Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ ပေတရု 3:18 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

18 အကျောန်းမှာ ခရစ်တော်ဟ နင့်အား အပစ်များအတွက် တခါတည်း အသေခံခဲ့အယ်။ နင်လို့ဟို ဘုရားသခင်ဆေဟို ပို့ဆောင်မဲ့အကျောန်း ဖြောင့်မတ်သောသူဟ မဖြောင့်မတ်သောသူလို့ ကိုယ်စား ဒုက္ခဝေဒနာဟို ခံစားစေအယ်။ ကိုယ်တော်ဟ ကိုယ်ကာယနှိုက် အမန်အသေခံသော်လည်း ဝိညာဉ်တော်နှိုက် အသက်ဆှင်အယ်။

Faic an caibideil Dèan lethbhreac




၁ ပေတရု 3:18
34 Iomraidhean Croise  

ပိလတ်မင်းဟ တရားစီရင်ခြင်း ထိန်ခုံတွင် ထိန်နေခါ သူရဲ့ပေါင်အိုမဟ လူဟို စေလွှတ်ယွေ့ “အေးဖြောင့်မတ်သောသူနဲ့ ပတ်သက်ယွေ့ ပစာအရာဟိုမျှ မလုပ်ပါနဲ့။ ပစာကို့ ငါဟ မနေ့ည အိပ်မက်တွင် သူ့အတွက် စိတ်ဒုက္ခများစွာ ရောက်ရပါအယ်” ဟု ပြောစေအယ်။


ပိလတ်မင်းဟ စလိုအကျိုးမှ မဆိဘဲ ရုန်းရင်းဆန်ခတ်ဖြစ်မယ့် အရိပ်အရောင်ဟိုသာ သိမျော်လာသဖြင့် လူထုဆေ့တွင် ယေဟို ယူယွေ့ “ဟေသူရဲ့ အသွေးနဲ့ ငါဟ ကင်းဆှင်းအယ်။ နင်လို့ရဲ့ တာဝန်သာ ဖြစ်အယ်” ဟု ဆိုကာ မိမိရဲ့လက်ဟို ဆေးအယ်။


ငါဟ ခမည်းတော်ဆေဟို သွားမယ် ဖြစ်ယွေ့ နင်လို့ဟ ငါ့ဟို တွေ့မျော်ရတော့မှာ မဟုတ်သောကျောန့် သူလို့ရဲ့ မားယွင်းနေသောအရာဟို အမန်တရားအားဖြင့် ဖော်ပြမယ်။


သူဟ ‘နင်သည် ငါလို့ဖိုးဖေးများ ဘုရားသခင်ဟ မိမိအလိုတော်ဟို သိစေရန် လည်းကောင်း၊ ကိုယ်တော်ရဲ့ ဖြောင့်မတ်သော အစေခံအား မျော်စေရန် လည်းကောင်း၊ အေးအဆှင်ရဲ့ စလောင်မှ အသံဟို ကြားစေရန် လည်းကောင်း ကိုယ်တော်ဟ နင့်အား ရွေးချယ်လေပီ။


နင်လို့ဟ သန့်ဆှင်းယွေ့ ဖြောင့်မတ်သော အဆှင်ဟို ငြင်းပယ်ခဲ့ကြပင်း၊ နင်လို့ဟ လူသတ်သမားအား လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် တောင်းခံကြကာ၊


သန့်ဆှင်းစေသော ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ရဲ့ သားတော်ဖြစ်ကျောန်းဟို ထင်ဆှားစေဖို့အတွက် ဘုရားသခင်ဟ ကြီးမြတ်သော တန်ခိုးတော်အားဖြင့် သခင် ယေရှု ခရစ်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေအယ်။


ငါလို့ အပစ်များကျောန့် သူအသေခံရန် အပ်နှံခြင်းဟို ခံရပင်း ဘုရားသခင်ရဲ့ အမြင်နှိုက် ဖြောင့်မတ်သောသူများအဖြစ် သတ်မှတ်ခံရဖို့အတွက် သူဟ သေခြင်းမှ ဆှင်ပြန်ထမြောက်စေအယ်။


သူဟ အခု ငါလို့ အသက်ဆှင်နေသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ထဲနှိုက် ယုံကြည်ခြင်းအားဖြင့် ငါလို့ဟို ခေါ်ဆောင်လာခဲ့အယ်။ အဲလိုမို့ ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ရဆိမယ်လို့ မျော်လင့်ချက်နဲ့ ငါလို့ ဝါကြွားခြင်း ဖြစ်အယ်။


