11 အေးလိုမို့ အခုနင်လို့ လုပ်နေလဲ့အတိုင်း အချင်းချင်း ခွန်အားပေးယွေ့ တဦးဟိုတဦး တည်ဆောက်ပေးကြလော့။
အေးကျောန့် ငြိမ်းချမ်းရေးနဲ့ နေဦးနေဖက် အပြန်အလှန် တည်ဆောက်မှုဟို ပို့ဆောင်ပေးသော အရာများဟို လုပ်ဆောင်ရန် ငါလို့ အမြဲတမ်း အားထုတ်ကြိုးပမ်းရမယ်။
ငါ့ ညီအကို မောင်နှမလို့၊ ကောင်းမြတ်ခြင်းနဲ့ ပြေ့စုံတယ်လို့ ငါ့တတ်တိုင်း သေချာ သိရအယ်၊ နင်လို့မှာ ဗဟုသုတအားလုံး ဆိပင်း၊ တယောက်ဟို တယောက် သင်ပေးနိန်ကျောန်းဟို ငါ ယုံကြည်အယ်။
ငါလို့ တယောက်ချင်းစီဟ အိုင်နီးချင်းများအား သူလို့ရဲ့ ကောင်းကျိုးအတွက် သူလို့ဟို တည်ဆောက်ပေးသင့်အယ်။
“ငါလို့တွင် ပစာအမှုဟို မဆို ပြုပိုင်ခွင့် ဆိအယ်” ဟု သူလို့ဆိုလဲ့အတိုင်း မန်သော်လည်း အရာခပ်သိမ်းဟ ကောင်းမွန်တာ မဟုတ်။ “ငါလို့တွင် ပစာအမှုဟို မဆို ပြုနိန်ခွင့် ဆိအယ်” အားပေမဲ့ အရာခပ်သိမ်းဟ ငါလို့အကျိုးဟို ပြုစုပေးတာ မဟုတ်။
အဲလိုမို့ နင်လို့ဟ ဝိညာဉ်ဆုကျေးဇူးများဟို လိုလားတောင့်တကြလဲ့အတွက် အသင်းတော်ဟို တည်ဆောက်ခြင်းငှာ ကြွယ်ဝပြေ့စုံမဲ့အကျောန်း ကြိုးစားကြလော့။
ပရောဖက် နေယောက် ဖြစ်စေ၊ သုံးယောက် ဖြစ်စေ၊ ဟောပြောယွေ့ အခြားသောသူလို့ဟ အဲသူလို့ရဲ့ ဟောပြောချက်များဟို ဆင်ခြင်သုံးသပ်ကြစေ။
နင်လို့ဆိသမျှဟ အခြားသော ဘာသာစကားဖြင့် ပြောစေခြင်းငှာ ငါ အလိုဆိအယ်။ အားပေမဲ့ ပရောဖက်ပြုစေခြင်းငှာ သာယွေ့ အလိုဆိအယ်။ အကျောန်းမှာ အခြားသော ဘာသာစကားဖြင့် ပြောသောသူဟ အသင်းတော်ဟို တည်ဆောက်ခြင်းငှာ အနက်ဟို မဖော်ပြရင် သူ့ထက် ပရောဖက်ပြုသောသူဟ သာယွေ့ မြတ်အယ်။
ငါလို့ဟ နင်လို့ဆေ့နှိုက် မိမိလို့တတ်တိုင်း ကာကွယ်ပြောဆိုနေကြတာဟု တချိန်လုံး နင်လို့ ထင်မှတ်နေကြသလော။ ငါလို့ဟ ဘုရားသခင် ဆေ့နှိုက် ခရစ်တော်ဟို အမှီပြုယွေ့ ပြောဆိုနေကြအယ်၊ ချစ်သောသူလို့၊ အရာအားလုံးဟ နင်လို့ရဲ့ တည်ဆောက်စရာအတွက် ဖြစ်အယ်။
အေးလို့လုပ်ရခြင်းမှာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို တည်ဆောက်ဖို့ရာ ဘုရားသခင်ရဲ့ လူများအား အမှုတော်ဆောင်ရွက်ခြင်းအတွက် အသင့်ပြင်ဆင်ထားရန် ဖြစ်အယ်။
