5 ဘုရားသခင်ဟို မသိသော တပါးအမျိုးသားလို့ လိုမျိုး တပ်မက်သော စိတ်ဆန္ဒများရဲ့ အလိုဟို မလိုက်ကြနဲ့။
ဘုရားသခင်ဟို မသိသောသူလို့ဟ အဲလိုမျိုး စိုးရိမ်တတ်ကြအယ်။ ခေါန်းခင်ဘုံဆှင် နင်လို့ရဲ့အဖဟ အဲအရာအားလုံးဟို နင်လို့လိုကျောန်း သိအယ်။
လောကမှာဆိလဲ့ မယုံကြည်သူလို့ဟ အေးအရာအားလုံးအတွက် အမြဲတမ်း စိုးရိမ်ကြအယ်။ နင်လို့ရဲ့ အဖဟ အေးအရာများဟို နင်လို့ အသုံးလိုကျောန်း သိအယ်။
ငါဟ နင်လို့မြို့ဟို လှည့်ပင်း ဘုရားဝတ်ပြုရာ နေရာဟို ကျေ့ခဲ့စဉ် ‘ငါလို့ မသိသော ဘုရားအဖို့’ ဟူယွေ့ ရေးသားထားသော ယဇ်ပလ္လင်တခုဟို ငါ မျော်ခဲ့အယ်၊ အေးလို့ နင်လို့မသိဘဲ ဝတ်ပြုကိုးကွယ်နေသော ဘုရားရဲ့အကျောန်းဟို နင်လို့အား ငါ အခု ဟောပြောအယ်။
အေးကျောန့် ဘုရားသခင်ဟ သူလို့ရဲ့ စိတ်နေလုံး ဆန္ဒများဖြစ်လဲ့ စုတ်ပဲ့သောအရာများဟို ပြုလုပ်ရန် လူလို့အား ပေးခဲ့ပင်း သူလို့ဟ အချင်းချင်းအား ခန္ဓာကိုယ်ဟို ဆှက်စရာကောင်းလဲ့ အရာများဟို ပြုလုပ်ခဲ့အယ်။
သူလို့ဟ အေးလို့ လုပ်ကြသောကျောန့် ဘုရားသခင်ဟ သူလို့ဟို ဆှက်ဖို့ကောင်းလဲ့ ကိလေသာ လက်ဟို အပ်လိုက်အယ်။ သူလို့ထဲမှ မိန်းမများပင် သဘာဝများဟို ဆန့်ကျင်ပင်း သဘာဝမဟုတ်လဲ့ အပြုမူများဘက်ဟို လိုက်ကြအယ်။
အေးမှတပါး သူလို့ဟ ဘုရားသခင်ဟို မသိမှတ်လိုသောကျောန့် ဘုရားသခင်ဟ သူလို့ဟို ယုတ်ညံ့သော စိတ်ဆေဟို အပ်လိုက်သဖြင့် သူလို့ဟ မပြုအပ်သောအရာများဟို ပြုကြကုန်အယ်။
အကျောန်းမှာ ဘုရားသခင်ရဲ့ ဉာဏ်ပညာအရ ဟေလောကဟ မိမိရဲ့ ဉာဏ်ပညာအားဖြင့် ဘုရားသခင်ဟို မသိခဲ့သောကျောန့် ဘုရားသခင်ဟ ဟောပြောခြင်းအမှုရဲ့ မိုက်မဲသောအရာအားဖြင့် ယုံကြည်သောသူလို့ဟို ကယ်တင်ရန် အလိုဆိအယ်။
အမြင်မန် ရကြလော့။ ဆက်ပင်း အပစ် မလုပ်ကြနဲ့။ နင်လို့တွင် အချို့သောသူလို့ဟ ဘုရားသခင်ဟို မသိကြ။ ဟေသို့ ငါဆိုရာနှိုက် နင်လို့ အဆှက်ရစေရန်အတွက် ဖြစ်အယ်။
အတိတ်မှာ နင်လို့ဟ ဘုရားသခင်ဟို မသိခဲ့ကြသဖြင့် နင်လို့ဟ ဘုရားမဟုတ်သော အရာလို့နှိုက် ကျွန်ခံခဲ့အယ်။
အေးအချိန်တွင် နင်ဟ ခရစ်တော်နဲ့ ကွဲကွာနေခဲ့ကြအယ်။ ဣသရေလနိုင်ငံသား ဖြစ်ခွင့်မှ ဖယ်ထုတ်ထားသော ကတိတော်ရဲ့ ပဋိညာဉ်များတွင် နိုင်ငံခြားသားများနဲ့ မသက်ဆိုင်၊ ဟေလောကနှိုက် မျှော်လင့်ခြင်း မဆိ၊ ဘုရားမဲ့လျက် နေခဲ့ကြအယ်။
အဲကျောန့် မတရားသော မေထုန်နှိုက် မှီဝဲခြင်း၊ ညစ်ညမ်းခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သော တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း ဖြစ်သော လောဘလွန်ကျူးခြင်းဟူသော မြေကြီးပေါ်မှာဆိသော နင်လို့ရဲ့ ကိုယ်အင်္ဂါလို့ဟို သေစေကြလော့။
ဘုရားသခင်ဟို ငြင်းပယ်သောသူလို့နဲ့ ငါလို့ သခင် ယေရှုနဲ့ ပတ်သက်သော သတင်းကောင်းဟို မနာခံသောသူလို့အား လောင်သောမီးဖြင့် အပစ်စီရင်လိမ့်မယ်။
အကျောန်းမှာ လူမျိုးခြားလို့ရဲ့ ဆန္ဒအတိုင်းပြုလျက် ကာမဂုဏ်လိုက်စားခြင်း၊ တပ်မက်ခြင်း၊ မူးယဇ်ခြင်း၊ အပျော်လွန်ကျုးခြင်း၊ သောက်စားခြင်းနဲ့ ပညတ်တရားဟ တားမြစ်ထားလဲ့ ရုပ်တုကိုးကွယ်ခြင်းလို့တွင် ကျင်လည်ခဲ့လဲ့ လွန်ခဲ့သောအချိန်ဟ နင်လို့အတွက် လောက်ပေအယ်။