23 ပုတ်ခတ်ပြောဆို ခံရသောအခါ ပြန်ယွေ့ မတုန့်ပြန်၊ ဆင်းရဲဒုက္ခ ခံစားရသောအခါနှိုက်လည်း ခြိမ်းခြောက်ခြင်းဟို မလုပ်ဘဲ ဖြောင့်မတ်စွာ တရားစီရင်သော အဆှင်ဆေ မိမိကိုယ်ဟို အပ်နှံအယ်။
ငါလို့ဟ ကိုယ်ပြုသောအပစ်နဲ့ အလျောက် ခံရတာမို့ တရားသဖြင့် ခံရကြအယ်၊ အဲလိုလဲ သူဟ ပစာအပစ်မှ မကျူးလွန်ခဲ့” ဟု ဆိုလေအယ်။
ယေရှုဟ “တို့ဖ၊ ငါရဲ့ ဝိညာဉ်ဟို ကိုယ်တော်ရဲ့ လက်ဟို အပ်အယ်” ဟု ကျယ်လောင်သောအသံဖြင့် အော်ကပင်း အသက်ချုပ်လေအယ်။
ဟေရုဒ်မင်းဟ ယေရှုဟို မေးခွန်းများစွာ မေးအယ် အဲလိုလဲ ကိုယ်တော်ဟ ဖြေကြားခြင်း မဆိပေ။
အကျောန်းမှာ ရွေးချယ်သောသူအားဖြင့် လောကသားလို့ဟို မန်ကန်စွာ တရားစီရင်မဲ့ နေ့ရက်ဟို သတ်မှတ်ပီးသောကျောန့် ဖြစ်အယ်။ အေးသူဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေသောအားဖြင့် လူအားလုံးလို့အား သက်သေပြပီ” ဟု ဟောလေအယ်။
ထာဝရဘုရား၊ အခု အေးသူလို့ရဲ့ ခြိမ်းခြောက်ခြင်းဟို ရှုမှတ်ပင်း ကိုယ်တော်ရဲ့ အစေခံလို့အား တရားတော်ဟို ရဲရင့်စွာ ဟောပြောနိန်ခွင့်ဟို ပေးသနားပါ။
သူ့အား ကျောက်ခဲနဲ့ ပေါက်နေကြခါ သတေဖန်ဟ အဆှင့်ဟို ခေါ်ပင်း “သခင် ယေရှု၊ ငါ့ရဲ့ ဝိညာဉ်ဟို သိမ်းယူပါ” ဟု ဆုတောင်းအယ်။
ဟေအတောတွင်း ရှောလုဟ သခင်ဘုရားရဲ့ တဘဲ့တော်လို့အား သတ်ဖြတ်ရန် ခြိမ်းခြောက်လျက် နေအယ်။ သူဟ ယဇ်ပုရောဟိတ်မင်းဆေ သွားပင်း၊
အဲလိုလဲ နင်ဟ ခေါင်းမာမှုနဲ့ နောင်တမရသော နေလုံးသားဆိသောကျောန့် နင်ဟ အမျက်တော်နေ့ တည်းဟူသော ဘုရားသခင်ရဲ့ ဖြောင့်မတ်လဲ့ တရားစီရင်ခြင်း ထင်ဆှားရာနေ့နှိုက် အမျက်တော်ဟို မိမိဖို့ သိုမှီးလျက် ဆိအယ်။
သခင်လို့၊ နင်လို့ရဲ့ ကျေးကျွန်တွေအပေါ် အလားတူပြုမူပင်း ခြိမ်းခြောက်မှုတွေဟို ရပ်လိုက်ကြလော့။ နင်လို့နဲ့ နင့်ကျွန်များရဲ့ သခင်ဟ ခေါန်းခင်ဘုံနှိုက် ဆိယွေ့ လူတိုင်းဟို စံနှုန်းတခုတည်းဖြင့် စီရင်သောသူဟ မျက်နှာမလိုက်ကျောန်းဟို သိမှတ်ကြလော့။
