11 အဖဟ ကိုယ့်လူပဲ့သငယ်တွေကို ဆက်ဆံသလို နင်လို့ တယောက်စီတိုင်းကို ငါလို့ဆက်ဆံခဲ့တာ နင်လို့သိအယ်။
ငါ့မှာ ညီ ငါးယောက်ဆိပါအယ်။ သူလို့ဟ ဟေလိုမျိုး ရမ်းဆာ့ ဝေဒနာခံစားရလဲ့ နေရာမျိုးဟို မရောက်လာဖို့တွက် သူလို့အား သတိပေးရန် လာဇရုဟို တို့ဖအိုင်ဟို စေလွှတ်ပေးမန့်’ ဟု တောင်းပန်အယ်။
သူဟ အေးဒေသများဟို ဖြတ်သန်းပင်း ယုံကြည်သူလို့ဟို ခွန်အားပေးစကားများနဲ့ တရားစကားများစွာဟို ပြောကြားအယ်။ အဲပင်းရင် သူဟ အခါယပြေဟို လာခဲ့ယွေ့၊
အေးကျောန့် ငါပြောတာဟ၊ နင်လို့သည် သူလို့ရဲ့ အကြံအစည် အလကားကားဖြစ်သော လူမျိုးခြားလို့ ပြုသလိုမျိုး နောက်ထပ် အသက်ဆှင်မရမယ့်အကျောန်း၊ သခင်ဘုရားနှိုက် တောင်းဆှောက်ကြလော့။
ခရစ်တော်ရဲ့ တမန်တော်များလိုမျိုးပင် ငါလို့ဟ နင့်အား တောင်းဆိုမှုများ ပြုလုပ်နိန်အယ်။ အဲလိုလဲ ငါလို့ဟ နင်နဲ့အတူဆိတုန်းဟ လူပဲ့သငယ်တွေဟို ပြုစုစောင့်ဆှောက်တဲ့ အမေ့တယောက်လို နူးညံ့သိမ်မွေ့သောသူများ ဖြစ်ကြအယ်။
နောက်ဆုံးအနေနဲ့ ညီအကိုလို့၊ နင်လို့ဟ ဘုရားသခင် နှစ်သက်စေရန် နင်စလိုနေထိန်ရမယ်ဟို ငါလို့ဆေမှ သင်ယူခဲ့အယ်။ အေးစာဟ သေချာပင်း နင်နေထိန်ခဲ့တဲ့ နည်းလမ်း ဖြစ်အယ်။ အားပင်း အခုလည်း သခင် ယေရှုရဲ့ နာမတော်နှိုက် နင်လို့အား ငါလို့ တောင်းပန် တိုက်တွန်းနှိုးဆော်အယ်။
ဟေကိစ္စနှိုက် နင်လို့တွင် စသူမျှ ညီအကိုလို့ဟို အမားမလုပ်သင့်၊ သူလို့ဟို အခွင့်ကောင်း မယူသင့်ပါ။ အေးဟာဟို နင်လို့အား အရင်ဟ ငါပြောခဲ့ပင်း ငါလို့ဟ နင်လို့ဟို ပြင်းပြင်းထန်ထန် သတိပေးထားခဲ့အတိုင်း သခင်ဘုရားဟ အေးအမှုပြုသောသူလို့ကို အပစ်ဒဏ်စီရင်လိမ့်မယ်။
အေးလိုမို့ အခုနင်လို့ လုပ်နေလဲ့အတိုင်း အချင်းချင်း ခွန်အားပေးယွေ့ တဦးဟိုတဦး တည်ဆောက်ပေးကြလော့။
အားပင်း ညီအကိုလို့ နင်လို့အား ငါလို့ တိုက်တွန်းနှိုးဆော်တာဟ စည်းမဆိ ကမ်းမဆိနေသော သူလို့ဟို သတိပေး ဆုံးမကြလော့။ စိတ်အားငယ်သော သူလို့ဟို နှစ်သိမ့်ကြလော့၊ အားနည်းသော သူလို့ဟို ကူညီကြလော့၊ လူအားလုံးလို့အပေါ် စိတ်ဆှည်သည်းခံကြလော့။
နင်လို့နဲ့ အတူဆိစဉ်ဟ ဟေအရာများဟို နင်လို့အား ငါပြောခဲ့တာဟို နင်လို့ မမှတ်မိကြသလော။
