8 ချစ်ခြင်းမေတ္တာဟ ရမ်းဆာ့သော အပစ်လို့ဟို ဖုံးအုပ်တတ်တာ ဖြစ်ယွေ့ ခပ်သိမ်းသော အရာလို့ထက် အချင်းချင်းကြားနှိုက် ခိုင်မြဲစွာ ချစ်ခြင်းမေတ္တာနဲ့ ချစ်ကြလော့။
ငါဟ လူ့ဘာသာစကားနဲ့ ခေါန်းခင်တမန် ဘာသာစကားဟို ပြောနိန်သော်လည်း မေတ္တာ မဆိရင် အသံမြည်သော တံပိုးခရာလို လည်းကောင်း၊ တီးသံဟိုသာ ပေးတတ်လဲ့ လင်းကွင်းလို လည်းကောင်း ဖြစ်အယ်။
မေတ္တာဟ စိတ်ရှည်တတ်အယ်။ ကြင်နာသနားတတ်အယ်။ မေတ္တာဟ ဂုဏ်ပြိုင်ခြင်း မဆိ၊ ဝါကြွားခြင်း မဆိ၊ မာန်မာန မဆိ။
ဟေအရည်သွေးများဟို မေတ္တာဖြင့် ဖြည့်စွက်ကြလော့၊ မေတ္တာဟ အရာအားလုံးဟို စုစည်းယွေ့ စည်းလုံးညီညွတ်စေကြလော့။
ငါလို့ဟ နင်လို့ဟို ချစ်သလိုမျိုး နင်လို့ဟလည်း အချင်းချင်းချစ်သော မေတ္တာနှိုက် လည်းကောင်း၊ လူအပေါင်းလို့ဟို ချစ်သော မေတ္တာနှိုက် လည်းကောင်း၊ တိုးပွားယွေ့ ကြွယ်ဝပြေ့စုံမဲ့အကျောန်း သခင်ဘုရား ပြုပါစေသော။
ငါ့ညီအကိုလို့၊ ငါလို့ဟ နင်လို့အတွက် ဘုရားသခင်ဟို အမြဲတမ်း ကျေးဇူးတင်ရမယ်။ အေးလို့ လုပ်ခြင်းဟလည်း မန်ကန်အယ်။ ပစာကို့ နင်လို့ရဲ့ ယုံကြည်ခြင်းဟ ရမ်းဆာ့ တိုးပွားယွေ့ အချင်းချင်းအပေါ်နှိုက် ထားသော နင်လို့တဦးချင်း ချစ်ခြင်းမေတ္တာဟလည်း ပွားများလျက် ဆိအယ်။
ဟေလို့ ပညတ်ရခြင်း ရည်ရွယ်ချက်မှာ စင်ကြယ်သော စိတ်နေလုံး၊ ကောင်းသော အသိစိတ်နဲ့ စစ်မန်သော ယုံကြည်ခြင်းလို့မှ ဖြစ်ပေါ်လာလဲ့ ချစ်ခြင်းမေတ္တာ ဖြစ်အယ်။
နင်လို့ဟ ခရစ်ယာန် ညီအကို မောင်နှမလို့ အနေဖြင့် တဦးဟို တဦး ချစ်ခြင်းမေတ္တာနှိုက် တည်ကြလော့။
ညီအကို မောင်နှမလို့၊ အထူးသဖြင့် ကျိန်ဆိုမှုဟို မပြုကြနဲ့။ ခေါန်းခင်၊ မြေကြီးဟို တိုင်တည်ယွေ့ မကျိန်ဆိုနဲ့။ ပစာအရာဟိုမျှ တိုင်တည်ယွေ့ မကျိန်ဆိုနဲ့။ နင်လို့ဟ ဟုတ်တာဟို “ဟုတ်အယ်” မဟုတ်တာဟို “မဟုတ်ဝူး” ဟုသာ ပြောဆိုကြလော့။ အားမဟုတ်ရင် တရားစီရင်ခြင်းဟို ခံရလိမ့်မယ်။
အပစ်ဆိသောသူဟို မားယွင်းသောလမ်းမှ ပြန်စေသောသူဟ အပစ်ဆိသောသူရဲ့ စိတ်ဝိညာဉ်ဟို သေခြင်းမှ ကယ်တင်ယွေ့ ရမ်းဆာ့သော အပစ်လို့ဟို ဖုံးအုပ်တတ်တာဟု အဲသူဟ သိမှတ်စေ။
နင်လို့ဟ သမ္မာတရားဟို နားထောင်ခြင်းအားဖြင့် နင်လို့ရဲ့ စိတ်ဝိညာဉ်များဟို သန့်ဆှင်းစင်ကြယ်စေကြပင်း ဟန်ဆောင်မှု ကင်းလဲ့ ညီအကိုချင်းချစ်သော မေတ္တာဟို ရဆိကြအယ် ဖြစ်ယွေ့ ရိုးသားလဲ့ နေလုံးသားဖြင့် အချင်းချင်း ခိုင်မြဲစွာ ချစ်ကြလော့။
ချစ်ရသော မိတ်ဆွေ၊ နင့်ရဲ့ စိတ်ဝိညာဉ် ကြီးပွားသလိုမျိုး နင်ဟ အရာရာနှိုက် ကြီးပွားယွေ့ ကျန်းမာပါစေဟု ငါ ဆုတောင်းအယ်။