22 မကောင်းသော အမှုအမျိုးမျိုးဟို ဆှောင်ကြလော့။
တစုံတယောက်ဟ နင့်ဟို မားယွင်းစွာ ပြုမိပါဟ အေးသူအား အမားတခုနဲ့ ပြန်မတုံ့နဲ့။ လူအားလုံးလို့ အမြင်နှိုက် ကောင်းသောအရာဟိုသာ ပြုကျင့်လော့။
အဲကျောန့် ငါရဲ့ အစားအစာ စားခြင်းဟ ညီအကိုအား မားယွင်းစေမယ်ဆိုရင် ငါဟ ငါ့ညီအကိုအား မားယွင်းစရာအကျောန်း မဆိစေရန် အသားဟို မစားဘဲ အစဉ်မပြတ် ဆှောင်မယ်။
ငါလို့ရဲ့ အမှုတော်ဆောင်ခြင်းဟ စသူ့ဟိုမှ အပစ်မဆှာချင်ဝူး၊ အဲကျောန့် ငါလို့ဟ စသူ့ဟိုမှ အနှောင့်အယှက် တစုံတရာဟိုမျှ မပြု။
နောက်ဆုံးအနေဖြင့် ညီအကို မောင်နှမလို့၊ မန်ကန်သောအရာ၊ မွန်မြတ်သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာနဲ့ အသရေဆိသောအရာ တည်းဟူသော ကောင်းမြတ်သောအရာနဲ့ ချီးမွန်းဖွယ်သောအရာလို့ဖြင့် စိတ်နေလုံးဟို ပြေ့စေကြလော့။
အေးနည်းလမ်းအားဖြင့် နင်လို့ဟ မယုံကြည်သူများရဲ့ လေးစားမှုဟို ရဆိမယ်ဖြစ်ပင်း နင်လိုအပ်တဲ့အရာအတွက် စသူ့ဟိုမှ အားကိုးနေစရာ မလိုဝူး။
အဲလိုလဲ အရာအားလုံးဟို စစ်ဆေးယွေ့ ကောင်းသောအရာဟို စွဲကိုင်ထားကြလော့။
ငြိမ်သက်ခြင်းရဲ့အဆှင် ဘုရားသခင်တတ်တိုင်း နင်လို့ဟို အကုန်အစင် သန့်ဆှင်းစေသော။ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော် ကြွလာသောအခါ နင်လို့ရဲ့ ဝိညာဉ်၊ စိတ်နေလုံး၊ ကိုယ်ခန္ဓာဟို အပစ်တင်စရာ မဆိစေရန် စောင့်ဆှောက်ပါစေသော။
အချို့သောသူလို့ဟို မီးထဲမှ ဆွဲထုတ် ကယ်တင်ကြလော့။ အချို့လို့ဟို သူလို့ရဲ့ သွေးသားဇာတိဖြင့် ညစ်ညူးစွန်းထင်းနေသော အင်္ကျီကိုပင် ရွံမုန်းလျက် ကြောက်ရွံ့သော စိတ်နဲ့တကွ သူလို့ဟို ကရုဏာထားကြလော့။