2 အေးဟာဟ လောကတွင် အသက်ဆှင်ရမဲ့ ကျန်ဆိသေးသော အချိန်ကာလဟို လူလို့ရဲ့ တပ်မက်ခြင်းအားဖြင့် မဟုတ်တော့ဘဲ ဘုရားသခင်ရဲ့ အလိုတော်အားဖြင့် အသက်ဆှင်နိန်ရန် ဖြစ်အယ်။
ခေါန်းခင်ဘုံဆှင် ငါ့ခမည်းတော်ရဲ့ အလိုတော်အတိုင်း ဆောင်ရွက်သူမန်သမျှဟ ငါ့ညီ၊ ငါ့နှမနဲ့ ငါမေ့လို့ဖြစ်အယ်” ဟု မိန့်အယ်။
အဲသူလို့အား ‘နင်လို့ဟ ငါ့ စပျစ်ဥယျာဉ်ဟို သွားပင်း အလုပ်လုပ်ကြ။ သင့်တင့်သော လုပ်အားခဟို ငါပေးမယ်’ ဟု ဆိုသဖြင့်
အေးသား နေယောက်လို့တွင် စသူဟ အဖရဲ့ အလိုဟို ဆောင်ခဲ့လုန်း” ဟု မေးအယ်။ အေးသူလို့ဟ “ပထမ သား ဖြစ်အယ်” ဟု ဖြေကြားကြအယ်။ ယေရှုဟ သူလို့အား “နင်လို့အား ငါ အမန်အကန် ပြောတာဟ အခွန်ခံသူများနဲ့ ပြည့်တန်ဆာများဟ နင်လို့ထက် အရင် ဘုရားသခင်ရဲ့ ခေါန်းခင်နိုင်ငံတော်ဟို ဝင်ကြလိမ့်မယ်။
“ ‘သခင်၊ သခင်’ ဟု ငါ့ဟို ခေါ်သောသူတိုင်း ခေါန်းခင်နိုင်ငံတော်ဟို ဝင်ရလိမ့်မယ် မဟုတ်။ အဲလိုလဲ ခေါန်းခင်ဘုံဆှင် ငါ့အဖရဲ့ အလိုတော်အတိုင်း လိုက်ဆှောက်သူသာရင် ဝင်ရလိမ့်မယ်။
ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ဆောင်ရွက်သူမန်သမျှဟ ငါ့ညီ၊ ငါ့နှမ၊ ငါ့မေ ဖြစ်အယ်” ဟု ပြောလေအယ်။
အကျောန်းမှာ လူအတွင်းဆိ စိတ်နေလုံးထဲမှ မကောင်းသော အကြံများ ထွက်လာအယ်၊ အဲဒီအရာတွေဟ မတရားသော မေထုန်ပြုခြင်း၊ သူ့ဥစ္စာဟို ခိုးခြင်း၊ လူ့အသက်ဟို သတ်ခြင်း၊
သူလို့ဟ သဘာဝနည်းလမ်းဖြင့် ဘုရားသခင်ရဲ့ လူပဲ့သငယ် ဖြစ်လာကြတာ မဟုတ်၊ အဲဟာဟ လူသား အဖတဦးရဲ့ လူပဲ့သငယ်အဖြစ် မွေးဖွားလာခြင်းဖြင့် ဘုရားသခင် တတ်တိုင်းဟ သူလို့ရဲ့ အဖ ဖြစ်အယ်။
စသူမဆို အဲသူရဲ့ အလိုတော်ဟို ဆောင်ရွက်လိုသော ဆန္ဒဆိရင် ဟေသွန်သင်ချက်ဟ ဘုရားသခင်ဆေမှ လာသလော အဲဟာမဟုတ်ရင် ငါဟ ကိုယ့်ဆန္ဒအလျောက် ဟောပြောနေသလောဆိုတာဟို သိလိမ့်မယ်။
နင်လို့ဟ လောကရဲ့ ပုံသဏ္ဌာန်အတိုင်း လိုက်ပင်း မကျင့်ကြနဲ့။ ကောင်းသောအရာ၊ ဘုရားသခင် နှစ်သက်ဖွယ်သောအရာ၊ အပစ်ဆိုဖွယ် မဆိသောအရာ တည်းဟူသော ဘုရားသခင် အလိုဆိသောအရာဟို စလိုအရာဖြစ်တာဟို သိဆိနိန်ရန် စိတ်နေလုံးဟို အသစ်ပြုပြင်ခြင်းဖြင့် ပုံသဏ္ဌာန် ပြောင်းလဲခြင်း ဆိကြလော့။
