5 မြှောက်ထိုးပင့်ခေါ်သော စကားဖြင့် ငါလို့ဟ နင်လို့ဆေဟို မလာကျောန်း ကောင်းစွာသိအယ်၊ ငါလို့ဟ လောဘကို ဖုံးကွယ်ရန် စကားလုံးများဟို မသုံးခဲ့ကျောန်း ဘုရားသခင်ဟ ငါလို့ရဲ့ သက်သေ ဖြစ်အယ်။
အဲပင်းရင် သူလို့ဟ မိမိလို့ရဲ့ တဘဲ့များဟို ဟေရုဒ်ရဲ့ ပါတီဝင်တချို့နဲ့အတူ အထံတော်ဟို စေလွှတ်ပင်းရင် “ဆရာ၊ ဆရာဟ သမ္မာတရားဟို ပြောကျောန်း ငါလို့သိအယ်။ တခြားသူများ စလိုထင်ကျောန်းဟို ဂရုမစိုက်ဘဲ လူလို့အတွက် ဘုရားသခင်ရဲ့ အလိုတော်အကျောန်း သမ္မာတရားဟို သွန်သင်အယ်။ ပစာကို့ စသူရဲ့ အဆင့်အတန်းဟိုမှ အလေးမထားပါ။
“သူတော်ကောင်းဟန်ဆောင်သူ ဖာရိရှဲနဲ့ ကျမ်းတတ်ဆရာလို့၊ နင်လို့ဟ အမင်္ဂလာ ဆိကြအယ်။ အကျောန်းမှာ နင်လို့ဟ ခေါန်းခင်နိုင်ငံတော်ဟို လူလို့ဆေ့နှိုက် ထင်ခါး ပိတ်ထားယွေ့ နင်လို့ တတ်တိုင်းလည်း မဝင်၊ ဝင်ရန် ကြိုးစားသူများဟိုလည်း ဝင်ခွင့် မပြုကြ။
ငါဟ သူတပါးရဲ့ ဆွေ၊ ငွေ၊ အဝတ်အစားများဟို လိုချင်တပ်မက်ခြင်း မဆိ။
ဟေအကျောန်းအရာနဲ့ ပတ်သက်ယွေ့ ငါ့အတွက် သက်သေခံပေးသူမှာ သားတော်ရဲ့ သတင်းကောင်းဟို ဟောပြောခြင်းနှိုက် စိတ်နေလုံး အကြွင်းမဲ့ အစေခံသော ဘုရားသခင်ဟ ငါ့ရဲ့ သက်သေ ဖြစ်အယ်။
အကျောန်းမှာ သူလို့ဟ ငါလို့ရဲ့ အဆှင် ခရစ်တော်ရဲ့ အစေဟို ခံသူများ မဟုတ်ဘဲ၊ သူလို့ရဲ့ ကိုယ်ပိုင်အရာကိုယ်သာ စိတ်ဝင်စားကြသူများ ဖြစ်ကြအယ်။ သူလို့ရဲ့ ချိုသာသော စကားများနဲ့ မြှောက်ပင့်သော စကားများဖြင့် အပစ်မဲ့သူလို့ဟို လှည့်စားတတ်ကြအယ်။
ခရစ်တော်နှိုက် အမန်တရားဟို ငါ ပြောအယ်။ ငါ ဝါဝူး။ ငါတတ်တိုင်း သိသောစိတ်ဟ သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် အတည်ပြုအယ်။
နင်လို့ဆေဟို ငါစေလွှတ်ခဲ့လဲ့သူများထဲမှ တစုံတယောက်အားဖြင့် နင်လို့ဟို ငါအမြတ်ထုတ်ခဲ့ဖူးသလော။
ငါလို့ဟ ဆေးပေါသော ကုန်သွယ်အဖြစ် ဘုရားသခင်ရဲ့ သတင်းစကားဟို ကိုင်တွယ်ဆောင်ရွက်သော အခြားသောသူများနဲ့ မတူဘဲ ဘုရားသခင်ဟ ငါလို့အား စေလွှတ်သောကျောန့်၊ ခရစ်တော်ရဲ့ အစေခံများ အဖြစ်၊ ငါလို့ဟ သူရဲ့ အထံတော်နှိုက် စိတ်ရင်းမန်ဖြင့် ပြောဆိုကြအယ်။
ငါလို့ဟ လျှို့ဝှက်ယွေ့ ဆှက်ဖွယ်ကောင်းသော အကျင့်ဟို ပယ်ဆှားယွေ့၊ လှည့်ဖြားခြင်း မပြု၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟို အတုအယောင်မပြု။ အမန်တရားရဲ့ အလင်းတွင် ငါလို့ဟ ဘုရားသခင်ဆေ့နှိုက် နေထိန်ပင်း လူတိုင်းရဲ့ ကောင်းမြတ်သော ဩတ္တပ္ပစိတ်တွင် မိမိတတ်တိုင်း ချီးမွန်းရန် ကြိုးစားကြအယ်။
