1 ညီအကိုလို့၊ ဟေအမှုများ ဖြစ်ပျက်မဲ့ အချိန်အခါနဲ့ ကာလများအကျောန်းဟို နင်လို့ဆေ ရေးသားရန် မလိုအပ်ပေ။
ယေရှုဟ သံလွင်တောင်ပေါ်တွင် တကိုယ်တည်း ထိန်နေစဉ် တဘဲ့တော်လို့ဟ အထံတော်ဟို သီးသန့် ချဉ်းကပ်ပင်း “ဟေအမူအရာများဟ ပစာကာလနှိုက် ဖြစ်ပျက်မလော။ ကိုယ်တော် ကြွလာချိန်နဲ့ ကပ်ကမ္ဘာကုန်ဆုံးချိန်နှိုက် ပစာနိမိတ်များ ပေါ်ထွန်းမလော။ ငါလို့အား မိန့်ပါ” ဟု ဆှောက်ထားကြအယ်။
“အဲလိုလဲ အေးအချိန် အဲဟာမဟုတ်ရင် နာရီနဲ့ ပတ်သက်ယွေ့ ခမည်းတော်မှတပါး စသူမှမသိ၊ ခေါန်းခင်ဘုံဆိ ခေါန်းခင်တမန်များလည်း မသိ၊ သားတော်လည်း မသိ။
ယေရှုဟ သူလို့အား “ငါ့အဖရဲ့ ကိုယ်ပိုင် အခွင့်အာဏာအားဖြင့် စီရင်ပြဋ္ဌာန်းထားလဲ့ အချိန်အခါဟို နင်လို့ သိပိုင်ခွင့် ဆိဝူး။
ယုဒပြေဆိ ဘုရားသခင်ရဲ့ လူလို့ဆေ ပေးပို့သော ကူညီထောက်ပံ့နဲ့ ပတ်သက်ယွေ့ နင်လို့အား ငါရေးသားရန် အမန်တကယ် မလိုအပ်ပါ။
အေးလို့မို့ ဟေစကားများအားဖြင့် အချင်းချင်း ခွန်အားပေးကြလော့။
တယောက်နဲ့တယောက် ချစ်ခြင်းမေတ္တာဆိကျောန်း နင်လို့ဆေ ရေးဖို့မလိုဝူး။ နင်လို့တတ်တိုင်း အချင်းချင်း စလိုချစ်သင့်လဲဟို ဘုရားသခင်ဆေမှ သင်ယူထားသောသူများ ဖြစ်ကြအယ်။
ချစ်လှစွာသော မိတ်ဆွေလို့၊ ငါလို့အားလုံးနဲ့ ဆိုင်သော ကယ်တင်ခြင်း အကျောန်းဟို နင်လို့ဆေ ရေးသားပေးပို့ရန် ရမ်းဆာ့ ကြိုးစားလျက် နေစဉ်ခါပင် သန့်ဆှင်းသူလို့ဆေ တခါတည်းနဲ့အပီး ပေးအပ်သော ယုံကြည်ခြင်းအတွက် ကြိုးစား တိုက်ခိုက်ကြမယ့်အကျောန်း နင်လို့အား စာရေးယွေ့ တိုက်တွန်းနှိုးဆော်ရန် လိုအပ်တာဟို ငါတွေ့ရအယ်။