8 နောက်ဆုံးမှာ နင်လို့အားလုံး တစိတ်တသဘောတည်းဆိလျက် ကြင်နာတတ်သော သဘော၊ ညီအကိုချင်း ချစ်တတ်သော သဘော၊ သနားစုံမက်တတ်သော သဘောနဲ့ စိတ်နှိမ့်ချသော သဘော ဆိကြလော့။
နင့်ဟို ငါသနားသလို နင်ဟလည်း အစေခံချင်းဟို မသနားသင့်ဝူးလော’ ဟု ဆိုအယ်။
အဲလိုလဲ အဲလမ်းဖြင့် ခရီးသွားသော ရှမာရိ လူတယောက်ဟ အေးလူဟို မျော်သောအခါ သနားခြင်းစိတ် ဆိသဖြင့်၊
ပင်တေကုတ္တေ ပွဲတော်နေ့ ကျရောက်သောအခါ ယုံကြည်သူများ အားလုံးလို့ဟ တနေရာတည်းတွင် စုဆုံလျက် ဆိနေကြအယ်။
နောက်တနေ့နှိုက် ငါလို့ဟ ဇိဒုန်မြို့ဟို ရောက်ကြအယ်။ ယုလိဟ ပေါလုဟို သနားကြင်နာစိတ်ဆိသဖြင့် သူ့ရဲ့ မိတ်ဆွေများဆေဟို သွားယွေ့ လုပ်ကျွေးပြုစုခြင်း ခံယူခွင့်ဟို ပေးလေအယ်။
အေးနေရာ အနီးတွင် ပုဗလိဟု နာမယ်ဆိသော ကျွန်းထမုန်ရဲ့ မြေယာများဆိအယ်။ အေးသူဟ ငါလို့ဟို လက်ခံပင်း သုံးရက်တိုင်တိုင် ဧည့်ဝတ်ကျေပွန်စွာ ကျွေးမွေးဧည့်ခံအယ်။
ယုံကြည်သောသူအားလုံးဟ စိတ်နေလုံး တညီတညွတ်တည်း ဖြစ်ကြသဖြင့် စသူမျှ မိမိရဲ့ ဥစ္စာပစ္စည်းများဟို မိမိပိုင်တာဟု မဆိုဘဲ၊ ဆိသမျှသောအရာလို့ဟို ဘုံစုအဖြစ် ထားကြအယ်။
တယောက်နဲ့ တယောက် ချစ်ခြင်းမေတ္တာနဲ့ တည်နေကြလော့၊ ချီးမြှောက်ခြင်းမှာ သူတပါးဟို ကိုယ့်ထက် ချီးမြှောက်ကြလော့။
သည်းခံခြင်းနဲ့ ခွန်အားပေးခြင်းဟို ပေးသော ဘုရားသခင်ဟ ယေရှု ခရစ်တော်ဟို စံနမူနာ လိုက်ခြင်းအားဖြင့် နင်လို့ဟ တညီတညွတ်တည်း ဖြစ်နိန်ခြင်း အလိုငှာ ကူမပါစေ။
ညီအကို မောင်နှမလို့၊ ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ နာမဟို အမှီပြုယွေ့ နင်လို့အား တောင်းပန်အယ်။ စိတ်ဝမ်းကွဲပြားမှု မဆိစေရန် နင်လို့အား စကားအပြောအဆိုတွင် ညီညွတ်မှု ဆိကြလော့။ စိတ်ကူးတခုတည်း ရည်ရွယ်ချက် တခုတည်းဖြင့် စည်းလုံးမှု ဆိကြလော့။
ကိုယ်အင်္ဂါ အစိတ်အပိုင်း တခုဟ ဝေဒနာခံရရင် အခြား အစိတ်အပိုင်းများဟလည်း အတူခံရကြအယ်။ ကိုယ်အင်္ဂါ အစိတ်အပိုင်း တခုဟ ချီးမွန်းခံရရင် အခြား အစိတ်အပိုင်းများဟလည်း အတူ ဝမ်းမြောက်ရကြအယ်။
နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း အမြဲတမ်းဆိကြလော့။ တဦးနဲ့တဦး သည်းခံခြင်းအားဖြင့် ချစ်ခြင်းမေတ္တာ ပြကြလော့။
ခပ်သိမ်းသော ခါးသီးနာကြည်းခြင်း၊ အူထော့ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်းနဲ့ ပစ်မားပြောဆိုခြင်းလို့ဟို မကောင်းမှုအားလုံးနဲ့အတူ နင်လို့ဆေမှ ဖယ်ဆှားကြလော့။
တယောက်နဲ့တယောက် သနားစုံမက်ကြကာ ဘုရားသခင်ဟ ခရစ်တော်နှိုက် နင်လို့ဟို ခွင့်လွတ်သလိုမျိုး တယောက်နဲ့တယောက် ခွင့်လွတ်ခြင်း ဆိကြလော့။