နင့်စိတ်နေလုံးတွင် ငါလို့အတွက် နေရာပေးမန့်။ ငါလို့ဟ စသူ့ဟိုမှ မပစ်မားဝူး၊ စသူ့ဟိုမှ မဖျက်ဆီးဝူး၊ စသူ့ဟိုမှ အခွင့်ကောင်းယူဖို့ မကြိုးစားဝူး။
ငါရေးတာဟ အမန်ဖြစ်အယ်။ ငါမဝါဘူး ဆိုတာ ဘုရားသခင် သိအယ်၊
ငါလို့ဟ ယုံကြည်သူဖြစ်သော နင်လို့တွင် စလိုသန့်ဆှင်းဖြူစင် မန်ကန်စွာပြုမူလျက် အပစ်တင်စရာ မဆိရလေအောန် နေထိန်ခဲ့တာဟို နင်လို့နဲ့ ဘုရားသခင်ဟ ငါလို့ရဲ့ သက်သေများဖြစ်ကြအယ်။
သောက်ကြူးသောသူ မဖြစ်စေရ၊ အဲသူဟ ကြမ်းကြုတ်သောသူ မဟုတ်ဘဲ နူးညံ့သိမ်မွေ့သောသူ၊ ငြိမ်းချမ်းမှုဟို လိုလားသောသူ ဖြစ်ပင်း ပိတ်ဆန်ဟို တပ်မက်သောသူ မဖြစ်ရ။
အဲတိုင်းတိုင်း သင်းထောက်လူကြီးများဟလည်း စာရိတ္တ ကောင်းမွန်ယွေ့ ရိုးသားသောသူများ ဖြစ်ရမယ်။ သူလို့ဟ စပျစ်ယေဟို သောက်ကြူးသူများ၊ ပိတ်ဆန်ဟို တပ်မက်သောသူများ မဖြစ်စေရ။
အကျောန်းမှာ အသင်းတော် ခေါင်းဆောင်ဟ ဘုရားသခင်ရဲ့ ဘဏ္ဍာစိုးဖြစ်သလိုမျိုး အပစ်တင်စရာမဆိသောသူ ဖြစ်ရမယ်။ သူဟ စိတ်ထင်သလိုလုပ်တတ်သောသူ၊ စိတ်တိုသောသူ၊ အရက်သောက်သောသူ၊ ကြမ်းတမ်းသောသူ၊ မသန့်ဆှင်းလဲ့ အကျိုးစီးပွားဟို တပ်မက်သောသူ မဟုတ်ဘဲ။
နင်လို့ဟ မိမိလို့နှိုက် အပ်ထားသော ဘုရားသခင်ရဲ့ သိုးများဟို ဂရုစိုက်ကြလော့။ တာဝန်ဝတ္တရားအရ မဟုတ်ဘဲ ဘုရားသခင်ရဲ့ အမှုတော်ဟို ဆောင်ရွက်လဲ့ အနေဖြင့် ဝမ်းသာစွာ စောင့်ထိန်းကြလော့။ အဖိုးအခ ရဆိရန်အတွက် မဟုတ်ဘဲ စေတနာစိတ်နဲ့ လုပ်ဆောင်ကြလော့။
အကျောန်းမှာ သူလို့ဟ အလကားကား ချဲ့ထွင်ဝါကြွားလျက် မားယွင်းခြင်းနှိုက် အသက်ဆှင်နေထိန်သော သူလို့ထဲမှ လွတ်မြောက်ခါစ ဆိသော သူလို့ဟို သွေးသားဇာတိရဲ့ တပ်မက်ခြင်းနဲ့ ကာမဂုဏ်လိုက်စားခြင်းလို့ဖြင့် လှည့်စားဆွဲဆောင်ကြအယ်။
သူလို့ဟ လောဘစိတ်ဖြင့် လုပ်ကြံဖန်တီးသော စကားများဟို ပြောဆိုလျက် နင်လို့အပေါ် အမြတ်ထုတ်ကြလိမ့်မယ်။ သူလို့ ခံရမဲ့ ပစ်ဒဏ်စီရင်ခြင်းဟ ဆေ့မခင်ကပင် ဖင့်နှေးခြင်း မဆိ။ သူလို့ရဲ့ ပျက်စီးခြင်းဟလည်း အိပ်ယွေ့ မမွေ။
သူလို့ဟ အမင်္ဂလာဆိကြအယ်။ အကျောန်းမှာ သူလို့ဟ ကာဣနရဲ့ လမ်းစဉ်ဟို လိုက်ယွေ့ အခကြေးငွေအတွက် ဗာလမ်ရဲ့ မားယွင်းခြင်းထဲဟို ကျရောက်သွားကာ ကောရရဲ့ ဆန့်ကျင်မှုမျိုးနှိုက် ပျက်စီးဆုံးရှုံးကြအယ်။