22 ကိုယ်တော်ဟ အပစ်ဟို မလုပ်။ ကိုယ်တော်ရဲ့ နှုတ်တော်နှိုက် ဝါတာဟို မမျော်ရ။
ပိလတ်မင်းဟ တရားစီရင်ခြင်း ထိန်ခုံတွင် ထိန်နေခါ သူရဲ့ပေါင်အိုမဟ လူဟို စေလွှတ်ယွေ့ “အေးဖြောင့်မတ်သောသူနဲ့ ပတ်သက်ယွေ့ ပစာအရာဟိုမျှ မလုပ်ပါနဲ့။ ပစာကို့ ငါဟ မနေ့ည အိပ်မက်တွင် သူ့အတွက် စိတ်ဒုက္ခများစွာ ရောက်ရပါအယ်” ဟု ပြောစေအယ်။
“ငါဟ အပစ်မဆိသောသူရဲ့ အသွေးဟို အပ်မိပါပီ” ဟု ဆိုအယ်။ အဲလိုလဲ အေးသူလို့ဟ “ငါလို့နဲ့ ဟေကိစ္စဟ စလိုဆိုင်လုန်း၊ နင်ရဲ့ တာဝန်သာ ဖြစ်အယ်” ဟု ပြန်ပြောကြအယ်။
ငါလို့ဟ ကိုယ်ပြုသောအပစ်နဲ့ အလျောက် ခံရတာမို့ တရားသဖြင့် ခံရကြအယ်၊ အဲလိုလဲ သူဟ ပစာအပစ်မှ မကျူးလွန်ခဲ့” ဟု ဆိုလေအယ်။
ဟေအဖြစ်အပျက်ဟို မျော်သော တပ်မှူးဟ ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းလျက် “ဟေသူဟ အမန်ပင် သူတော်ကောင်း ဖြစ်အယ်” ဟု ပြောအယ်။
ယေရှုဟ သူ့ဆေဟို နာသနေလ လာနေတာ မျော်သောအခါ သူဟ “ဟေမှာ ဣသရေလအမျိုးသားစစ် ဖြစ်အယ်၊ သူ့တွင် ပစာအမားမျှ မဆိမန့်” လို့ ကိုယ်တော်အကျောန်းဟို ပြောအယ်။
ငါနှိုက် အပစ်ဆိကျောန်းဟို စသူဟ သက်သေပြနိန်တုန်း။ ငါဟ အမန်တရား ပြောနေတာတောင်မှ ပစာကျောန့် နင်လို့ဟ မယုံကြည်တုန်း။
ဘုရားသခင်ဟ အပစ်နဲ့ ကင်းစင်သောသူဟို ငါလို့အတွက်ကျောန့် အပစ်ဆိသောသူ ဖြစ်စေအယ်၊ ဟေဟာဟ ငါလို့သည် အဲသူအားဖြင့် ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း ဖြစ်လာမဲ့အကျောန်း ဖြစ်အယ်။
အကျောန်းမှာ ငါလို့ရဲ့ ယဇ်ပုရောဟိတ်မင်းဟ ငါလို့ရဲ့ အားနည်းချက်များအတွက် မကြင်နာနိန်သူ မဟုတ်။ ငါလို့တိုင်းတိုင်း စုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုးဟို ခံခဲ့ရသူ ဖြစ်အယ်၊ အားပေမဲ့ အပစ်နဲ့ ကင်းလွတ်အယ်။
အေးတိုင်းတိုင်း ခရစ်တော်ဟလည်း လူအများရဲ့ အပစ်ဟို ဖြေလွှတ်ရန်အတွက် မိမိကိုယ်ဟို တကြိမ်တည်း ပူဇော်အယ်။ အပစ်ဟို ပယ်လောရန် မဟုတ်ဘဲ မိမိဟို စောင့်မျော်နေသူလို့အား ကယ်တင်ရန် ဒုတိယအကြိမ် ကြွလာလိမ့်မယ်။
ငါ ချစ်သော လူပဲ့သငယ်လို့၊ နင်လို့ဟ အပစ်မပြုကြစေရန် ဟေအရာများဟို နင်လို့ဆေ ငါ ရေးလိုက်အယ်။ အားပေမဲ့ တစုံတယောက်ဟ အပစ်ပြုမိခဲ့ရင် ခမည်းတော်ဆေနှိုက် ကူညီဖြေဆှင်းပေးသူ တည်းဟူသော ဖြောင့်မတ်လဲ့သူ ယေရှု ခရစ်တော်ဟ ငါလို့အတွက် ဆိအယ်။
ခရစ်တော်ဟ လူလို့ရဲ့ အပစ်များဟို ဖြေလွှတ်ရန် ကြွလာတာဟို နင်လို့ သိကြအယ်၊ ကိုယ်တော်ဟ အပစ်ကင်းသောသူ ဖြစ်အယ်။
သူလို့ရဲ့ စလောင်နှိုက် ဝါပြောခြင်း မဆိ၊ အပစ်ကင်းစင်သူများ ဖြစ်ကြအယ်။