ကြွားဝါလိုသောစိတ်၊ အလကားကား ကျော်စောလိုသောစိတ်လို့ဖြင့် ပစာအမှုဟိုမျှ မပြုကြနဲ့၊ အားပေမဲ့ သူတပါးဟ မိမိထက်သာတာဟု အစဉ်ယူဆလျက် စိတ်နှိမ့်ချကြလော့။
စလိုပင်ဖြစ်စေ ငါလို့ဟ မိမိလို့ရောက်ဆိလဲ့ အနေအထားနဲ့အညီ လိုက်ဆှောက်ကြစို့။
အဲကျောန့် နင်လို့ဟ ဘုရားသခင် ရွေးချယ်ထားသောသူ၊ သန့်ဆှင်းသောသူ၊ ချစ်ခင်သောသူလို၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ ကြင်နာခြင်း၊ စိတ်ဆှည်ခြင်းလို့ဟို ယူတင်ဝတ်ဆောင်ကြလော့။
နင်လို့ဟ ခရစ်ယာန် ညီအကို မောင်နှမလို့ အနေဖြင့် တဦးဟို တဦး ချစ်ခြင်းမေတ္တာနှိုက် တည်ကြလော့။
ပစာကို့ သနားကရုဏာ မဆိသူသောသူဟ ကရုဏာကင်းသော တရားစီရင်ခြင်းဟို ခံရလိမ့်မယ်။ အားပေမဲ့ သနားကရုဏာဟ တရားစီရင်ခြင်းအပေါ် အောန်မြင်တတ်အယ်။
အားပေမဲ့ အထက်အရပ်မှ လာလဲ့ ပညာဟ ပထမနေဖြင့် သန့်ဆှင်းစင်ကြယ်အယ်။ အဲပင်းရင် ငြိမ်းချမ်းသော သဘော၊ နူးညံ့သိမ်မွေ့မှု၊ ခင်မင်မှုလို့ဟို ပြုစုတတ်အယ်။ ၎င်းဟ ကရုဏာနဲ့ ပြေ့စုံကြွယ်ဝယွေ့ ကောင်းမြတ်လဲ့ အကျင့်များတည်းဟူသော အသီးအပွင့်လို့ဟို ဖြစ်ပွားစေတတ်အယ်။ အဲပြင် မျက်နှာမလိုက်တတ်၊ ဟန်ဆောင်မှုနဲ့ ကင်းအယ်။
သည်းခံနိန်သောသူလို့ဟ မင်္ဂလာဆိသူ ဟူယွေ့ ငါလို့ ခေါ်ကြအယ်။ ယောဘဟ သည်းခံကျောန်းဟို နင်လို့ ကြားရကြပီ။ ထာဝရဘုရားဟ မိမိအမှုဟို လက်စသတ်ရာမှာ ရမ်းဆာ့ ကရုဏာထားကျောန်းဟိုလည်း သိမျော်ရကြပီ။
နင်လို့ဟ သမ္မာတရားဟို နားထောင်ခြင်းအားဖြင့် နင်လို့ရဲ့ စိတ်ဝိညာဉ်များဟို သန့်ဆှင်းစင်ကြယ်စေကြပင်း ဟန်ဆောင်မှု ကင်းလဲ့ ညီအကိုချင်းချစ်သော မေတ္တာဟို ရဆိကြအယ် ဖြစ်ယွေ့ ရိုးသားလဲ့ နေလုံးသားဖြင့် အချင်းချင်း ခိုင်မြဲစွာ ချစ်ကြလော့။
လူအားလုံးလို့ဟို ရိုသေကြလော့။ တခြားယုံကြည်သူများဟိုလည်း ချစ်ကြလော့။ ဘုရားသခင်ဟို ကြောက်ရွံ့ကြလော့။ ဆှင်ဘုရင်ဟို လေးစားကြလော့။
အေးနည်းတူ လူငယ်လို့၊ အသင်းတော် လူကြီးများရဲ့ စကားဟို နားထောင်ကြလော့။ နင်လို့အားလုံး တယောက်အောက် တယောက် နှိမ့်ချခြင်း တန်ဆာဟို ဆင်ယင်ကြလော့။ ပစာကို့ “ဘုရားသခင်ဟ မာနထောင်လွှားသောသူလို့ဟို ဆန့်ကျင်ယွေ့ နှိမ့်ချသောသူလို့အား ကျေးဇူးတော်ဟို ခံစားစေအယ်” ဟု ကျမ်းစာဟ ဖော်ပြထားအယ်။
ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းနှိုက် ညီအကိုချင်း ချစ်သောမေတ္တာဟို လည်းကောင်း၊ ညီအကိုချင်း ချစ်သောမေတ္တာနှိုက် ချစ်ခြင်းမေတ္တာဟို လည်းကောင်း လုံ့လဝီရိယ ဆိသမျှဖြင့် ထပ်ဆင့် ဖြည့်စွက်ကြလော့။
ငါလို့ဟ ညီအကို မောင်နှမလို့ ချစ်ကြသောကျောန့် သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးပြောင်းပီဖြစ်ကျောန်း ငါလို့ သိကြအယ်။ မချစ်သောသူဟ သေခြင်းနှိုက် တည်အယ်။