Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ သက်သာလောနိတ် 1:6 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

6 နင်လို့ဟလည်း ရမ်းဆာ့သော ဆင်းရဲဒုက္ခထဲနှိုက် သန့်ဆှင်းသော ဝိညာဉ်တော်ဆေမှ ရဆိသော ဝမ်းမြောက်ခြင်းဖြင့် နှုတ်ကပတ်တော်ဟို လက်ခံယွေ့ ငါလို့နဲ့ သခင်ဘုရားဟို အတုယူသူများဖြစ်ကြအယ်။

Faic an caibideil Dèan lethbhreac




၁ သက်သာလောနိတ် 1:6
33 Iomraidhean Croise  

အဲပင်းရင် ယေရှုဟ တဘဲ့တော်လို့အား “စသူမဆို ငါ့တဘဲ့ဖြစ်ချင်ရင် ကိုယ့်ကိုယ်ဟို ငြင်းပယ်ပင်း သူလို့ဟ ကိုယ့်လက်ဝါးကပ်တိုင်ဟို ထမ်းယွေ့ ငါ့နောက်ဟို လိုက်ရမယ်။


တခါ ယေရှုဟ ဖာရိရှဲလို့အား “ငါဟ လောကရဲ့ အလင်းဖြစ်အယ်၊ ငါ့နောက်ဟို လိုက်သောသူဟ အသက်ရဲ့ အလင်းဟို ရယွေ့ ဖယ်ခါမှ မိုက်တွင် သွားလာရလိမ့်မယ် မဟုတ်” ဟု မိန့်အယ်။


အန္တိအုတ်မြို့ဆိ တဘဲ့တော်လို့ဟ ရွှင်လန်းဝမ်းမြောက်ယွေ့ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ ပြေ့ဝလျက် ဆိကြအယ်။


တမန်တော်လို့ဟ ယေရှုရဲ့ နာမတော်ကျောန့် အဆှက်ကွဲခြင်းဟို ခံထိုက်သူများအဖြစ်ဖြင့် ဘုရားသခင် မှတ်သောကျောန့် ဝမ်းမြောက်စွာ တရားလွှတ်တော်မှ ထွက်သွားကြအယ်။


အဲလိုမို့ အေးကာလတွင် ယုဒပြေ၊ ဂါလိလဲပြေနဲ့ ရှမာရိပြေ အရပ်ရပ်လို့တွင် အသင်းတော်ဟ ငြိမ်းချမ်းစွာ နေရလေအယ်။ သခင်ဘုရားအား ကြောက်ရွံ့ ရိုသေသောစိတ်ဖြင့် သက်ဝင်လှုပ်ဆှားလျက် သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ ကူညီအားပေးမှုဖြင့် တည်တံ့ခိုင်မြဲကာ အရေအတွက် တိုးတက် များပြားလာလေအယ်။


နင်လို့ရဲ့ မျော်လင့်ခြင်းဟ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် ဆက်လက် အသက်ဆှင်နိန်ရန်အတွက် မျော်လင့်ခြင်းရဲ့ အရင်းအမြစ်ဖြစ်သော ဘုရားသခင်ဟ နင်လို့ရဲ့ ယုံကြည်ခြင်းအားဖြင့် နင်လို့အား ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်းဟို ပေးသနားပါစေ။


ငါဟ ခရစ်တော်နည်းတူ ကျင့်သလို နင်လို့ဟလည်း ငါ့တိုင်းတိုင်း ကျင့်ကြလော့။


နင်လို့ဟ ငါ့ဟို အစဉ်အောက်မေ့ သတိရယွေ့ ငါပေးအပ်လဲ့ သွန်သင်ချက်အတိုင်း လိုက်နာပြုကျင့်ကြသောကျောန့် နင်လို့အား ငါချီးမွန်းအယ်။


အဲကျောန့် ငါရဲ့ စံနမူဟို လိုက်ကြရန် ငါ တောင်းပန်အယ်။


ဝမ်းနည်းရသော်လည်း အစဉ်ဝမ်းမြောက်လျက် ဆိကြအယ်၊ ဆင်းရဲသောသူလို ဖြစ်သော်လည်း များစွာသော သူလို့ဟို ကြွယ်ဝပြေ့စုံစေအယ်၊ စလိုအရာမျှ မဆိသော်လည်း အလုံးစုံဟို ပိုင်ဆိုင်ကြအယ်။


ဟေသို့ပြုခြင်းဟ ငါလို့ မျော်လင့်တာထက် ပိုအယ်။ သူလို့ဟ ဦးစွာ အရင် မိမိလို့တတ်တိုင်း သခင်ဘုရားရဲ့ အလိုတော်နဲ့အညီ ငါလို့အားလည်း မိမိလို့တတ်တိုင်း ဆပ်ကပ်ကြအယ်။


အဲလိုလဲ ဝိညာဉ်တော်ရဲ့ အသီးအပွင့်ဟ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ဆှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာဆိခြင်း၊


