Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ သက်သာလောနိတ် 5:21 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

21 အဲလိုလဲ အရာအားလုံးဟို စစ်ဆေးယွေ့ ကောင်းသောအရာဟို စွဲကိုင်ထားကြလော့။

Faic an caibideil Dèan lethbhreac




၁ သက်သာလောနိတ် 5:21
40 Iomraidhean Croise  

“မန်ကန်လဲ့အရာဟို ပစာကျောန့် နင်လို့တတ်တိုင်း မဆုံးဖြတ်ကြလုန်း။


ငါနှိုက် တလုံးတဝတည်း တည်နေကြလော့၊ ငါဟလည်း နင်လို့နဲ့ တလုံးတဝတည်း တည်နေမယ်။ စပျစ်ခက်ဟ အပင်နှိုက် မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိန်သလို နင်လို့ဟ ငါနှိုက် မတည်ရင် အသီးမသီးနိန်ကြ။


အဲလိုမို့ ယေရှုဟ မိမိဟို ယုံကြည်သောသူလို့အား “နင်လို့ဟ ငါရဲ့သွန်သင်တာဟို နာခံရင်၊ နင်လို့ဟ ငါရဲ့ တဘဲ့အမန် ဖြစ်ကြပင်း၊


သူဟ ရောက်လာသောအခါ လူလို့အား ဘုရားသခင် စလို ကောင်းချီးပေးတာဟို မျော်သောအခါ ရွှင်လန်းဝမ်းသာသဖြင့် သခင်ဘုရားအား စိတ်နေလုံး အကြွင်းမဲ့ ယုံကြည်ကိုးစားယွေ့ သစ္စာစောင့်ကြရန် တိုက်တွန်းနှိုးဆော်လေအယ်။


တဘဲ့တော်လို့ရဲ့ စိတ်နေလုံးဟို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်းနှိုက် ဆက်ယွေ့ တည်နေကြရန် ခွန်အားပေးကြအယ်။ သူလို့ဟ “ငါလို့သည် ဘုရားသခင်ရဲ့ နိုင်ငံတော်သို့ ဝင်ရန် ရမ်းဆာ့ ဆင်းရဲဒုက္ခများ ဖြတ်သန်းရမယ်” ဟု ဆိုအယ်။


သက်သာလောနိတ်မြို့မှာ ဆိလဲ့သူများလို့ထက် ဗေရိမြို့မှာဆိလဲ့ လူများလို့ဟ ပိုပင်း စိတ်ထား မြင့်မြတ်ကြအယ်။ သူလို့ဟ သတင်းစကားဟို ရမ်းဆာ့ စိတ်အားထက်သန်စွာ နားထောင်ပင်း ပေါလု ပြောခဲ့လဲ့စကား မန်အယ် မမန်သိနိန်ရန် ကျမ်းစာဟို နေ့တိုင်း လေ့လာကြအယ်။


နင်လို့ဟ လောကရဲ့ ပုံသဏ္ဌာန်အတိုင်း လိုက်ပင်း မကျင့်ကြနဲ့။ ကောင်းသောအရာ၊ ဘုရားသခင် နှစ်သက်ဖွယ်သောအရာ၊ အပစ်ဆိုဖွယ် မဆိသောအရာ တည်းဟူသော ဘုရားသခင် အလိုဆိသောအရာဟို စလိုအရာဖြစ်တာဟို သိဆိနိန်ရန် စိတ်နေလုံးဟို အသစ်ပြုပြင်ခြင်းဖြင့် ပုံသဏ္ဌာန် ပြောင်းလဲခြင်း ဆိကြလော့။


ချစ်ခြင်းမေတ္တာဟို ဟန်ဆောင်မှုနဲ့ ကင်းစေလော့၊ မကောင်းမှုဟို မုန်းပင်း ကောင်းသောအရာဟို အမြဲစွဲကိုင်ကြလော့။


အဲလိုမို့ ချစ်သော ညီအကို မောင်နှမလို့၊ နင်လို့ဟ သခင်ဘုရားနှိုက် နင်လို့ရဲ့ ကြိုးပမ်းအားထုတ်မှုဟ အလကားကား မဖြစ်ကျောန်း သိမှတ်ယွေ့ ရွေ့လျော့တိမ်းယိမ်းခြင်း မဆိဘဲလျက် သခင်ဘုရားရဲ့ အမှုတော်ဟို နင်လို့တတ်တိုင်း ပြေ့စုံစွာ အစဉ်အမြဲ ကြိုးစားအားထုတ်ကြလော့။


လူနဲ့ဆိုင်သောအရာလို့ဟို သူလို့အထဲနှိုက် ဆိသော သူရဲ့ ဝိညာဉ်မှတပါး စသူ သိနိန်လုန်း။ အဲတိုင်းတိုင်း ဘုရားသခင်နဲ့ ဆိုင်သောအရာလို့ဟို ဘုရားသခင်ရဲ့ ဝိညာဉ်တော်မှတပါး စသူမျှ မသိ။


အေးလိုမို့ ငါလို့အခွင့်ရသလိုမျိုး၊ အားပင်း အထူးသဖြင့် ယုံကြည်ခြင်းနှိုက် ငါလို့ရဲ့ မိသားစုနဲ့ သက်ဆိုင်သူများနဲ့ လူတိုင်းဟို ကောင်းသောအမှုပြုသင့်တယ်။


ဘုရားသခင် နှစ်သက်သောအရာဟ စလိုအရာဖြစ်တာဟို ကြိုးစားသင်ယူကြလော့။


အဲမှသာ နင်လို့ဟ အကောင်းဆုံးသောအရာဟို ရွေးချယ်နိန်ကြမှာ ဖြစ်ပင်း ခရစ်တော်ရဲ့ နေ့ရက်နှိုက် အပစ်တင်စရာ မဆိဘဲ အညစ်အကြေးနဲ့ ကင်းစင်လိမ့်မယ်။


