11 မကောင်းသောအမှုဟို ဆှောင်ဆှားလျက် ကောင်းသောအမှုဟို လုပ်စေ၊ ငြိမ်သက်ခြင်းဟို ဆှာယွေ့ ၎င်းဟို ရဆိစေရန် ကြိုးစားစေ။
အဲလိုမို့ နင်လို့ဟ ခေါန်းခင်ဘုံနှိုက်ဆိသော နင်လို့ အဖရဲ့ လူပဲ့သူငယ်များ ဖြစ်ကြလိမ့်မယ်။ အကျောန်းမှာ ကိုယ်တော်ဟ မကောင်းသောသူများနဲ့ ကောင်းသောသူများအပေါ် သူရဲ့နေဟို ထွက်စေပင်း၊ ကောင်းသောသူများနဲ့ မကောင်းသောသူများအပေါ် မိုးဟို ရွာစေအယ်။
ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊ အကျောန်းမှာ အဲသူလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များဟု အခေါ်ခံရကြလိမ့်မယ်။
အပစ်သွေးဆောင်ရာဟို မလိုက်ပါစေဘဲ၊ အကောင်းလဲ့အမှုအရာမှလည်း ကယ်နုတ်မန့်။’ ဟု ဆုတောင်းကြလော့။
ဆင်းရဲသူများဟာ နင်လို့နဲ့ အမြဲဆိနေကြသဖြင့် နင်အလိုဆိလဲ့အချိန်တိုင်း၊ နင်လို့ဟ သူလို့ဟို အမြဲကူညီနိန်အယ်။ အဲလိုလဲ ငါဟတော့ နင်လို့နဲ့ အမြဲဆိနေတာ မဟုတ်။
မိုက်နဲ့ သေမင်းရဲ့ အရိပ်တွင် နေထိန်သူများအပေါ် ထွန်းလင်း စေလိမ့်မယ်၊ ငါလို့အား ငြိမ်းချမ်းရေး လမ်းဟို ပို့ဆောင်စေလိမ့်မယ်” ဟု ဟောလေအယ်။
အဲလိုလဲ နင်လို့ ရန်သူဟို ချစ်ကြလော့၊ ကောင်းတာဟို လုပ်ပေးကြလော့၊ ပစာဟိုမှ ပြန်ရဖို့ မမျော်လင့်ဘဲ ငမ်းကြလော့။ အေးလို့လုပ်ရင် နင်လို့ဟ ရဆိမဲ့ ဆုလာဘ်ဟ ကြီးမားပင်း နင်လို့ဟ အမြင့်မြတ်ဆုံးသော ဘုရားရဲ့ လူပဲ့သငယ်လို့ ဖြစ်ကြလိမ့်မယ်၊ ပစာကို့ သူဟ ကျေးဇူးမသိသောသူနဲ့ ဆိုးသောသူအားလည်း ကျေးဇူးပြုအယ်။
အေးနောက် ယေရှုဟ “ပညတ်အရ ဥပုသ်နေ့နှိုက် စလိုလုပ်ရမလော၊ ကောင်းတာဟို လုပ်မလော အဲဟာမဟုတ်ရင် ဆိုးတာဟို လုပ်မလော၊ တစုံတယောက်ရဲ့ အသက်ဟို ကယ်ဖို့လား အဲဟာမဟုတ်ရင် သတ်ဖို့လား” ဟု သူလို့အား ပြောအယ်။
သူလို့အား ဟေလောကမှ နုတ်ယူရန် ငါ တောင်းဆှောက်တာ မဟုတ်မန့်၊ သူလို့ဟ မာရ်နတ်ရဲ့ ဘေးမှကင်းလွတ်မဲ့အကျောန်း စောင့်ထိန်းရန်ဟိုသာ တောင်းဆှောက်ပါအယ်။
ဖြစ်နိန်ရင် နင်လို့ဘက်မှ လူတိုင်းနဲ့ သင့်မြတ်အောန် နေထိန်လော့။
ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ အစားအသောက်နဲ့မဆိုင်၊ အဲလိုလဲ သန့်ဆှင်းသော ဝိညာဉ်တော်မှ ရဆိသော ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်း ဖြစ်အယ်။
အေးကျောန့် ငြိမ်းချမ်းရေးနဲ့ နေဦးနေဖက် အပြန်အလှန် တည်ဆောက်မှုဟို ပို့ဆောင်ပေးသော အရာများဟို လုပ်ဆောင်ရန် ငါလို့ အမြဲတမ်း အားထုတ်ကြိုးပမ်းရမယ်။
