Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ သက်သာလောနိတ် 2:19 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

19 ငါလို့ သခင် ယေရှု ခရစ် ကြွလာသောအခါ ကိုယ်တော်ရဲ့ဆေ့နှိုက် ငါလို့ရဲ့ မျှော်လင့်စရာအကျောန်း၊ ဝမ်းမြောက်စရာအကျောန်းနဲ့ ဝါကြွားစရာ သရဖူဖြစ်မဲ့သူမှာ စသူလုန်း၊ နင်လို့ပင် မဟုတ်လော။

Faic an caibideil Dèan lethbhreac




၁ သက်သာလောနိတ် 2:19
35 Iomraidhean Croise  

အကျောန်းမှာ လူသားဟ မိမိအဖရဲ့ ဘုန်းအသရေဟို ဆောင်လျက် ခေါန်းခင်တမန်များနဲ့ အတူ ကြွလာလိမ့်မယ်။ အဲအခါ လူအပေါင်းလို့အား မိမိလို့ရဲ့ အကျင့်အလျောက် အကျိုးအပစ်ဟို ဆပ်ပေးလိမ့်မယ်။


ဟေဘုရားတရားမဲ့နဲ့ ဆိုးသွမ်းသောနေ့နှိုက် နင်ဟ ငါနဲ့ ငါ့သွန်သင်ချက်ဟို ဆှက်ရင်၊ သန့်ဆှင်းသော ခေါန်းခင်တမန်လို့နဲ့အတူ ခမည်းတော်ဟ ဘုန်းတန်ခိုးနဲ့ ကြွလာသောအခါ လူသားဟ နင်လို့ဟို ဆှက်လိမ့်မယ်။”


ယေရှုဟ “ငါ ကြွလာလဲ့တိုင်အောန် သူ့အား အသက်ဆှင်စေရန် ငါအလိုဆိရင် နင်နဲ့ စလိုဆိုင်တုန်း၊ နင်ဟ ငါ့နောက်ဟို လိုက်လော့” ဟု မိန့်အယ်။


အားပေမဲ့ လူအသီးသီးလို့ဟ မိမိလို့ အလှည့်အတိုင်း ဆှင်ပြန်ထမြောက်ရကြမယ်။ ခရစ်တော်ဟ အဦးသီးသော အသီးဖြစ်အယ်။ ခရစ်တော်ဟ ကြွလာသောအခါ တဘဲ့တော်ဖြစ်သော သူလို့ဟ ဆှင်ပြန်ထမြောက်ခြင်းသို့ ရောက်ကြလိမ့်မယ်။


အဲလိုမို့ သခင်ဘုရား ကြွလာမမူမီ စလိုအရာဟိုမျှ အချိန်မတန်ဘဲ မစီရင်ကြနဲ့။ အဲသခင်ဟ မိုက်ထဲနှိုက် အောန်းထားသောအရာလို့ဟို အလင်းဟို ယူဆောင်လာပင်း စိတ်နေလုံး အကြံစည်လို့ဟို ထင်ဆှားစေလိမ့်မယ်။ အဲအခါ လူအသီးသီးလို့ဟ ဘုရားသခင်ဆေမှ ချီးမွန်းခြင်းဟို ခံရကြလိမ့်မယ်။


ခေါန်းခင်ဟို ထွန်းလင်းစေသော ကြယ်များလို နင်လို့ဟ ထွန်းလင်းရမယ်။ အဲသို့အားဖြင့် ငါဟ အကျိုးမဆိဘဲလျက် ပြေးတာ မဟုတ်၊ အကျိုးမဆိဘဲလျက် ကြိုးစားအားထုတ်တာ မဟုတ်ကျောန်းဟို ငါထောက်ယွေ့ ခရစ်တော်ရဲ့ နေ့ရက်နှိုက် ဝါကြွားဝမ်းမြောက်ခြင်း ဆိလိမ့်မယ်။


အဲကျောန့် ညီအကို မောင်နှမလို့၊ ငါရဲ့ ဝမ်းမြောက်ခြင်းအကျောန်းနဲ့ ငါရဲ့ သရဖူဖြစ်လဲ့ နင်လို့ဟို အကျောန်းပြုယွေ့ ရမ်းဆာ့ ဝမ်းမြောက်ယွေ့ ဂုဏ်ယူဝါကြွားအယ်။ ချစ်သော ညီအကို မောင်နှမလို့ ငါလို့ဆိုခဲ့လဲ့အတိုင်း သခင်ဘုရားနှိုက် ခိုင်မြဲစွာ ရပ်တည်ကြလော့။