အေးလို့သော သူလို့ဟ ကိုယ့်အစားအစာကိုယ် စားနိန်ရန်အတွက် အေးဆေးတည်ငြိမ်စွာ အလုပ်လုပ်ကြရန် သခင် ယေရှု ခရစ်တော်နှိုက် ငါလို့ညွှန်ကြားလျက် တိုက်တွန်းနိုးဆော်ကြပါအယ်။
နင်ဟ ဟေအရာလို့ဟို ခွဲခြားခြင်း မဆိဘဲ စောင့်ဆှောက်ယွေ့ စလိုအရာဟိုမျှ ဘက်လိုက်ခြင်း မဆိဘဲ ပြုမူရန် ဘုရားသခင်နဲ့ ခရစ်တော် ယေရှုမှစယွေ့ ရွေးချယ်ခံရသော ခေါန်းခင်တမန်လို့ဆေ့နှိုက် ငါအလေးအနက် တိုက်တွန်းအယ်။
အဲကျောန့် စသူမျှ အပစ်တင်စရာ မဆိစေရန် လူလို့အား ဟေအရာလို့ဟို ညွှန်ကြားလော့။
ခပ်သိမ်းသောအရာလို့အား အသက်ဟို ပေးသော ဘုရားသခင်ရဲ့ဆေ့နှိုက် လည်းကောင်း၊ ပုန္တိပိလတ်ဆေ့တွင် သက်သေခံသောအခါ ကောင်းသောဝန်ခံချက်ဟို ပေးသော ခရစ်တော် ယေရှုရဲ့ ဆေ့နှိုက်လည်းကောင်း နင့်အား ပညတ်တာဟ
ဟေလောကနှိုက် ချမ်းသာသောသူလို့ဟ မာန်မာနကြီးခြင်း၊ မမြဲသော စည်းစိမ်များအပေါ်နှိုက် မျော်လင့်အားထားခြင်း မဆိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံလို့ဟို ငါလို့အား ပေးသော ဘုရားသခင်အပေါ်နှိုက် မျော်လင့်အားထားကြရမယ်။
မိမိလို့ သခင်ဟ ယုံကြည်သူဖြစ်ရင် သခင်ဟ ညီအကိုဖြစ်တာဟု ဆိုလျက် မထီမဲ့မြင် မပြုဘဲ သာယွေ့ ကောင်းစွာ အစေခံကြမန့်၊ ပစာကို့ ကောင်းသောအစေခံရဲ့ အကျိုးဟို ခံစားရသော သခင်ဟ ယုံကြည်သူ ဖြစ်ပင်း မိမိချစ်သောသူလည်း ဖြစ်အယ်။ နင်ဟ ဟေအရာများဟို သွန်သင်ယွေ့ တိုက်တွန်းနှိုးဆော်လော့။
နင်ဟ ဟေအရာများဟို အမိန့်အာဏာအပြေ့အဝဖြင့် ဟောပြောလျက် တိုက်တွန်းနှိုးဆော်ကာ အပစ်ဟို ဖော်ပြလော့။ စသူဟ နင့်ဟို မထီမဲ့မြင် မပြုစေနဲ့။
အေးနည်းတူ ယောက်ျားငယ်လို့အား တည်ငြိမ် မန်ကန်သောစိတ်ဆိကြရန် တိုက်တွန်းနှိုးဆော်ကြလော့။
ကျွန်ဖြစ်သူလို့အား မိမိသခင်ဟို အရာရာနှိုက် နာခံလျက် နှစ်သက်ဖွယ်ဖြစ်စေရန်နဲ့ ဆန့်ကျင်ပြောဆိုခြင်း၊
ညီအကို မောင်နှမလို့၊ ဟေအားပေး တိုက်တွန်းချက်ဟို သည်းခံလျက် နာယူကြရန် နင်လို့အား ငါ တောင်းပန်အယ်၊ အခု နင်လို့ဆေ ငါ ရေးလိုက်သောစာဟ ရမ်းဆာ့ မဆှည်မန့်။
ငါ့လူပဲ့သငယ်လို့ဟ သမ္မာတရားနှိုက် အသက်ဆှင် ဆော့က်လှမ်းနေကျောန်းဟို ကြားရတာထက် ဝမ်းမြောက်စရာ ကောင်းသော အရာဟ ငါနှိုက် မဆိ။