Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ သက်သာလောနိတ် 3:3 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

3 အေးကျောန့် နင်လို့တွင် စသူမျှ ဟေညှဉ်းဆဲခြင်းကျောန့် နောက်ဟို မလှည့်ရ။ အေးလို့ နှိပ်စက်ညှဉ်းပန်းမှုများဟ ငါလို့အတွက် ဘုရားသခင်ရဲ့အလိုတော် တစိတ်တပိုင်းဖြစ်ကျောန်း နင်တတ်တိုင်း သိအယ်။

Faic an caibideil Dèan lethbhreac




၁ သက်သာလောနိတ် 3:3
29 Iomraidhean Croise  

အဲလိုလဲ ဟေအမှုအရာများ မဖြစ်ပျက်ခင် လူလို့ဟ နင်လို့အား ဖမ်းဆီးညှဉ်းဆဲကြလိမ့်မယ်၊ နင်လို့အား တရားဇရပ်များတွင် တရားစီရင်ရန် အပ်နှံယွေ့ ထောင်များတွင် အကျဉ်းချ ထားကြလိမ့်မယ်၊ နင်လို့ဟ ငါရဲ့နာမကျောန့် ဘုရင်များနဲ့ အာဏာပိုင်များရဲ့ ဆေ့မှောက်သို့ ရောက်ရကြလိမ့်မယ်။


နင်လို့ဟ တရားဇရပ်များမှ မောင်းထုတ်ခံရလိမ့်မယ်၊ ဟေလောက်မက နင်လို့ဟို သတ်သောသူတိုင်းဟ မိမိလို့ဟ ဘုရားဝတ်ဟို ပြုနေတာဟု ထင်မှတ်သောအချိန်ကာလ ရောက်လာလိမ့်မယ်။


နင်လို့ဟ ငါ့ဟို အမှီပြုယွေ့ ငြိမ်သက်ခြင်း ဆိစေကြရန် ဟေစကားဟို ငါပြောပီ။ နင်လို့ဟ လောကနှိုက် ဆင်းရဲဒုက္ခဟို ခံရကြလိမ့်မယ်။ အဲလိုလဲ မစိုးရိမ်ကြနဲ့၊ ငါဟ လောကဟို အောန်ပီ” ဟု မိန့်အယ်။


တဘဲ့တော်လို့ရဲ့ စိတ်နေလုံးဟို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်းနှိုက် ဆက်ယွေ့ တည်နေကြရန် ခွန်အားပေးကြအယ်။ သူလို့ဟ “ငါလို့သည် ဘုရားသခင်ရဲ့ နိုင်ငံတော်သို့ ဝင်ရန် ရမ်းဆာ့ ဆင်းရဲဒုက္ခများ ဖြတ်သန်းရမယ်” ဟု ဆိုအယ်။


အေးအဆှင်နဲ့ ပတ်သက်ယွေ့ ဒါဝိဒ်မင်းဟ၊ “ ‘ငါဟ ထာဝရဘုရားဟို အချိန်တိုင်း မျော်ရအယ်၊ ငါဟ ဒုက္ခမရောက်စေရန် ကိုယ်တော်ဟ ငါ့ အနီးတွင် ဆိအယ်။


သူဟ ငါလို့ဆေဟို လာယွေ့ ပေါလုရဲ့ ခါးကြိုးဟို ယူပင်းရင် မိမိရဲ့ ခြေနဲ့လက်လို့ဟို တုတ်ချေပင်းနောက် “ဟေ ခါးကြိုးပိုင်ဆှင်အား ယုဒလူများလို့ဟ ယေရုရှလင်မြို့တွင် ဟေလို့ တုတ်ချေယွေ့ လူမျိုးခြားလို့ရဲ့ လက်ဟို အပ်နှံကြလိမ့်မယ်လို့ သန့်ဆှင်းသော ဝိညာဉ်တော် မိန့်အယ်” ဟု ပြောလေအယ်။


အဲလိုလဲ ပေါလုဟ “ပစာကျောန့် ဟေလို့ ငိုကကာ စိတ်နေလုံး ကြေကွဲနေကြလုန်း၊ ငါဟ သခင် ယေရှုနာမအားဖြင့် ယေရုရှလင်မြို့တွင် တုတ်ချေခံရန် သာမက အေးမှာ အသေခံရန်ပင် အသင့်ဆိပါအယ်” လို့ ပြန်ဖြေအယ်။


အကျောန်းမှာ ငါရဲ့ နာမတော် အတွက် စလောက် ဒုက္ခဆင်းရဲခံရမယ်ဟို သူ့အား ငါတတ်တိုင်း ဖော်ပြမယ်” ဟု မိန့်အယ်။


ဆင်းရဲဒုက္ခများဟိုလည်း ငါလို့ ဝါကြွားကြအယ်၊ ပစာကို့ ဆင်းရဲဒုက္ခဟ သည်းခံခြင်းဟို ဖြစ်စေတတ်ကျောန်း ငါလို့ သိကြအယ်။


အဲလိုမို့ ချစ်သော ညီအကို မောင်နှမလို့၊ နင်လို့ဟ သခင်ဘုရားနှိုက် နင်လို့ရဲ့ ကြိုးပမ်းအားထုတ်မှုဟ အလကားကား မဖြစ်ကျောန်း သိမှတ်ယွေ့ ရွေ့လျော့တိမ်းယိမ်းခြင်း မဆိဘဲလျက် သခင်ဘုရားရဲ့ အမှုတော်ဟို နင်လို့တတ်တိုင်း ပြေ့စုံစွာ အစဉ်အမြဲ ကြိုးစားအားထုတ်ကြလော့။