ငါလို့အနက် စသူမျှ တကိုယ်တည်းအတွက် အသက်မဆှင်၊ တကိုယ်တည်းအတွက်သာ မသေ။
အေးနည်းတူ နင်လို့ဟ အပစ်တရားနဲ့ဆိုင်သော အရာနှိုက် ကိုယ့်ကိုယ်ကို သေသောသူလိုမျိုး ဖြစ်ပေမဲ့ ယေရှု ခရစ်တော်အားဖြင့် ဘုရားသခင်နဲ့အတူ မိတ်သဟာယ ဖွဲ့လျက် အသက်ဆှင်အယ်ဟု ထင်ကြရမယ်။
အေးလို့မနေရ။ အပစ်တရားထဲမှ သေသော ငါလို့ဟ စလို အသက်ဆှင်ရအုံးမလုန်း။
အေးနည်းတူ ငါ့ညီအကိုလို့၊ နင်လို့ဟလည်း ခရစ်တော်ရဲ့ ကိုယ်ခန္ဓာအားဖြင့် ပညတ်တရားအရာနှိုက် သေဆုံးခဲ့ကြပီ၊ အေးစာဟ နင်လို့ဟ အခြားသူတည်းဟူသော သေသောသူလို့ထဲမှ ထမြောက်သောအဆှင်နဲ့ သက်ဆိုင်သောသူများ ဖြစ်လာကြပင်း ဘုရားသခင်အတွက် အသီးများ ဖြစ်ထွန်းစေရန် ဖြစ်အယ်။
ကိုယ်တော်ဟ လူအပေါင်းလို့အတွက် အသေခံခြင်းမှာ လူလို့ဟ အသက်ဆှင်စဉ် ကိုယ်ကျိုးအတွက် ဆက်လက်ယွေ့ အသက်မဆှင်ကြတော့ဘဲ မိမိလို့အတွက် အသေခံပင်း သေခြင်းမှ ဆှင်ပြန်ထမြောက်သော သခင်အတွက် အသက်ဆှင်ကြစေရန် ဖြစ်အယ်။
တကယ်တော့ ငါလို့အားလုံးဟာ သူလို့လိုပဲ ငါလို့ရဲ့ ဇာတိဆန္ဒတွေအရ ငါလို့ရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ဆန္ဒ ကိုက်ညီတဲ့ ဘာမဆို ပြုမှုနေအယ်။ ငါလို့ရဲ့ ပကတိအခြေအနေတွင် အခြားသူများလိုမျိုးပင် ငါလို့ဟ ဘုရားသခင်ရဲ့ အူထော့ခြင်းဟို ခံထိုက်သောသူများ ဖြစ်ကြအယ်။
အေးကျောန့် ငါပြောတာဟ၊ နင်လို့သည် သူလို့ရဲ့ အကြံအစည် အလကားကားဖြစ်သော လူမျိုးခြားလို့ ပြုသလိုမျိုး နောက်ထပ် အသက်ဆှင်မရမယ့်အကျောန်း၊ သခင်ဘုရားနှိုက် တောင်းဆှောက်ကြလော့။
အေးကျောန့် မရူးမိုက်ပဲ သခင်ဘုရားရဲ့အလိုတော်ဟ စလိုအရာဖြစ်တာဟို နားလည်ကြလော့။
နင်ဟ သူလို့ရဲ့ ခွင့်ပြုချက်ကို ရယူလိုသောကျောန့် နင့်အား ကျေ့ရှုနေချိန်တွင်သာ ပြုလုပ်ခြင်းမျိုး မဟုတ်ဘဲ၊ အဲလိုလဲ ခရစ်တော်ရဲ့ ကျွန်များလိုမျိုး ဘုရားသခင် အလိုတော်ဆိလဲ့အတိုင်း စိတ်နေလုံး အကြွင်းမဲ့ ပြုကြလော့။
