19 ဝိညာဉ်တော်ရဲ့ အရှိန်ဟို မငြိမ်းစေကြနဲ့။
“နင်လို့ဟ စလောက် ခေါင်းမာကြလုန်း” ဟု သတေဖန်ဟ ဆက်ပြောအယ်။ “နင်လို့ဟ ဘုရားသခင်ရဲ့ တရားစကားဟို နားထောင်ရန် နင်လို့ စိတ်နေလုံးလို့ စလောက် ခိုင်မာကြလုန်း၊ နင်လို့ဟ မိမိလို့ ဖိုးဖေးများလိုမျိုး သန့်ဆှင်းသော ဝိညာဉ်တော်ဟို အမြဲတမ်း ဆန့်ကျင်ဖက်ပြု ကြအယ်။
အားပေမဲ့ လူတယောက် ဟောပြောနေစဉ် ထိန်နေသောသူများထဲမှ တယောက်ဟ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်ဟို ခံယူရဆိရင် ဟောပြောနေသောသူဟ ရပ်နားစေ။
ရွေးနုတ်ခြင်း နေ့ရက်အတွက် တံဆိပ်ခတ်ခြင်း ခံရသော ဘုရားသခင်ရဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေနဲ့။
ယုံကြည်ခြင်းဟို အကာအရံအဖြစ် အမြဲဆောင်ထားကြလော့။ အကျောန်းမှာ မာရ်နတ်က ပစ်သော မီးလောင်သော မြှားအားလုံးကို ချေဖျက်နိန်ကြလိမ့်မယ်။
ပရောဖက်ပြု ဟောပြောခြင်းဟို မထီမဲ့မြင် မပြုကြနဲ့၊
အသင်းတော် ခေါင်းဆောင်များရဲ့ လက်တင်ခြင်းနဲ့တကွ ပရောဖက်တွေ ဟောပြောခြင်းအားဖြင့် နင့်အပေါ် ပေးအပ်ထားယွေ့ နင်နှိုက်ဆိလဲ့ ဆုကျေးဇူးဟို လျစ်လျူမရှုနဲ့။
အဲကျောန့် နင့်အပေါ် ငါလက်တင်သောအားဖြင့် နင်ရဆိသော ဘုရားသခင်ရဲ့ ဆုကျေးဇူးဟို ပြန်လည်နှိုးဆော်ရန် နင့်ဟို ငါ သတိပေးအယ်။