7 ကိုယ်တော်ဟ နင်လို့ဟို ဂရုစိုက်တာ ဖြစ်သောကျောန့် နင်လို့ရဲ့ စိုးရိမ်ပူပန်ခြင်း ဆိသမျှလို့ဟို အထံတော်နှိုက် အပ်နှံကြလော့။
နင်လို့တွင် စသူဟ စိုးရိမ်ခြင်းအားဖြင့် မိမိရဲ့အသက်ဟို နှစ်ကတီလောက် ပိုပင်း ရှည်စေနိန်သလော။
“နင်လို့ဟ ပစာကျောန့် အဝတ်အတွက် စိုးရိမ်ကြလုန်း။ တောနှင်းပန်းများ စလိုဆှင်သန်လာတာဟို ကျေ့ရှုဆင်ခြင်ကြလော့။ အဲပန်းပင်လို့ဟ အလုပ်လည်း မလုပ် အဲဟာမဟုတ်ရင် ချေဖြစ်စေဖို့ မငင်မဝင့်။
“အဲလိုမို့ ‘ငါလို့ ပစာလိုမျိုး စားရမယ် အဲဟာမဟုတ်ရင် သောက်ရမယ် အဲဟာမဟုတ်ရင် ပစာလိုမျိုး ဝတ်ရမယ်’ ဟု မစိုးရိမ်ကြနဲ့။
ယေရှုဟ လှေပဲ့ပိုင်းတွင် မှီအုံးတခုပေါ်မှာ အိပ်မွေ့လျက် နေလေအယ်။ တဘဲ့တော်လို့ဟ ကိုယ်တော်ဟို နှိုးကြပင်းရင် “ဆရာ၊ ငါလို့ သေတော့မဲ့အကျောန်းဟို ကိုယ်တော် ဂရုမစိုက်တော့ဝူးလော” ဟု မေးကြအယ်။
အေးနောက် ယေရှုဟ တဘဲ့တော်လို့ဟို “အေးကျောန့် အသက်ဆှင် နေထိန်ဖို့ လိုအပ်လဲ့ အစားအစာအတွက် စိတ်မပူကြနဲ့၊ နင်လို့ ခန္ဓာကိုယ်မှာ လိုအပ်လဲ့ အဝတ်အစားအတွက် စိတ်မပူကြနဲ့။
သေးလဲ့အမှုဟို စီမံခန့်ခွဲမှု မလုပ်နိန်ရင် ပစာကျောန့် အခြားအကျောန်းအတွက် ပူပန်ကြလုန်း။
သူငှားဟ သူငှားဖြစ်လဲ့အလျောက် သိုးလို့အတွက် ဂရုမစိုက်ဘဲ ထွက်ပြေးတတ်အယ်။
ပစာအမှုဟိုမျှ မစိုးရိမ်ဘဲ ခပ်သိမ်းသောအမှုလို့တွင် ကျေးဇူးတော်ဟို ချီးမွန်းယွေ့ ဆုတောင်းလျက် နင်လို့ လိုသောအရာများဟို ဘုရားသခင်အား ကြားဆှောက်ကြလော့။