စလိုပင်ဖြစ်စေ ငါလို့ဟ မိမိလို့ရောက်ဆိလဲ့ အနေအထားနဲ့အညီ လိုက်ဆှောက်ကြစို့။


နောက်ဆုံးအနေဖြင့် ညီအကို မောင်နှမလို့၊ မန်ကန်သောအရာ၊ မွန်မြတ်သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာနဲ့ အသရေဆိသောအရာ တည်းဟူသော ကောင်းမြတ်သောအရာနဲ့ ချီးမွန်းဖွယ်သောအရာလို့ဖြင့် စိတ်နေလုံးဟို ပြေ့စေကြလော့။


စသူမှ သူတပါးအပေါ် အမားဟို အမားနဲ့ မတုံ့ပြန်ကြစေရန် သတိပြုကြလော့၊ အချင်းချင်းအတွက် လည်းကောင်း၊ လူအားလုံးလို့အတွက် လည်းကောင်း၊ ကောင်းကျိုးဟိုသာ အမြဲကြိုးစား လုပ်ကြလော့။


မကောင်းသော အမှုအမျိုးမျိုးဟို ဆှောင်ကြလော့။


အေးကျောန့် ငါ့ညီအကိုလို့၊ ခိုင်ခံ့စွာ ရပ်တည်ပင်း ငါလို့ရဲ့ ဝေငှခြင်းအားဖြင့် ဖြစ်စေ၊ စာအားဖြင့် ဖြစ်စေ ငါလို့သင်ပေးခဲ့တဲ့ သမ္မာတရားတွေကို စွဲကိုင်ထားလော့။


နင်သိဆိလဲ့အတိုင်း အာရှိပြေနှိုက်ဆိသော သူအားလုံးလို့ဟ ငါ့ဟို စွန့်ပယ်ကြပီ၊ အဲသူလို့တွင် ဖုဂေလုနဲ့ ဟေရမောဂင်လို့လည်း ပါအယ်။


သူလို့ထဲမှ အချို့လို့ဟ နေအိုင်များဟို မသိမသာဝင်ပင်းရင် တပ်မက်ခြင်း အမျိုးမျိုးရဲ့ သွေးဆောင်ရာဟို လိုက်ပါလျက် အပစ်ဟို ထပ်တလဲလဲ ပြုနေသော မိန်းမမိုက်များဟို သိမ်းသွင်းကြအယ်၊


ကြေးပန်းတိမ်သမား အလက်ဇန္ဒြားဟ ငါ့ဟို ရမ်းဆာ့ ဒုက္ခပေးခဲ့အယ်၊ သခင်ဘုရားဟ သူပြုသောအမှုအတိုင်း သူ့အား ဆပ်ပေးလိမ့်မယ်။


ငါလို့ဟ ဘုရားသခင်ရဲ့ ကတိတော်ဟို စိတ်ချယုံကြည်နိန်တာ ဖြစ်ယွေ့ မိမိလို့ ဝန်ခံသော မျော်လင့်ခြင်းဟို စွဲကိုင်ထားကြစို့။


ချစ်ရသောသူလို့၊ ဝိညာဉ်တော် ခံယူရဆိတာဟု ဆိုသူတိုင်းဟို မယုံကြနဲ့။ သူလို့ ခံယူရဆိလဲ့ဆိုသော ဝိညာဉ်တော်ဟ ဘုရားသခင်ဆေမှ ဆင်းသက်လာလဲ့ ဝိညာဉ်တော် ဟုတ် မဟုတ် စစ်ဆေးကြလော့။ ပစာကို့ မိစ္ဆာပရောဖက်များဟ ဟေလောကဟို သွားကြပီ။


နင် ပြုသောအမှုများမှ စယွေ့ နင်ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ သည်းခံမှုလို့ဟို ငါ သိအယ်။ နင်ဟ ဆိုးယုတ်သောသူလို့ဟို လက်မခံနိန်ကျောန်းနဲ့ မိမိလို့တတ်တိုင်း တမန်တော်ဟု ခေါ်ဆိုကြသော်လည်း တမန်တော် မဟုတ်သောသူလို့ဟို စမ်းသပ်စစ်ဆေးယွေ့ သူလို့ဟ ဝါသောသူများ ဖြစ်ကြတာဟု နင်လို့ တွေ့ဆိကျောန်းဟိုလည်း ငါသိအယ်။


နင်လို့နှိုက် ဆိသောအရာဟိုသာ ငါ ကြွလာလဲ့တိုင်အောန် စွဲကိုင်ထားကြလော့။


ငါဟ အလျင်အမြန် လာမယ်။ နင်ရဲ့ သရဖူဟို စသူမျှ မလုမယူစေရန် နင်နှိုက် ဆိသောအရာဟို စွဲကိုင်ထားလော့။


အဲကျောန့် နင်ဟ ခံယူယွေ့ နားထောင်ပင်းသောအရာဟို အောက်မေ့ယွေ့ စောင့်ဆှောက်လော့။ နောင်တရလော့။ နင်ဟ သတိနဲ့ စောင့်နေခြင်း မဆိရင် သူခိုးလို ငါလာမယ် ဖြစ်ယွေ့ စလို အချိန်နှိုက် နင်ဆေဟို ငါလာမယ်ဟို နင် လုံးဝသိလိမ့်မယ် မဟုတ်။


Lean sinn:

Sanasan


Sanasan