အကယ်စင်စစ် နင်လို့ဟ ငါလို့ရဲ့ ဘုန်းအသေရေနဲ့ ဝမ်းမြောက်ခြင်း ဖြစ်ကြအယ်။


ဟေနည်းအားဖြင့် နင်လို့ရဲ့ စိတ်နေလုံးဟို ခွန်အားပေးသဖြင့်၊ ငါလို့ သခင် ယေရှုဟ မိမိနဲ့ဆိုင်သော သူအပေါင်းလို့နဲ့အတူ ကြွလာသောအခါ ငါလို့ရဲ့ ဘုရားသခင်နဲ့ ခမည်းတော်ရဲ့ဆေ့တွင် အပစ်တင်ခွင့် မဆိသော သန့်ဆှင်းမြင့်မြတ်သူများ ဖြစ်ကြရမယ်။


သခင်ဘုရားရဲ့ သွန်သင်ချက်ဟ အခု ငါလို့သင်ကြားသောအရာ ဖြစ်အယ်၊ သခင်ဘုရား ကြွလာသောနေ့နှိုက် အသက်ဆှင်လျက် ဆိကြသူ ငါလို့ဟ သေသောသူလို့ထက် အရင်ရောက်ကြလိမ့်မယ် မဟုတ်။


ငြိမ်သက်ခြင်းရဲ့အဆှင် ဘုရားသခင်တတ်တိုင်း နင်လို့ဟို အကုန်အစင် သန့်ဆှင်းစေသော။ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော် ကြွလာသောအခါ နင်လို့ရဲ့ ဝိညာဉ်၊ စိတ်နေလုံး၊ ကိုယ်ခန္ဓာဟို အပစ်တင်စရာ မဆိစေရန် စောင့်ဆှောက်ပါစေသော။


အေးကျောန့် ငါလို့ဟ ဘုရားသခင်ရဲ့ အသင်းတော်များနှိုက် နင်လို့အကျောန်းဟို ဝါကြွားကြအယ်။ နင်ကြုံတွေ့နေရသော နှိပ်စက်ညှဉ်းပန်းမှုနဲ့ ဆင်းရဲဒုက္ခအားလုံးဟို နင်ဆက်လက်ခံနိန်ရည်ဆိပင်း ယုံကြည်ပုံနဲ့ပတ်သက်ယွေ့ ငါလို့ ကြွားဝါပါအယ်။


ဆင်းရဲဒုက္ခခံရသော နင်လို့အားလည်း ငါလို့လိုမျိုး သက်သာရာရစေမယ်။ သခင် ယေရှုဟ တန်ခိုးကြီးသော ခေါန်းခင်တမန်များနဲ့ ခေါန်းခင်ဘုံမှ ပေါ်ထွန်းလာသောအခါ သူဟ အေးအရာများဟို ပြုလုပ်လိမ့်မယ်၊


ညီအကိုလို့၊ ငါလို့ သခင် ယေရှု ခရစ်ရဲ့ ကြွလာခြင်း အကျောန်းနဲ့ ကိုယ်တော်ဆေနှိုက် ငါလို့အတူတကွ စုဝေးခြင်း အကျောန်းနဲ့ ပတ်သက်ပင်း နင်လို့ဟို ငါလို့ ပြောအယ်။


ကြီးမြတ်လဲ့ ဘုရားသခင်ဖြစ်သော ငါလို့ရဲ့ ကယ်တင်ဆှင် ယေရှုခရစ်တော်ရဲ့ ဘုန်းတော်ပေါ်ထွန်းခြင်းတည်းဟူသော မင်္ဂလာဆိသော မျှော်လင့်ခြင်းဟို စောင့်မျှော်ရန်လည်းကောင်း သွန်သင်လျက်ဆိအယ်။