နင်ဟ ဘုရားသခင်ရဲ့ ချစ်လှစွာသော လူပဲ့သငယ်များဖြစ်သောကျောန့်၊ နင်ဟ သူလိုမျိုးတူအောန် ကြိုးစားရမယ် ဖြစ်အယ်။


ညီအကို မောင်နှမလို့၊ နင်လို့ဟ ငါဆေမှ အတုယူကြလော့။ ငါလို့ဆေမှ ရဆိသော စံနမူနာအတိုင်း အသက်ဆှင် ဆှောက်လှမ်းနေကြသော သူလို့ဟိုလည်း ကျေ့ရှုမှတ်သားကြလော့။


အေးကျောန့် ငါလို့ဟ ဘုရားသခင်ရဲ့ အသင်းတော်များနှိုက် နင်လို့အကျောန်းဟို ဝါကြွားကြအယ်။ နင်ကြုံတွေ့နေရသော နှိပ်စက်ညှဉ်းပန်းမှုနဲ့ ဆင်းရဲဒုက္ခအားလုံးဟို နင်ဆက်လက်ခံနိန်ရည်ဆိပင်း ယုံကြည်ပုံနဲ့ပတ်သက်ယွေ့ ငါလို့ ကြွားဝါပါအယ်။


အကျောန်းမှာ ငါလို့ရဲ့ စံနမူနာကို နင်စလိုမျိုး လိုက်နာသင့်တာဟို နင်လို့တတ်တိုင်း သိသောကျောန့် ဖြစ်အယ်။ နင်လို့နဲ့အတူဆိတုန်းဟ ငါလို့ ပစာမှ မလုပ်ခဲ့ဝူး၊


ငါလို့ ဟေအရာဟို လုပ်ရခြင်းမှာ ငါလို့နှိုက် အခွင့်မဆိသောကျောန့် မဟုတ်၊ ငါလို့ဟို အတုယူနိန်ရန် ငါလို့တတ်တိုင်း နင်လို့အား စံနမူနာပြလိုသောကျောန့်သာ ဖြစ်အယ်။


နှုတ်ကပတ်တော်ဟို ဟောပြောလော့၊ အချိန်ဆိတာ ဖြစ်စေ၊ မဆိတာ ဖြစ်စေ၊ ကြိုးစားအားထုတ်လော့၊ အပစ်ဟို ဖော်ပြလော့၊ ဆုံးမခြင်းဟို ပြုလော့၊ ရမ်းဆာ့ဆှည်သောစိတ်နဲ့ ဩဝါဒမျိုးဟို ပေးယွေ့ တိုက်တွန်းနှိုးဆော်လော့။


နင်လို့ဟ အကျဉ်းခံ နေရသူလို့အတွက်ကျောန့် ကြင်နာသော စိတ်ဆိကြအယ်၊ မိမိလို့ရဲ့ ဥစ္စာပစ္စည်းများဟို မတရားသိမ်းယူတာဟိုလည်း ဝမ်းမြောက်စွာ ခံကြအယ်၊ ပစာကို့ မိမိလို့နှိုက် အေးအရာများထက် ပိုယွေ့ ကောင်းမြတ်တည်မြဲသောအရာ ဆိကျောန်းဟို သိကြသောကျောန့် ဖြစ်အယ်။


နင်လို့ဟ အခုအချိန်တွင် စုံစမ်းနှောင့်ယှက်ခြင်း အမျိုးမျိုးကျောန့် အချိန်ခဏ ဝမ်းနည်းရရင်လည်း အထက်နှိုက် ဆိုခဲ့ပင်းသော အကျောန်းကျောန့် ရွင်လန်းခြင်း ဆိအယ်။


နင်လို့ဟ အေးသခင်ဟို မမျော်ဖူးသော်လည်း သူ့ဟို ချစ်ကြအယ်။ အေးသူဟ အခု မမျော်ဖူးသော်လည်း ယုံကြည်ကြပင်း ပြောယွေ့ မမီနိန်သော ဝမ်းမြောက်ခြင်းဖြင့် ရွင်မြူးကာ ဘုန်းတော်ဟို ချီးမွမ်းလျက်


နင်လို့ဟ ကောင်းသောအမှုနှိုက် စိတ်အားထက်သန်ရင် စသူဟ နင်လို့ဟို အန္တရာယ် ပြုမလုန်း။


ချစ်လှစွာသော မိတ်ဆွေ၊ မကောင်းသော အမှုဟို အတုမယူဘဲ ကောင်းသော အမှုဟိုသာ အတုယူကြလော့။ ကောင်းသော အမှုဟို ပြုသောသူဟ ဘုရားသခင်နဲ့ စပ်ဆိုင်အယ်။ မကောင်းသော အမှုဟို ပြုသောသူဟ ဘုရားသခင်ဟို မသိ မမျော်ဖူးပေ။


Lean sinn:

Sanasan


Sanasan