အခု ငါလို့ဟ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်နှိုက် ဖြောင့်မတ်ခြင်းဟို ရဆိပင်း ဖြစ်သောကျောန့် ငါလို့သခင် ယေရှု ခရစ်အားဖြင့် ဘုရားသခင်နဲ့ ငြိမ်းချမ်းမှုဟို ရကြအယ်။
ငါဟ လုပ်ချင်သော အကျင့်ကောင်းဟို မကျင့်၊ အဲအစား ငါ မကျင့်ချင်သော အကျင့်ဆိုးဟို ကျင့်အယ်။
အေးကျောန့် ပညတ်တရားဟာ အလုပ်ဖြစ်နေပီ ဆိုတာဟို ငါ တွေ့ဆိခဲ့အယ်၊ ငါကောင်းသောအမှုဟို ပြုလိုသောအခါ၊ မကောင်းသောအကျင့်ဟို ငါ ကျင့်ချင်သောစိတ် ဆိအယ်။
လူဇာတိနဲ့ဆိုင်လဲ့ စိတ်ဟ သေခြင်း ဖြစ်ပေမဲ့ ဝိညာဉ်နဲ့ဆိုင်လဲ့ စိတ်သဘောဟ အသက်ဆှင်ခြင်းအကျောန်းနဲ့ ငြိမ်သက်ခြင်းအကျောန်း ဖြစ်အယ်။
အဲလိုလဲ ဝိညာဉ်တော်ရဲ့ အသီးအပွင့်ဟ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ဆှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာဆိခြင်း၊
အေးလိုမို့ ငါလို့အခွင့်ရသလိုမျိုး၊ အားပင်း အထူးသဖြင့် ယုံကြည်ခြင်းနှိုက် ငါလို့ရဲ့ မိသားစုနဲ့ သက်ဆိုင်သူများနဲ့ လူတိုင်းဟို ကောင်းသောအမှုပြုသင့်တယ်။
နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် ခရစ်တော်ရဲ့ ငြိမ်သက်ခြင်း အုပ်စိုးစေကြလော့၊ အကျောန်းမှာ နင်လို့ဟ ဟေငြိမ်သက်ခြင်းအတွက် ကိုယ်ခန္ဓာ တခုတည်းထဲသို့ ခေါ်ယူခြင်း ခံရကြပီ။ ကျေးဇူးသိတတ်သောစိတ် ဆိကြလော့။
သူတပါးလို့အား ကျေးဇူးပြုတတ်ကြစေရန် လည်းကောင်း၊ ကောင်းသောအကျင့်များနဲ့ ကြွယ်ဝပြေ့စုံယွေ့ ရက်ရောစွာ ဝေငှပေးကမ်းတတ်ကြစေရန် လည်းကောင်း သူလို့အား ဆုံးမသွန်သင်လော့။
လူအပေါင်းလို့နဲ့ ငြိမ်းချမ်းစွာ နေထိန်ရန်နဲ့ သန့်ဆှင်းခြင်း မဆိရင် စသူမျှ ထာဝရဘုရားဟို ဖူးမျော်ရလိမ့်မယ် မဟုတ်။
ကောင်းသောအမှုဟို ပြုခြင်းနဲ့ ဝေမျှခြင်းလို့ဟိုလည်း မမေ့လျော့ကြနဲ့၊ အကျောန်းမှာ အဲလိုယဇ်မျိုးဟို ဘုရားသခင် နှစ်သက်အယ်။
အဲလိုမို့ စသူမဆို ကောင်းသောအမှုဟို လုပ်ဆောင်ရန် သိလျက်နဲ့ မလုပ်ဘဲနေသောသူဟ အပစ်ဆိအယ်။
အကျောန်းမှာ သခင်ဘုရားဟ ဖြောင့်မတ်သောသူလို့ဟို ကျေ့ရှုယွေ့၊ သူလို့ရဲ့ ဆုတောင်းသံဟို နားထောင်အယ်။ အဲလိုလဲ မကောင်းသောအမှုဟို လုပ်သောသူဆေမှ သခင်ဘုရားဟ မျက်နှာလွဲအယ်” ဟု ဆိုအယ်။
ချစ်လှစွာသော မိတ်ဆွေ၊ မကောင်းသော အမှုဟို အတုမယူဘဲ ကောင်းသော အမှုဟိုသာ အတုယူကြလော့။ ကောင်းသော အမှုဟို ပြုသောသူဟ ဘုရားသခင်နဲ့ စပ်ဆိုင်အယ်။ မကောင်းသော အမှုဟို ပြုသောသူဟ ဘုရားသခင်ဟို မသိ မမျော်ဖူးပေ။