ယေရှုဟို သေခြင်းမှ ထမြောက်စေသော ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အထဲနှိုက် အသက်ဆှင်ရင် ခရစ်တော်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေသော အဆှင်ဟ နင်လို့ အထဲနှိုက် ကျိန်းဝပ်သော သူရဲ့ ဝိညာဉ်တော်အားဖြင့် သေတတ်သော နင်လို့ရဲ့ ခန္ဓာကိုယ်ဟိုလည်း အသက်ဆှင်စေလိမ့်မယ်။


ဇာတိအားဖြင့် ပညတ်တရားဟ အားနည်းသောကျောန့် မတတ်နိန်သောအမှုဟို ဘုရားသခင်ဟ ဆောင်ရွက်ပေးအယ်။ ကိုယ်တော်ဟ အပစ်တရားဟို ဇာတိသဘောတွင် အပစ်ဒဏ်စီရင်နိန်ရန် မိမိရဲ့ သားတော်အား လောကဟို စေလွှတ်ခြင်းအားဖြင့် အပစ်တရားဟို ဖယ်ဆှားရန် ငါလို့ရဲ့ အပစ်ဆိသော ဇာတိသဘောလိုမျိုး သဘောသဘာဝနဲ့လာအယ်။


နင်လို့ဟ ပစာအရာဟို ယုံကြည်ရမယ်ဟို နင်လို့အား အမိန့်ပေးရန် ငါလို့ ကြိုးစားနေခြင်း မဟုတ်၊ နင်လို့ရဲ့ ယုံကြည်ခြင်းဟ ခိုင်မာလျက် ဆိကျောန်း ငါလို့ သိကြအယ်။ အားပေမဲ့ ငါလို့ဟ နင်လို့ရဲ့ ဝမ်းမြောက်ခြင်းအတွက် နင်လို့နဲ့အတူ အလုပ်လုပ်သောသူ ဖြစ်အယ်။


အကျောန်းမှာ ကိုယ်တော်ဟ အားနည်းခြင်းထဲတွင် လက်ဝါးကပ်တိုင်ပေါ်နှိုက် တင်ခြင်းခံခဲ့ရသော်လည်း ဘုရားသခင်ရဲ့ တန်ခိုးတော်အားဖြင့် အသက်ဆှင်အယ်။ အဲတိုင်းတိုင်း ငါလို့ဟလည်း ကိုယ်တော်နဲ့ တလုံးတဝတည်း ဆိသဖြင့် အားနည်းကြပေမဲ့ ငါလို့ဟ ဘုရားသခင်ရဲ့ တန်ခိုးတော်အားဖြင့် ကိုယ်တော်နဲ့အတူ အသက်ဆှင်လျက် နင်လို့နဲ့ ဆက်ဆံကြမယ်။


ဘုရားသခင်ဟ အပစ်နဲ့ ကင်းစင်သောသူဟို ငါလို့အတွက်ကျောန့် အပစ်ဆိသောသူ ဖြစ်စေအယ်၊ ဟေဟာဟ ငါလို့သည် အဲသူအားဖြင့် ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း ဖြစ်လာမဲ့အကျောန်း ဖြစ်အယ်။


ငါလို့အား ဟေဆိုးသော အခုကာလမှ ကယ်နုတ်စေရန်အတွက်၊ ခရစ်တော်ဟ ငါလို့ရဲ့ ဘုရားသခင်နဲ့ ခမည်းတော်ရဲ့ အလိုတော်ဟို နာခံပင်း ငါလို့ အပစ်များအတွက် မိမိကိုယ်ကို စွန့်အယ်၊


အဲလိုလဲ ငါလို့အတွက် ကျိန်ခြင်းခံရခြင်းအားဖြင့် ခရစ်တော်ဟ ငါလို့ဟို ပညတ်တရားရဲ့ ကျိန်ခြင်းမှ ရွေးနှုတ်အယ်။ အကျောန်းမှာ ကျမ်းစာပြောတာဟ “သစ်တိုင်ပေါ်မှာ ဆွဲခြင်းခံရသူတိုင်း ဘုရားသခင်ရဲ့ ကျိန်ခြင်းဟို ခံရအယ်။”


ခရစ်တော်နဲ့ တလုံးတဝတည်းဆိယွေ့ ကိုယ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရဲရင့်ခြင်းဟိုလည်းကောင်း၊ ငါလို့ဟ ယုံကြည်စိတ်ချမှု အကြွင်းမဲ့ဖြင့် ဘုရားသခင်ဆေဟို တိုးဝင်ခွင့်ဟိုလည်းကောင်း ရဆိအယ်။


