ မိုက်ထဲနှိုက် မဆိသောကျောန့် အေးနေ့ရက်ဟ သူခိုးလိုမျိုး နင်လို့ အံ့ဩလိမ့်မယ် မဟုတ်။
အမန်အကန် နင်လို့အား ငါပြောတာဟ တရားစီရင်ရာနေ့နှိုက် အဲမြို့ဟ သောဒုံမြို့နဲ့ ဂေါမောရမြို့လို့ထက် ပိုပင်း အပစ်ဒဏ် ခံရလိမ့်မယ်။
“နင်လို့ဟ ကိုယ်ကိုကိုယ် သတိပြုကြလော့။ အေးလို့မဟုတ် အစားသောက်လွန်ကျူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နေလုံး ပင်ပန်းလျက်နေစဉ် အဲနေ့ရက်ဟ အမှတ်တမဲ့ နင်လို့ဆေ ရောက်လာလိမ့်မယ်။
နင်ဟ သူလို့ရဲ့ မျက်စေ့ဟို ဖွင့်ပေးယွေ့ သူလို့အား မိုက်မှ အလင်းသို့လည်းကောင်း၊ စာတန်ရဲ့ အာဏာထဲမှ ဘုရားသခင်ဆေဟို ပြောင်းလဲစေသဖြင့်၊ သူလို့ဟ ငါ့ဟို ယုံကြည်ခြင်းအားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း ခံရကာ ဘုရားသခင် ရွေးကောက်သော လူစုတွင် ပါဝင်ရလိမ့်မယ်’ ဟု မိန့်အယ်။
ကိုယ်တော်ဟ ငါလို့အား မိုက်ရဲ့ တန်ခိုးမှ ကယ်တင်ယွေ့ မိမိချစ်သော သားတော်ရဲ့ နိုင်ငံတော်ထဲသို့ ခေါ်သွင်းအယ်၊
အကျောန်းမှာ သူခိုးဟ ညအချိန်နှိုက် လာသလိုမျိုး သခင်ဘုရားရဲ့နေ့ရက်ဟ ရောက်လာမယ်ဖြစ်ကျောန်း နင်လို့တတ်တိုင်း သေချာစွာ သိကြအယ်။
အဲလိုလဲ သခင်ဘုရားရဲ့ နေ့ရက်ဟ သူခိုးလာသလိုမျိုး ရောက်လာလိမ့်မယ်။ အဲနေ့ရက်နှိုက် ခေါန်းခင်ဟ ကျယ်လောင်သော အသံဖြင့် ကွယ်ပျောက်သွားယွေ့ လောကဓာတ်လို့ဟ ပြင်းထန်သော အပူရှိန်ဖြင့် ပျက်သုဉ်းသွားလိမ့်မယ်။ မြေကြီးမှစယွေ့ ၎င်းပေါ်နှိုက် ပြုလုပ်သော အရာလို့ဟလည်း လောင်ကျွမ်းလိမ့်မယ်။
အဲလိုမို့ နင်လို့အား အခု ငါ ရေးသားဖော်ပြလဲ့ ပညတ်တော်ဟ အသစ်ဖြစ်အယ်။ အေးလို အမန်ပင် အသစ်ဖြစ်ကျောန်း ခရစ်တော်နှိုက် လည်းကောင်း၊ နင်လို့နှိုက် လည်းကောင်း ဖော်ပြလျက် ဆိအယ်။ ပစာကို့ မိုက်ဟ ရွေ့လျား ကွယ်ပျောက်လျက် အလင်းစစ် အလင်းမန် ပေါ်ထွန်းလာပီ ဖြစ်သောကျောန့် ဖြစ်အယ်။
“ကျေ့လော့၊ ငါဟ သူခိုးလို လာမယ်။ အဝတ်အချည်းစဲဖြင့် သွားလာယွေ့ မိမိအဆှက်ဟို လူလို့ မျော်ရလဲ့အဖြစ်မျိုး မဆိစေရန် မိမိအဝတ်များဟို ထိန်းသိမ်းလျက် သတိနဲ့ စောင့်နေသောသူဟ မင်္ဂလာဆိအယ်” ဟု ဆိုအယ်။
အဲကျောန့် နင်ဟ ခံယူယွေ့ နားထောင်ပင်းသောအရာဟို အောက်မေ့ယွေ့ စောင့်ဆှောက်လော့။ နောင်တရလော့။ နင်ဟ သတိနဲ့ စောင့်နေခြင်း မဆိရင် သူခိုးလို ငါလာမယ် ဖြစ်ယွေ့ စလို အချိန်နှိုက် နင်ဆေဟို ငါလာမယ်ဟို နင် လုံးဝသိလိမ့်မယ် မဟုတ်။