Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ သက်သာလောနိတ် 2:10 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

10 ငါလို့ဟ ယုံကြည်သူဖြစ်သော နင်လို့တွင် စလိုသန့်ဆှင်းဖြူစင် မန်ကန်စွာပြုမူလျက် အပစ်တင်စရာ မဆိရလေအောန် နေထိန်ခဲ့တာဟို နင်လို့နဲ့ ဘုရားသခင်ဟ ငါလို့ရဲ့ သက်သေများဖြစ်ကြအယ်။

Faic an caibideil Dèan lethbhreac




၁ သက်သာလောနိတ် 2:10
26 Iomraidhean Croise  

ငါလို့ဟ ကိုယ်ပြုသောအပစ်နဲ့ အလျောက် ခံရတာမို့ တရားသဖြင့် ခံရကြအယ်၊ အဲလိုလဲ သူဟ ပစာအပစ်မှ မကျူးလွန်ခဲ့” ဟု ဆိုလေအယ်။


သူလို့ ရောက်သောအခါ ပေါလုဟ သူလို့အား “ငါဟ အာရှနယ်ဟို ရောက်လဲ့နေ့မှစပင်း နင်လို့နဲ့အတူ ဆိနေခဲ့လဲ့ အချိန်ကာလ တဆှောက်လုံးတွင် စလို အသက်ဆှင်ခဲ့တာဟို နင်လို့ သိအယ်” ဟု ပြောအယ်။


အေးကျောန့် နင်လို့အားလုံးရဲ့ ဆုံးရှုံးမှုဟ ငါ့မှာ တာဝန်မဆိဝူးဟု ခုနေ့နှိုက် နင်လို့အား ငါ သက်သေခံအယ်။


အေးကျောန့် ငါဟ ဘုရားသခင်ဆေ့ လူလို့ဆေ့တွင် ငါ့ရဲ့ ဩတ္တပ္ပစိတ်ကြည်လင်မှု ဆိစေရန် အမြဲတမ်း ကြိုးစားအားထုတ်ပါအယ်။


ငါလို့ ဩတ္တပ္ပစိတ်ဟ သက်သေခံယွေ့ ဂုဏ်ယူဝါကြွားစရာ တခုဟ ဟေလောကနှိုက် အသက်ဆှင်စဉ်၊ အထူးသဖြင့် နင်လို့နဲ့ ဆက်ဆံရာတွင် လူသားလို့ရဲ့ အသိဉာဏ်ဟို အမှီမပြုဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတော် တန်ခိုးဟို သာလျှင် အမှီပြုယွေ့ ငါလို့ဟ ဘုရားသခင် ပေးသနားသော ရိုးသားမှုနဲ့ ပွင့်လင်းစွာ ပြုမူကျင့်ကြံခြင်းပင် ဖြစ်အယ်။


ပစာကျောန့် ငါဟ နင်လို့ဟို မချစ်သောကျောန့်လော။ ငါ ချစ်ကျောန်းဟို ဘုရားသခင် သိအယ်။


ငါဟ ဝါမပြောကျောန်းဟို သခင် ယေရှုရဲ့ ခမည်းတော်ဖြစ်သော ထာဝရ မင်္ဂလာဆိလဲ့ ဘုရားသခင် သိအယ်။


ငါလို့ဟ လျှို့ဝှက်ယွေ့ ဆှက်ဖွယ်ကောင်းသော အကျင့်ဟို ပယ်ဆှားယွေ့၊ လှည့်ဖြားခြင်း မပြု၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟို အတုအယောင်မပြု။ အမန်တရားရဲ့ အလင်းတွင် ငါလို့ဟ ဘုရားသခင်ဆေ့နှိုက် နေထိန်ပင်း လူတိုင်းရဲ့ ကောင်းမြတ်သော ဩတ္တပ္ပစိတ်တွင် မိမိတတ်တိုင်း ချီးမွန်းရန် ကြိုးစားကြအယ်။