အဲကျောန့် ညီအကို မောင်နှမလို့၊ နင်လို့ဟ သခင်ဘုရား ကြွလာလဲ့တိုင်အောန် သည်းခံယွေ့ စောင့်နေကြလော့။ လယ်သမားဟ မိမိမြေမှ ဖိုးထိုက်သော အသီးနှံများ ထွက်ရန် မိုးဦးနဲ့ မိုးနှောင်း ရွာပီးလဲ့တိုင်အောန် စောင့်မျော်တတ်အယ်။


နင်လို့ဟလည်း သည်းခံယွေ့ စောင့်မျော်နေကြလော့။ သခင်ဘုရား ကြွလာလဲ့ နေ့ရက်ကာလဟ နီးကပ်လာပီ ဖြစ်ယွေ့ နင်လို့ရဲ့ မျော်လင့်ချက်ဟို ခိုင်မာစေကြလော့။


အေးလို့လုပ်ရင် သိုးထိန်းကြီး ပေါ်လာသောအခါ မှေးမှိန်ခြင်း မဆိသော ဘုန်းအသရေနဲ့ပြေ့စုံလဲ့ သရဖူဟို နင်လို့ ရဆိလိမ့်မယ်။


အကျောန်းမှာ ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ တန်ခိုးတော်နဲ့ ကြွလာခြင်းလို့ဟို နင်လို့အား ပြောပြသောအခါ ပါးနပ်စွာ ဖန်တီးထားသော ဒဏ္ဍာရီများဟို အသုံးပြုတာ မဟုတ်။ ငါလို့ဟ အေးအဆှင်ရဲ့ ကြီးမြတ်သော တန်ခိုးဟို တတ်တိုင်း မျော်တွေ့ရသူများ ဖြစ်ကြအယ်။


“ကိုယ်တော်ရဲ့ ကြွလာခြင်းနဲ့ဆိုင်သော ကတိတော်ဟ ပစာမာဆိလုန်း။ ဆေ့ဖိုးဖေးများ အိပ်မွေခဲ့လဲ့ အချိန်မှ စယွေ့ ခပ်သိမ်းသော အရာလို့ဟ ဖန်ဆင်းခြင်းရဲ့ အစကအတိုင်း ဆက်ယွေ့တည်နေတာ မဟုတ်လော့” ဟု ပြောဆိုလိမ့်မယ်။


အဲကျောန့် လူပဲ့သငယ်လို့၊ ငါလို့ဟ ကိုယ်တော်ပေါ်ထွန်းသောအခါ ယုံကြည်စိတ်ချမှု ဆိယွေ့ ကိုယ်တော်ကြွလာလဲ့တိုင်အောန် ဆေ့တော်နှိုက် ဆှက်ကြောက်ခြင်း မဆိစေရန် ကိုယ်တော်နှိုက် တည်နေကြလော့။


နင်လို့အား မားယွင်းခြင်းနဲ့ ကင်းစေရန် စောင့်ဆှောက်နိန်စွမ်းဆိယွေ့ နင်လို့ဟို အပစ်ကင်းစင်လျက် ရွင်မြူးသောစိတ်ဖြင့် ဘုန်းအသရေတော် ဆေ့နှိုက် ရပ်နိန်သော —


ကျေ့လော့။ ကိုယ်တော်ဟ မိုးချေးသားများဖြင့် ကြွလာအယ်။ အဲအခါ ကိုယ်တော်ဟို ထိုးဖောက်ခဲ့သူလို့မှ စယွေ့ လူအပေါင်းလို့ဟ မိမိလို့ မျက်စေ့ဖြင့် ကိုယ်တော်ဟို တွေ့မျော်ရကြလိမ့်မယ် ကမ္ဘာမြေကြီးပေါ်ဆိ လူမျိုးနွယ်စုအားလုံးဟ ကိုယ်တော်ကျောန့် ရင်ဘတ်စည်တီးလျက် မြည်တမ်းကြလိမ့်မယ်။ အာမင်။


ယေရှုဟ “ကျေ့လော့၊ ငါဟ အလျင်အမြန် လာမယ်။ ငါပေးမဲ့ အကျိုးအပစ်ဟို ယူဆောင်လာယွေ့ လူအသီးသီးလို့အား မိမိလို့ ပြုသောအမှုအတိုင်း ငါဆပ်ပေးမယ်။


Lean sinn:

Sanasan


Sanasan