4 အခုမှာ နင်လို့ဟ အေးလိုမျိုးသော လွန်ကဲလဲ့ အပျော်ကြူးခြင်းနှိုက် သူလို့နဲ့အတူ မပါဝင်ကြသောကျောန့် သူလို့ဟ အံ့ဩလျက် စော်ကားပြောဆိုကြအယ်။
“သူတော်ကောင်းဟန်ဆောင်သူ ကျမ်းတတ်ဆရာနဲ့ ဖာရိရှဲလို့၊ နင်လို့ဟ အမင်္ဂလာဆိကြအယ်။ အကျောန်းမှာ နင်လို့ဟ ပန်းကန်ခွက်များရဲ့ အပြင်ဟို သန့်ဆှင်းအောင် ဆေးကြောကြသော်လည်း နင်လို့ရဲ့ စိတ်အတွင်းမှာဟ လောဘလွန်ကျူးမှုနဲ့ အကြမ်းဖက်မှုလို့ဖြင့် ပြည့်လျက်ဆိနေကြအယ်။
အဲပင်းရင် ရက်ကတစ်ကြာရင် သားငယ်ဟ သူ့ဥစ္စာများဟို ရောင်းချယွေ့ ရသောငွေဟို ယူပင်းရင် ဝေးလှသော ပြေဟို ထွက်သွားအယ်။ သူဟ ဝေးလှသော တိုင်းပြေဟို သွားပင်း သူ့ပိတ်ဆန်ဟို မဆင်မခြင် နေထိန်မှုဖြင့် ဖြုန်းလောပလိုက်အယ်။
အဲလိုလဲ ယုဒအမျိုးသားလို့ဟ လူအုပ်ဟို မျော်သောအခါ၊ မနာလိုစိတ်နဲ့ ပြေ့သဖြင့် ပေါလု ပြောသောစကားများဟို ငြင်းခုံပင်း စော်ကားကြအယ်။
ယုဒလူလို့ဟ သူ့ဟို မကောင်းသောအရာများ အကျောန်းဟို ပြောဆိုသောအခါ၊ ပေါလုဟ မိမိအဝတ်မှ ဖုန်များဟို ပုတ်ချယွေ့ သူလို့အား “နင်လို့ သေကြေပျက်စီးကြရင် နင်လို့ရဲ့ တာဝန်ပင် ဖြစ်အယ်၊ ငါ့မှာ တာဝန် မဆိတော့ပီ။ အခုမှစယွေ့ ငါဟ လူမျိုးခြားလို့ဆေ သွားတော့မယ်” ဟု ဆိုအယ်။
နေ့ရဲ့ အလင်းနှိုက် နေသော လူများအနေဖြင့် ငါလို့ဟ မိမိကိုယ်ကို မန်ကန်စွာ ပြုမူကြပါစို့၊ ပွဲလုပ်ခြင်း၊ သောက်စားမူးယဇ်ခြင်း၊ အကျင့်ယိုယွင်းခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ ရန်ဖြစ်ခြင်းနဲ့ မနာလိုခြင်းလို့ဟို ဆှောင်ကြစို့။
နင်ဟို ဖျက်စီးစေမဲ့ စပျစ်ဝိုင်နဲ့ မယစ်မူးစေနဲ့။ အဲအစား ဝိညာဉ်တော်နဲ့ ပြေ့ဝကြလော့။
ဘုရားဟို မသိသော သူလို့အလယ်တွင် ကောင်းစွာ အသက်ဆှင် နေထိန်ကြလော့။ အေးလို့လုပ်ရင် သူလို့ဟ နင်လို့ဟို မကောင်းမှုပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုပေမဲ့လည်း နင်လို့ရဲ့ ကောင်းသောအမှုဟို မျော်ယွေ့ ဘုရားသခင် ကြွလာသော နေ့ရက်နှိုက် ဘုန်းတော်ဟို ချီးမွန်းကြလိမ့်မယ်။
အဲလိုလဲ နူးညံ့ခြင်းနဲ့ ရိုသေခြင်းဟို ဆိကြလော့။ နင်လို့ဟ ကဲ့ရဲ့ခံရသောအခါ၊ ခရစ်တော်ရဲ့ နောက်လိုက်များ အဖြစ် နင့်ရဲ့ ကောင်းသောအကျင့်ကို မကောင်း ပြောသောသူလို့ဟ သူလို့ ပြောသော စကားအတွက် ဆှက်ကြစေရန် နင်လို့ စိတ်ဟို ကြည်လင်စေကြလော့။
အဲလိုလဲ သူလို့ဟ ဖမ်းဆီးခြင်းနဲ့ ဖျက်ဆီးခြင်း ခံရရန်အတွက် မွေးလာလဲ့ တိရစ္ဆာန်ရိုင်းများလိုမျိုး ဖြစ်ကြပင်း မိမိလို့ နားမလည်လဲ့ အရာများဟို စော်ကားပြောဆိုတတ်ကြအယ်။ သူလို့ဟ အေးတိရစ္ဆာန်များ ပျက်စီးသလိုမျိုး ပျက်စီးသွားယွေ့၊
“ခွေးဟ မိမိအန်ဖက်ဟို ပြန်စားတတ်အယ်။ ရေချိုးပင်းသော ဝက်ဟ ရွှံ့တွင် ပြန်လူးတတ်အယ်” ဟူသော မန်ကန်လဲ့ ဆိုရိုးစကားအတိုင်း အေးသူလို့နှိုက် ဖြစ်ပျက်လေပီ။
သူလို့ဟတော့ မိမိလို့ မသိသောအရာများဟို စော်ကားပြောဆိုကြလျက် ဆင်ခြင်ဉာဏ် မဆိသော တိရစ္ဆာန်များလိုမျိုး ပင်ကိုယ်သဘာဝအရ သိထားလဲ့အရာများနှိုက်ပင် ပျက်စီးခြင်းဟို ရောက်တတ်ကြအယ်။