ဘုရားသခင်ဟ တမန်တော်ဖြစ်သော ငါလို့ဟို နောက်ဆုံးတွင် ထားယွေ့ အသေသတ်ခြင်း ခံရလဲ့သူများလို ထုတ်ပြပီဟု ငါ ထင်မှတ်အယ်။ ပစာကို့ ငါလို့ဟ ခေါန်းခင်တမန်ဆေ့နှိုက် ဖြစ်စေ၊ လူလို့ဆေ့နှိုက် ဖြစ်စေ၊ တလောကလုံးအတွက် ရှုစားစရာ ဖြစ်လာကြအယ်။


အဲလို့မို့ ငါဟ နင်လို့အတွက် ဆင်းရဲသောကျောန့် စိတ်ဓာတ်မကျစေနဲ့ ဟု ငါတောင်းပန်အယ်။ အဲအရာတွေဟ နင်လို့ရဲ့ အကျိုးအတွက်ပါ။


နင်လို့ရဲ့ ရန်သူများဟို မကြောက်ကြနဲ့။ အခါခပ်သိမ်း ရဲရင့်ကြလော့။ ဟေအရာပင်လျှင် ရန်သူလို့အတွက် ရှုံးနိမ့်ခြင်း ဖြစ်ကျောန်းနဲ့ နင်လို့ အောန်မြင်ခြင်းဖြစ်ကျောန်းဟို သူလို့အား သက်သေပြလိမ့်မယ်။ ပစာကို့ နင်လို့အား အောန်ပွဲခံစေသောသူဟ ဘုရားသခင် ဖြစ်အယ်။


အဲလိုမို့ နင်လို့ဟ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို အုတ်မြစ်လို ခိုင်မာစေရန် ဆက်လက် ထိန်းသိမ်းရကြမယ်၊ နင်လို့ဟ ဧဝံဂေလိတရားဟို ကြားသိရသောအခါ ရဆိခဲ့သော မျော်လင့်ခြင်းမှ နင်လို့တတ်တိုင်း မယိမ်းယိုင်စေနဲ့။ ကမ္ဘာအနှံ့အပြားသို့ ဟောပြောရန်ဖြစ်သော အဲဧဝံဂေလိတရားအတွက် အစေခံဟ ငါ ပေါလုပင် ဖြစ်အယ်။


အကျောန်းမှာ ဘုရားသခင်ဟ ငါလို့ဟို အူထော့တာ သက်ရောက်စေရန် သတ်မှတ်ထားတာ မဟုတ်ဘဲ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်အားဖြင့် ကယ်တင်ခြင်းဟို ရဆိစေရန် သတ်မှတ်ထားအယ်။


အေးကျောန့် ငါလို့ဟ ဘုရားသခင်ရဲ့ အသင်းတော်များနှိုက် နင်လို့အကျောန်းဟို ဝါကြွားကြအယ်။ နင်ကြုံတွေ့နေရသော နှိပ်စက်ညှဉ်းပန်းမှုနဲ့ ဆင်းရဲဒုက္ခအားလုံးဟို နင်ဆက်လက်ခံနိန်ရည်ဆိပင်း ယုံကြည်ပုံနဲ့ပတ်သက်ယွေ့ ငါလို့ ကြွားဝါပါအယ်။


အဲကျောန့် ငါလို့ရဲ့ သခင်ဘုရားအကျောန်း သက်သေခံတာဟို လည်းကောင်း၊ ငါဟ ကိုယ်တော်အတွက် အကျဉ်းသားဖြစ်တာဟို လည်းကောင်း၊ ဆှက်ကြောက်ခြင်း မဆိဘဲ ဘုရားသခင်ရဲ့ တန်ခိုးတော်အားဖြင့် ကောင်းမြတ်သော သတင်းကောင်းအတွက် ငါနဲ့အတူ ဆင်းရဲဒုက္ခဟို ခံလော့။


နင်လို့ဟ ဟေအတွက် ခေါ်ခြင်းခံရအယ်။ ပစာကို့ ခရစ်တော်ဟလည်း နင်လို့ဟို မိမိခြေရာတော်အတိုင်း လိုက်ဆှောက်စေရန် နင်လို့အစား ဆင်းရဲဒုက္ခခံရလျက် နင်လို့အတွက် စံနမူနာဟို ထားပေးအယ်။


နင် ခံစားရတော့မဲ့ ဒုက္ခဝေဒနာများဟို မကြောက်နဲ့၊ ကျေ့ရှုလော့။ နင်ဟ စုံစမ်းခြင်းဟို ခံရမဲ့အကျောန်း မာရ်နတ်ဟ နင်လို့အထဲမှ အချို့လို့ဟို ထောင်ထဲနှိုက် ထည့်ထားလိမ့်မယ်။ နင်လို့ဟ ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခဟို ခံရကြလိမ့်မယ်။ အသေခံရလဲ့တိုင်အောန် သစ္စာစောင့်လော့။ အဲလိုပြုရင် အသက်သရဖူဟို နင့်အား ငါ ပေးမယ်။


ပစာအရပ်တွင် နင် နေထိန်တာဟို ငါသိအယ်၊ နင်ဟ စာတန်ရဲ့ ပလ္လင်ဆိရာအရပ်တွင် နေထိန်အယ်။ ငါရဲ့ ဘက်မှာ သစ္စာဆိစွာ သက်သေခံသူ အန္တိပဟ စာတန် နေထိန်ရာတွင် အသတ်ခံရချိန်နှိုက်ပင် နင်ဟ ငါရဲ့ သစ္စာဟို စောင့်ယွေ့ ယုံကြည်ခြင်းဟို မဖယ်လော။


Lean sinn:

Sanasan


Sanasan