ငါလို့ဟ ပစာကျောန့် သခင်ဘုရားအား ကြောက်ရွံ့ရကျောန်းဟို သိသဖြင့်၊ လူလို့အား စည်းရုံးသိမ်းသွင်းအယ်။ ငါလို့ရဲ့အကျောန်းဟို ဘုရားသခင်ဟ အကြွင်းမဲ့ သိအယ်၊ နင်လို့ဟလည်း ဩတ္တပ္ပစိတ်ထဲဟ ငါ့အကျောန်းဟို သိကြလိမ့်မယ်ဟု ငါ မျော်လင့်အယ်။


နင့်စိတ်နေလုံးတွင် ငါလို့အတွက် နေရာပေးမန့်။ ငါလို့ဟ စသူ့ဟိုမှ မပစ်မားဝူး၊ စသူ့ဟိုမှ မဖျက်ဆီးဝူး၊ စသူ့ဟိုမှ အခွင့်ကောင်းယူဖို့ မကြိုးစားဝူး။


အကျောန်းမှာ ငါလို့ဟ နှုတ်ကပတ်တော်ဖြင့်သာ မဟုတ်ဘဲ တန်ခိုးနဲ့လည်းကောင်း၊ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့လည်းကောင်း၊ သမ္မာတရားကို အပြည့်အဝယုံကြည်ခြင်းအားဖြင့်လည်းကောင်း နင်လို့ဆီဟို ငါလို့ဟ ဧဝံဂေလိတရားကို ဆောင်ခဲ့အယ်။ နင်နဲ့အတူဆိတုန်းဟ ငါလို့ စလိုလိုနေထိန်ခဲ့လဲ နင်လို့ သိကြပင်း အဲအရာဟ နင်ရဲ့ ကောင်းကျိုးအတွက်ပဲ ဖြစ်အယ်။


မြှောက်ထိုးပင့်ခေါ်သော စကားဖြင့် ငါလို့ဟ နင်လို့ဆေဟို မလာကျောန်း ကောင်းစွာသိအယ်၊ ငါလို့ဟ လောဘကို ဖုံးကွယ်ရန် စကားလုံးများဟို မသုံးခဲ့ကျောန်း ဘုရားသခင်ဟ ငါလို့ရဲ့ သက်သေ ဖြစ်အယ်။


အကျောန်းမှာ ငါလို့ရဲ့ စံနမူနာကို နင်စလိုမျိုး လိုက်နာသင့်တာဟို နင်လို့တတ်တိုင်း သိသောကျောန့် ဖြစ်အယ်။ နင်လို့နဲ့အတူဆိတုန်းဟ ငါလို့ ပစာမှ မလုပ်ခဲ့ဝူး၊


နင်ရဲ့ အသက်အရွယ်နုပျိုခြင်းဟို စသူမျှ မထီမဲ့မြင် မပြုစေနဲ့၊ နင်ရဲ့ အပြောအဆို၊ အသက်ဆှင်နေထိန်မှု၊ ချစ်ခြင်း၊ ယုံကြည်ခြင်းနဲ့ သန့်ဆှင်းခြင်းနှိုက် ယုံကြည်သူလို့အတွက် စံနမူနာ ဖြစ်လော့။


အားပေမဲ့ နင်ဟ ငါရဲ့ သွန်သင်ချက်၊ အသက်ဆှင်နေထိန်မှု၊ အကြံအစည်၊ ယုံကြည်ခြင်း၊ စိတ်ဆှည်ခြင်း၊ ချစ်ခြင်းနဲ့ သည်းခံခြင်းလို့နှိုက် လည်းကောင်း၊


နင်လို့အား ခွဲဝေပေးအပ်ထားသော သူလို့အပေါ် စိုးမိုးချယ်လှယ်ခြင်း မလုပ်ဘဲ သိုးစုအတွက် စံနမူနာဖြစ်ကြလော့။


Lean sinn:

Sanasan


Sanasan