Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ သက်သာလောနိတ် 5:15 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

15 စသူမှ သူတပါးအပေါ် အမားဟို အမားနဲ့ မတုံ့ပြန်ကြစေရန် သတိပြုကြလော့၊ အချင်းချင်းအတွက် လည်းကောင်း၊ လူအားလုံးလို့အတွက် လည်းကောင်း၊ ကောင်းကျိုးဟိုသာ အမြဲကြိုးစား လုပ်ကြလော့။

Faic an caibideil Dèan lethbhreac




၁ သက်သာလောနိတ် 5:15
39 Iomraidhean Croise  

အဲလိုလဲ နင်လို့ဟို ငါပြောတာဟ မကောင်းသောသူဟို အတိုက်အခံ မပြုကြနဲ့။ တစုံတယောက်ဟ နင်ရဲ့ လက်ယာပါးဟို ရိုက်ရင် အခြားပါးတဖက်လည်း လှည့်ပေးဦးလော။


အဲလိုလဲ နင်လို့ ရန်သူဟို ချစ်ကြလော့၊ ကောင်းတာဟို လုပ်ပေးကြလော့၊ ပစာဟိုမှ ပြန်ရဖို့ မမျော်လင့်ဘဲ ငမ်းကြလော့။ အေးလို့လုပ်ရင် နင်လို့ဟ ရဆိမဲ့ ဆုလာဘ်ဟ ကြီးမားပင်း နင်လို့ဟ အမြင့်မြတ်ဆုံးသော ဘုရားရဲ့ လူပဲ့သငယ်လို့ ဖြစ်ကြလိမ့်မယ်၊ ပစာကို့ သူဟ ကျေးဇူးမသိသောသူနဲ့ ဆိုးသောသူအားလည်း ကျေးဇူးပြုအယ်။


အဲလိုလဲ ပေါလုဟ “နင့်ကိုယ်နင် အန္တရာယ်မလုပ်နဲ့၊ ငါလို့အားလုံး ဟေမှာ ဆိအယ်” လို့ ကြီးလဲ့အသံနဲ့ အော်ပြောအယ်။


ချစ်ခြင်းမေတ္တာဟို ဟန်ဆောင်မှုနဲ့ ကင်းစေလော့၊ မကောင်းမှုဟို မုန်းပင်း ကောင်းသောအရာဟို အမြဲစွဲကိုင်ကြလော့။


အေးကျောန့် ငြိမ်းချမ်းရေးနဲ့ နေဦးနေဖက် အပြန်အလှန် တည်ဆောက်မှုဟို ပို့ဆောင်ပေးသော အရာများဟို လုပ်ဆောင်ရန် ငါလို့ အမြဲတမ်း အားထုတ်ကြိုးပမ်းရမယ်။


အဲကျောန့် နင်လို့ဟ ချစ်ခြင်းဟို ကျင့်သုံးရန် ကြိုးပမ်း အားထုတ်ကြလော့။ ဝိညာဉ်ဆုကျေးဇူးများဟို ရမ်းဆာ့ တောင့်တလိုချင်ကြလော့။ အထူးသဖြင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဟောပြောနိန်သော ဆုကျေးဇူးဟို လိုလားကြလော့။


တိမောသေဟ နင်လို့ဆေသို့ ရောက်ရင် သူဟ စိုးရိမ်ခြင်းအကျောန်း မဆိဘဲ၊ နင်လို့နဲ့အတူ နေစေခြင်းငှာ သတိပြုကြလော့။ သူဟ ငါကဲ့သို့ပင် သခင်ဘုရားရဲ့ အမှုတော်ဟို ဆောင်ရွက်သောသူ ဖြစ်အယ်။


ဟေသို့ အချင်းချင်း တရားစွဲဆိုခြင်းဟ နင်လို့အတွက် ဆုံးရှုံးမှု ဖြစ်စေအယ်။ တရားစွဲဆိုမဲ့အစား မတရားပြုခြင်းဟို ခံရတာဟ ပိုပင်း မကောင်းသလော။ လုယက်ခြင်းခံရတာဟ ပိုပင်း မကောင်းသလော။


အေးလိုမို့ ငါလို့အခွင့်ရသလိုမျိုး၊ အားပင်း အထူးသဖြင့် ယုံကြည်ခြင်းနှိုက် ငါလို့ရဲ့ မိသားစုနဲ့ သက်ဆိုင်သူများနဲ့ လူတိုင်းဟို ကောင်းသောအမှုပြုသင့်တယ်။


အေးကျောန့် နင်စလို အသက်ဆှင်တယ်ဆိုတာ ဂရုစိုက်လော့။ ပညာမဲ့တဲ့ လူလို့လိုမျိုး မနေထိန်ပဲ ပညာဆိလိုမျိုး နေထိန်လော့။


အဲလိုလဲ အေးအရာဟလည်း နင်လို့ဟို ရည်ညွှန်းအယ်။ ဖိုးအိုတိုင်းဟ မိမိပေါင်အိုမဟို မိမိလိုမျိုး ချစ်ရမယ်။ အားပင်း ပေါင်အိုမတိုင်းဟ မိမိရဲ့ဖိုးအိုဟို ရိုသေရမယ်။