အဲအကျောန်းကျောန့် နင်လို့ရဲ့ သတင်းဟို ကြားရလဲ့နေ့မှစယွေ့ ငါလို့ဟ နင်လို့အတွက် အစဉ်မပြတ် ဆုတောင်းလျက် နေအယ်။ နင်လို့ဟ ဝိညာဉ်တော် ချပေးသော ဉာဏ်ပညာ၊ သိနားလည်မှု အလုံးစုံလို့နဲ့ ပြေ့စုံသဖြင့် ဘုရားသခင်ရဲ့ အလိုတော်ဟို ကောင်းစွာ သိဆိကြစေရန် ဘုရားသခင်အား ငါလို့ ဆုတောင်းကြအယ်။
အကျောန်းမှာ နင်လို့ဟ သေဆုံးခဲ့ပီ ဖြစ်ယွေ့ နင်လို့ရဲ့ အသက်ဟ ခရစ်တော်နဲ့အတူ ဘုရားသခင်နှိုက် အောင်းထားလျက် ဆိအယ်။
ခရစ်တော် ယေရှုရဲ့ ကျွန်ဖြစ်ယွေ့ နင်လို့အထဲဟ တဦးဖြစ်သော ဧပဖြဟ နင်လို့ဟို နှုတ်ဆက်လိုက်အယ်။ နင်လို့ဟ စုံလင်ရင့်ကျက်သူအဖြစ် ရပ်တည်လျက် ဘုရားသခင်ရဲ့ အလိုတော်ဆိသမျှဟို အပြေ့ဝ ဆောင်ရွက်နိန်မဲ့အကျောန်း သူဟ နင်လို့အတွက် အစဉ်အမြဲ ကြိုးစားယွေ့ ဆုတောင်းပေးလျက် ဆိအယ်။
အရာရာနှိုက် ကျေးဇူးတော်ဟို ချီးမွန်းကြလော့၊ အကျောန်းမှာ နင်လို့ဟ အေးလို့လုပ်ကြရန် ခရစ်တော် ယေရှုနှိုက် ဘုရားသခင် အလိုဆိအယ်။
ဆေ့တော်နှိုက် နှစ်သက်ဖွယ်သောအမှုဟို ယေရှု ခရစ်တော်အားဖြင့် ငါလို့တွင် ပြုယွေ့ ကိုယ်တော်ရဲ့ အလိုတော်ဟို နင်လို့ ဆောင်ရွက်နိန်ရန် ကောင်းသောအမှု အမျိုးမျိုးလို့ဖြင့် နင်လို့ဟို ပြေ့စုံစေမန့်။ ခရစ်တော်ဟ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်မန့်။ အာမင်။
ကိုယ်တော်ဟ မိမိဖန်ဆင်းသောအရာလို့တွင် ငါလို့ဟို အဦးသီးသဖွယ် ဖြစ်စေရန် အလိုတော်ဆိလဲ့အတိုင်း သမ္မာတရားနဲ့ဆိုင်သော နှုတ်ကပတ်တော်အားဖြင့် ငါလို့ဟို ဖြစ်ပွားစေအယ်။
နင်လို့ မသိ နားမလည်စဉ်အချိန်ဟ မကောင်းသော ဆန္ဒများနောက်ဟို မလိုက်ကြဘဲ နာခံမှုဆိသော လူပဲ့သငယ်များလိုမျိုး ဖြစ်ကြလော့။
အေးလိုမို့ မကောင်းမှု အမျိုးမျိုးနဲ့ တကွ ဆိသမျှသော စဉ်းလဲခြင်း၊ သူတော်ကောင်းယောင်ဆောင်ခြင်း၊ မနာလိုခြင်းနဲ့ ပုတ်ခတ်ပြောဆိုခြင်း အားလုံးလို့ဟို ဖယ်ဆှားကြလော့။
လောကနဲ့ လောကီတပ်မက်ခြင်းဟ ရွေ့လျားကွယ်ပျောက်တတ်အယ်၊ အားပေမဲ့ ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ ကျင့်သောသူဟ ကာလအစဉ်အမြဲ တည်အယ်။