အေးဦးခေါင်းမှတဆင့် ကိုယ်ခန္ဓာတခုလုံးဟ ထောက်မပေးသော အဆစ်ဆိသမျှလို့ဖြင့် အံဝင်ခွင်ကျ ဆက်စပ်ခြင်းနဲ့ ပေါင်းစည်းခြင်းကို ခံရလျက် အင်္ဂါစိတ်အပိုင်းတခုစီဟ မိမိအငန်းအတာအလိုက် လုပ်ဆောင်ခြင်းအားဖြင့် မိမိကိုယ်ကို ချစ်ခြင်းမေတ္တာနှိုက် တည်ဆောက်ကာ ကိုယ်ခန္ဓာဟို ကြီးထွားစေအယ်။
နင်လို့ရဲ့ စလောင်ထဲမှ မကောင်းသောစကား တခွန်းဟိုမျှ မထွက်စေနဲ့၊ ကြားရသော သူလို့ဟို အကျိုးပြုနိန်ရန် လိုအပ်ချက်နဲ့အညီ တည်ဆောက်စရာဖြစ်စေလဲ့ ကောင်းသောစကားလို့ဟိုသာ ပြောဆိုကြလော့။
အမန်မှာ နင်ဟ မာကေဒေါနိပြေတဝန်းလုံးဆိ ယုံကြည်သူ အားလုံးအပေါ်တွင် ဟေလိုမျိုး ပြုခဲ့ကြပီ။ အေးကျောန့် ညီအကိုလို့၊ နင်လို့ဟ ဟေထက်မက ပိုလုပ်ကြဖို့ နင်ဟို ငါလို့ တောင်းပန်အယ်။
အေးလို့မို့ ဟေစကားများအားဖြင့် အချင်းချင်း ခွန်အားပေးကြလော့။
ဒဏ္ဍာရီများနဲ့ မဆုံးနိန်သော ဆွေစဉ်မျိုးဆက်စာရင်းများဟို အာရုံမစိုက်ကြရန် လည်းကောင်း ညွှန်ကြားလော့။ အဲအရာလို့ဟ ယုံကြည်ခြင်းနှိုက် တည်သော ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုထက် အငြင်းပွားမှုများဟိုသာ ဖြစ်စေအယ်။
အချို့သောသူလို့ ပြုလေ့ဆိသလို အတူတကွ စည်းဝေးခြင်းအမှုဟို မပစ်ပယ်ဘဲ အချင်းချင်း တိုက်တွန်းနှိုးဆော်ယွေ့ နေ့ရက် နီးကပ်လာတာဟို တွေ့မျော်သလို သာယွေ့ အားပေးကြစို့။
အားပေမဲ့ နင်လို့တွင် အပစ်ရဲ့ လှည့်စားမှုကျောန့် စသူမျှ စိတ်နေလုံး မာကျောခြင်း မဆိစေရန် ခနေ့ဟုခေါ်ရသော အချိန်ဆိနေသရွေ့ နေ့စဉ် အချင်းချင်း တိုက်တွန်းနှိုးဆော်ကြလော့။
အေးကျောန့် နင်လို့ဟ ဟေအကျောန်းအရာများဟို သိဆိကြယွေ့ နင်လို့တွင် ဆိသော သမ္မာတရားနှိုက် ခိုင်ခံ့မြဲမြံကြပီ ဖြစ်သော်လည်း ၎င်းလို့နဲ့ ပတ်သက်ယွေ့ နင်လို့ဟို အစဉ် သတိပေးနှိုးဆော်ရန် ငါကြံရွယ်ထားအယ်။
အဲလိုလဲ ချစ်လှစွာသော သူလို့ နင်လို့ဟ မိမိလို့ရဲ့ ရမ်းဆာ့သန့်ဆှင်းသော ယုံကြည်ခြင်းအပေါ်နှိုက် မိမိလို့ကိုယ်ဟို တည်ဆောက်လျက် သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် ဆုတောင်းကြလော့။