ငါလို့ဟ နင်လို့အား အားပေးနှစ်သိမ့်ပေးကာ ကိုယ်တော်ရဲ့ နိုင်ငံတော်နဲ့ ဘုန်းအသရေတော်တွင် ပါဝင်ရန် ခေါ်လဲ့ ဘုရားသခင် နှစ်သက်သော အသက်တာမျိုးဖြင့် နေထိန်ရန် ငါလို့ ဆက်လက် တိုက်တွန်းထားအယ်။


အဲလိုလဲ အရာအားလုံးဟို စစ်ဆေးယွေ့ ကောင်းသောအရာဟို စွဲကိုင်ထားကြလော့။


အို ဘုရားသခင်ရဲ့ လူ၊ နင်ဟ အဲအရာများဟို ဆှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းလို့ဟို မှီအောန်လိုက်လော့။


သခင်ဘုရားရဲ့ အစေခံဟ ခိုက်ရန် မဖြစ်ရ။ သူဟ လူအပေါင်းလို့အပေါ် ဖြည်းညင်းသောသဘော ဆိယွေ့ သင်ကြားပေးနိန်စွမ်းဆိသောသူ၊ မတရားသဖြင့် ခံရခြင်းဟို သည်းခံတတ်သောသူ ဖြစ်ပင်း


စသူ့အကျောန်းမှ မကောင်းမပြောဘဲ ငြိမ်းချမ်းစွာနဲ့ ခင်မင်စွာနေကြစေရန် အမြဲတမ်း လူအားလုံးလို့အား နူးညံ့သိမ်မွေ့ခြင်းဟို ပြသပင်း သူလို့အား ပြောကြားလော့။


လူအပေါင်းလို့နဲ့ ငြိမ်းချမ်းစွာ နေထိန်ရန်နဲ့ သန့်ဆှင်းခြင်း မဆိရင် စသူမျှ ထာဝရဘုရားဟို ဖူးမျော်ရလိမ့်မယ် မဟုတ်။


နင်လို့ဟ သမ္မာတရားဟို နားထောင်ခြင်းအားဖြင့် နင်လို့ရဲ့ စိတ်ဝိညာဉ်များဟို သန့်ဆှင်းစင်ကြယ်စေကြပင်း ဟန်ဆောင်မှု ကင်းလဲ့ ညီအကိုချင်းချစ်သော မေတ္တာဟို ရဆိကြအယ် ဖြစ်ယွေ့ ရိုးသားလဲ့ နေလုံးသားဖြင့် အချင်းချင်း ခိုင်မြဲစွာ ချစ်ကြလော့။


လူအားလုံးလို့ဟို ရိုသေကြလော့။ တခြားယုံကြည်သူများဟိုလည်း ချစ်ကြလော့။ ဘုရားသခင်ဟို ကြောက်ရွံ့ကြလော့။ ဆှင်ဘုရင်ဟို လေးစားကြလော့။


နင်လို့ဟ ကောင်းချီးမင်္ဂလာဟို အမွေဆက်ခံရမဲ့အကျောန်း ခေါ်ယူခြင်းဟို ခံရတာ ဖြစ်ယွေ့ အဆိုးဟို အဆိုးဖြင့် လည်းကောင်း၊ ကဲ့ရဲ့ပစ်တင်ခြင်းဟို ကဲ့ရဲ့ပစ်တင်ခြင်းဖြင့် လည်းကောင်း မတုန့်ပြန်ဘဲ ကောင်းချီးဟိုသာ ပေးကြလော့။


ချစ်လှစွာသော မိတ်ဆွေ၊ မကောင်းသော အမှုဟို အတုမယူဘဲ ကောင်းသော အမှုဟိုသာ အတုယူကြလော့။ ကောင်းသော အမှုဟို ပြုသောသူဟ ဘုရားသခင်နဲ့ စပ်ဆိုင်အယ်။ မကောင်းသော အမှုဟို ပြုသောသူဟ ဘုရားသခင်ဟို မသိ မမျော်ဖူးပေ။


အဲအခါ ငါဟ အဲခေါန်းခင်တမန်ဟို ကိုးကွယ်ရန် သူရဲ့ ခြေရင်းနှိုက် ပျပ်ဝပ်လျက် သူဟ “အဲလိုမပြုနဲ့။ ငါဟ နင်မှစယွေ့ ယေရှုနဲ့ဆိုင်လဲ့ သက်သေခံချက်ဟို ရဆိထားသော နင့်ညီအကိုလို့ရဲ့ လုပ်ဖော်ဆောင်ဖက် အစေခံလည်း ဖြစ်အယ်။ ဘုရားသခင်ဟို ကိုးကွယ်လော့” ဟု ဆိုအယ်။ အကျောန်းမှာ ယေရှုနဲ့ ဆိုင်လဲ့ သက်သေခံချက်ဟ ပရောဖက်ပြု ဟောပြောခြင်းရဲ့ ဝိညာဉ် ဖြစ်အယ်။


သူဟ “အဲလိုမပြုနဲ့၊ ငါဟ နင်မှစယွေ့ နင့်ညီအကိုလို့ ဖြစ်ကြလဲ့ ပရောဖက်များနဲ့ ဟေစာစောင်နှိုက် ပါသော စကားလို့ဟို လိုက်နာစောင့်ထိန်းသော သူများရဲ့ အစေခံသာ ဖြစ်အယ်။ ဘုရားသခင်ဟိုသာ ကိုးကွယ်လော့” ဟု ဆိုအယ်။


Lean sinn:

Sanasan


Sanasan