ဟေအရာအားလုံးဟ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း တရားဟ မန်ကန်ကျောန်း၊ ဘုရားသခင်ရဲ့နိုင်ငံတော်အတွက် ဆင်းရဲဒုက္ခခံရသော နင်လို့ဟ အဲနိုင်ငံတော်နဲ့ ထိုက်တန်သူများဖြစ်ကျောန်းဟို ထင်ဆှားစေအယ်။
အဲအကျောန်းကျောန့် ငါဟ ဟေဒုက္ခဝေဒနာများဟိုလည်း ခံစားနေရအယ်။ အားပေမဲ့ ငါဟ ဆှက်ကြောက်ခြင်း မဆိ၊ အကျောန်းမှာ ငါဟ မိမိယုံကြည်သော သခင်ဟို သိယွေ့ ကိုယ်တော်ဆေနှိုက် ငါအပ်ထားသောအရာဟို အဲနေ့ရက်တိုင်အောန် ကိုယ်တော်စောင့်ထိန်းနိန်တာဟု ငါ ယုံကြည်စိတ်ချအယ်။
အခုအခါတွင် ဖြောင့်မတ်ခြင်း သရဖူဟ ငါ့အတွက် အသင့်ဆိနေအယ်၊ အဲနေ့နှိုက် ဖြောင့်မတ်လဲ့ တရားစီရင်သူဖြစ်သော သခင်ဘုရားဟ အဲသရဖူဟို ငါ့အား ပေးလိမ့်မယ်၊ ငါ့ဟိုသာ မဟုတ်ဘဲ ကိုယ်တော်ရဲ့ ပေါ်ထွန်းခြင်းဟို လိုလားတောင့်တသူ အားလုံးလို့ဟိုလည်း ပေးလိမ့်မယ်။
အဲကျောန့် နင်လို့ဟ စိတ်ပင်ပန်းနွမ်းနယ်ယွေ့ စိတ်ပျက်ခြင်း မဆိစေရန် အပစ်သားလို့ရဲ့ အဲလို ဆန့်ကျင်မှုဟို သည်းခံသောသူဟို အောက်မေ့ ဆင်ခြင်ကြလော့။
နင်လို့ဟ ကောင်းချီးမင်္ဂလာဟို အမွေဆက်ခံရမဲ့အကျောန်း ခေါ်ယူခြင်းဟို ခံရတာ ဖြစ်ယွေ့ အဆိုးဟို အဆိုးဖြင့် လည်းကောင်း၊ ကဲ့ရဲ့ပစ်တင်ခြင်းဟို ကဲ့ရဲ့ပစ်တင်ခြင်းဖြင့် လည်းကောင်း မတုန့်ပြန်ဘဲ ကောင်းချီးဟိုသာ ပေးကြလော့။
အေးလိုမို့ ဘုရားသခင်ရဲ့ အလိုတော်အရ ဆင်းရဲဒုက္ခ ခံစားရသောသူဟ ကောင်းသောအမှု ပြုလုပ်ရာနှိုက် မိမိလို့ရဲ့ စိတ်ဝိညာဉ်ဟို သစ္စာနဲ့ပြေ့စုံသော ဖန်ဆင်းဆှင်ဆေဟို အပ်နှံထားကြစေ။
အဲပင်းရင် ငါကျေ့လိုက်ရာ ခေါန်းခင်ဟ ပွင့်လျက် နေယွေ့ မြင်းဖြူတကောင် ဆိအယ်။ အေးအပေါ်တွင် ထိန်နေသောသူဟ သစ္စာဆိသောသူ၊ မန်ကန်သောသူဟု ခေါ်ခြင်းဟို ခံရအယ်။ သူဟ ဖြောင့်မန်စွာ တရားစီရင်ယွေ့ စစ်တိုက်လေအယ်။