ခရစ်တော်ဟ ငါလို့ဟို ခပ်သိမ်းသော တရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နဲ့ ကောင်းသောအမှုနှိုက် စိတ်အားထက်သန်လဲ့ မိမိပိုင်သော လူမျိုးဟို မိမိအတွက် သန့်ဆှင်းစေရန် ငါလို့အတွက် မိမိကိုယ်ကို စွန့်အယ်။


အေးအလိုတော်နဲ့အညီ ယေရှု ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို တကြိမ်တည်းနဲ့အပီး ပူဇော်ခြင်းအားဖြင့် ငါလို့ဟ သန့်ဆှင်းစေခြင်း ခံရကြအယ်။


ခရစ်တော်ရဲ့ အသွေးဟ အဲအရာလို့ထက် စလောက်ပိုယွေ့ သန့်ဆှင်းနိန်လိမ့်မလုန်း၊ ခရစ်တော်ဟ ထာဝရ ဝိညာဉ်တော်အားဖြင့် မိမိတတ်တိုင်း အပစ်အနာအဆာ ကင်းလဲ့ ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အား ပူဇော်ဆက်သအယ်။ အသက်ဆှင်သော ဘုရားသခင်ရဲ့ အစေဟို ငါလို့ ဆောင်ရွက်နိန်ကြစေရန် ခရစ်တော်ရဲ့ အသွေးဟ အကျိုးမဲ့လဲ့ လုပ်ထုံးလုပ်နည်းများဟို လိုက်နာမှုကျောန့် မစင်ကြယ်သော ငါလို့ရဲ့ အသိစိတ်ဟို စင်ကြယ်စေလိမ့်မယ်။


ဟေလို ပူဇော်ရရင် ကမ္ဘာတည်ချိန်မှ စယွေ့ ဒုက္ခဝေဒနာဟို အကြိမ်ကြိမ် ခံစားရလိမ့်မယ်။ အခုမှာ မိမိတတ်တိုင်း ပူဇော်ခြင်းအားဖြင့် အပစ်တရားဟို ပယ်လောရန် ကပ်ကာလအဆုံးနှိုက် တကြိမ်တည်း ပေါ်ထွန်းလာမယ်။


အေးတိုင်းတိုင်း ခရစ်တော်ဟလည်း လူအများရဲ့ အပစ်ဟို ဖြေလွှတ်ရန်အတွက် မိမိကိုယ်ဟို တကြိမ်တည်း ပူဇော်အယ်။ အပစ်ဟို ပယ်လောရန် မဟုတ်ဘဲ မိမိဟို စောင့်မျော်နေသူလို့အား ကယ်တင်ရန် ဒုတိယအကြိမ် ကြွလာလိမ့်မယ်။


နင်လို့ဟ ဖြောင့်မတ်သောသူဟို အပစ်ဆိတာဟု သတ်မှတ်ယွေ့ သတ်ကြပီ၊ သူဟ နင်လို့ဟို ဆီးတားခြင်း မပြု။


ဝိညာဉ်တော်အားဖြင့် ကိုယ်တော်ဟ အကျဉ်းကျနေသော ဝိညာဉ်များဆေဟို သွားပင်း တရားဟောအယ်။


ခရစ်တော်ဟ ကိုယ်ခန္ဓာနှိုက် အေးလို့ ဆင်းရဲဒုက္ခခံစားရတာ ဖြစ်ယွေ့ နင်လို့ဟလည်း အေးလို့သော သဘောထားမျိုးဟို လက်နက်အဖြစ် စွဲကိုင်ကြလော့။ ပစာကို့ ကိုယ်ကာယတွင် ဆင်းရဲဒုက္ခခံစားရသောသူဟ အပစ်နဲ့ ပြတ်စဲပီ ဖြစ်အယ်။


အေးအကျောန်းကျောန့် သေသောသူလို့ဟိုလည်း သတင်းကောင်းဟို ဟောပြောလေအယ်။ အေးဟာဟ သူလို့သည် သွေးသားနှိုက် လူသားအနေဖြင့် တရားစီရင်ခြင်းဟို ခံရပေမဲ့လည်း ဝိညာဉ်ဟ ဘုရားသခင်အားဖြင့် အသက်ဆှင်ကြရန် ဖြစ်အယ်။


ငါလို့ဟ ကိုယ့်အပစ်များဟို ဖော်ပြဝန်ခံရင် ဘုရားသခင် သစ္စာနဲ့ ပြေ့စုံယွေ့ ဖြောင့်မတ်သောသူ ဖြစ်သောကျောန့် ငါလို့ရဲ့ အပစ်များဟို ခွင့်လွှတ်ပင်း ငါလို့ဟို မတရားမှု ဆိသမျှဆေမှ စင်ကြယ်စေအယ်။


Lean sinn:

Sanasan


Sanasan