15 အကျောန်းမှာ ကောင်းသောအမှုဟို ပြုခြင်းအားဖြင့် လူမိုက်လို့ရဲ့ အသိဉာဏ်ကင်းမဲမှုဟို တိတ်ဆိတ်စေခြင်းဟ ဘုရားသခင်ရဲ့ အလိုတော် ဖြစ်အယ်။
သူလို့အနက် ငါးယောက်ဟ ပညာဆိဖြစ်ကြပင်း ငါးယောက်မှာတော့ ပညာမဲ့ ဖြစ်ကြအယ်။
“အဲလိုလဲ ငါဟောပြောသော ဟေတရားစကားဟို ကြားပင်း မလိုက်မဆှောက်သူတိုင်းဟ သဲပေါ်မှာ နေအိုင်ဆောက်သော လူမိုက်နဲ့တူအယ်။
သူလို့ဟ ဘုရားသခင်ဟို သိကြသော်လည်း ကိုယ်တော်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းသင့်လဲ့အတိုင်း မချီးမွမ်းကြ၊ ကျေးဇူးတင်သင့်လဲ့ အတိုင်း မတင်ကြပေ။ အဲအစား အကျိုးမဲ့သော အရာများဟိုသာ တွေးတောဆင်ခြင်လျက် နေကြပင်း သူလို့ရဲ့ စိတ်နေလုံး မိုက်မဲခြင်းဟလည်း မိုက်ယွေ့ နေအယ်။
မိုက်မဲသော ဂလာတိပြေသားလို့ နင့်မျက်စေ့ဆေ့တွင် လက်ဝါးကပ်တိုင်မှာ ယေရှုခရစ်ရဲ့ အသေခံခြင်းအကျောန်းဟို ဆှင်းဆှင်းလင်းလင်း ဖော်ပြထားခြင်း ခံရလျက် စသူဟ နင်လို့ဟို ပြုစားလိုက်တာလုန်း။
ဘုရားသခင်ဟ နင်လို့ဟို သန့်ဆှင်းမြင့်မြတ်စေရန်နဲ့ ကာမဂုဏ်လွန်ကျုးမှုကနေ လုံးလုံး ကင်းစင်စေချင်အယ်။
အရာရာနှိုက် ကျေးဇူးတော်ဟို ချီးမွန်းကြလော့၊ အကျောန်းမှာ နင်လို့ဟ အေးလို့လုပ်ကြရန် ခရစ်တော် ယေရှုနှိုက် ဘုရားသခင် အလိုဆိအယ်။
ငါဟ မခင် ပစ်မားပြောဆိုသောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူ ဖြစ်ခဲ့သော်လည်း ယုံကြည်သူ မဟုတ်သဖြင့် မသိနားမလည်ဘဲ ဟေသို့ပြုခဲ့တာ ဖြစ်ယွေ့ ကရုဏာတော်ဟို ခံစားရအယ်။
အပစ်တင်စရာမဆိသော မန်ကန်ပြေ့စုံလဲ့စကားဟို ပြောဆိုလော့။ အေးလို့ပြုရင် ဆန့်ကျင်ဘက်ပြုသောသူဟ ငါလို့နဲ့ ပတ်သက်ယွေ့ မကောင်းသော အရာတစုံတခုဟိုမှ မပြောဆိုနိန်ဘဲ အဆှက်ရလိမ့်မယ်။
အကျောန်းမှာ မခင်ဟ ငါလို့ဟလည်း မိုက်မဲသောသူ၊ မနာခံသောသူ၊ မားယွင်းသောသူများဖြစ်ကြပင်း အမျိုးမျိုးသော တပ်မက်ခြင်းနဲ့ ကာမဂုဏ်ခံစားခြင်းလို့နှိုက် ကျွန်ခံယွေ့ မကောင်းမှုနဲ့ မုန်းခြင်းလို့နှိုက် ကျင်လည်ကြကာ မုန်းခြင်းခံရလျက် အချင်းချင်းဟိုလည်း မုန်းလျက်နေကြအယ်။
ဘုရားဟို မသိသော သူလို့အလယ်တွင် ကောင်းစွာ အသက်ဆှင် နေထိန်ကြလော့။ အေးလို့လုပ်ရင် သူလို့ဟ နင်လို့ဟို မကောင်းမှုပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုပေမဲ့လည်း နင်လို့ရဲ့ ကောင်းသောအမှုဟို မျော်ယွေ့ ဘုရားသခင် ကြွလာသော နေ့ရက်နှိုက် ဘုန်းတော်ဟို ချီးမွန်းကြလိမ့်မယ်။
အဲလိုလဲ နူးညံ့ခြင်းနဲ့ ရိုသေခြင်းဟို ဆိကြလော့။ နင်လို့ဟ ကဲ့ရဲ့ခံရသောအခါ၊ ခရစ်တော်ရဲ့ နောက်လိုက်များ အဖြစ် နင့်ရဲ့ ကောင်းသောအကျင့်ကို မကောင်း ပြောသောသူလို့ဟ သူလို့ ပြောသော စကားအတွက် ဆှက်ကြစေရန် နင်လို့ စိတ်ဟို ကြည်လင်စေကြလော့။
အကျောန်းမှာ ဘုရားသခင် အလိုတော်ဆိရင် မကောင်းသောအမှုဟို လုပ်ယွေ့ ဆင်းရဲဒုက္ခ ခံရတာထက် ကောင်းလဲ့အမှုဟို လုပ်ယွေ့ ဆင်းရဲဒုက္ခခံရခြင်းဟ သာယွေ့ ကောင်းအယ်။
အေးဟာဟ လောကတွင် အသက်ဆှင်ရမဲ့ ကျန်ဆိသေးသော အချိန်ကာလဟို လူလို့ရဲ့ တပ်မက်ခြင်းအားဖြင့် မဟုတ်တော့ဘဲ ဘုရားသခင်ရဲ့ အလိုတော်အားဖြင့် အသက်ဆှင်နိန်ရန် ဖြစ်အယ်။
အဲလိုလဲ သူလို့ဟ ဖမ်းဆီးခြင်းနဲ့ ဖျက်ဆီးခြင်း ခံရရန်အတွက် မွေးလာလဲ့ တိရစ္ဆာန်ရိုင်းများလိုမျိုး ဖြစ်ကြပင်း မိမိလို့ နားမလည်လဲ့ အရာများဟို စော်ကားပြောဆိုတတ်ကြအယ်။ သူလို့ဟ အေးတိရစ္ဆာန်များ ပျက်စီးသလိုမျိုး ပျက်စီးသွားယွေ့၊
သူလို့ဟတော့ မိမိလို့ မသိသောအရာများဟို စော်ကားပြောဆိုကြလျက် ဆင်ခြင်ဉာဏ် မဆိသော တိရစ္ဆာန်များလိုမျိုး ပင်ကိုယ်သဘာဝအရ သိထားလဲ့အရာများနှိုက်ပင် ပျက်စီးခြင်းဟို ရောက်တတ်ကြအယ်။