16 အမြဲ ဝမ်းသာကြလော့၊
ရွှင်လန်းဝမ်းသာကြလော့၊ ခေါန်းခင်ဘုံတွင် နင်လို့ရမဲ့ ဆုဟ ကြီးအယ်။ ဟိုအရင်ခါဟ ဆိခဲ့လဲ့ ပရောဖက်လို့ဟို အေးတိုင်းတိုင်း နှိပ်စက်ခံရကြပီ။
အဲလိုလဲ နတ်ဆိုးများဟ နင်လို့စကားဟို နားထောင်သောကျောန့် ဝမ်းမသာကျနဲ့။ နင်လို့ရဲ့ နာမယ်များဟို ခေါန်းခင်မှာ ရေးထားတဲ့အတွက်ကျောန့် ဝမ်းသာကြလော့” ဟု ပြောအယ်။
အဲအခါ သူလို့ဟ “သခင်ဘုရား၊ အေးမုန့်ဟို ငါလို့အား အစဉ်ပေးပါ” ဟု ဆှောက်ကြအယ်။
မျော်လင့်ချက်နဲ့ ဝမ်းမြောက်ကြလော့၊ ဆင်းရဲဒုက္ခဟို သည်းခံကြလော့၊ ဆုတောင်းခြင်းနှိုက် သစ္စာဆိကြလော့။
ဝမ်းနည်းရသော်လည်း အစဉ်ဝမ်းမြောက်လျက် ဆိကြအယ်၊ ဆင်းရဲသောသူလို ဖြစ်သော်လည်း များစွာသော သူလို့ဟို ကြွယ်ဝပြေ့စုံစေအယ်၊ စလိုအရာမျှ မဆိသော်လည်း အလုံးစုံဟို ပိုင်ဆိုင်ကြအယ်။
သခင်ဘုရားနှိုက် အစဉ်အမြဲ ဝမ်းမြောက်ကြလော့။ တဖန် ငါဆိုတာဟ ဝမ်းမြောက်ကြလော့။