Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ ပေတရု 1:7 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

7 သူလို့ရဲ့ ရည်ရွယ်ချက်မှာ နင်လို့ရဲ့ယုံကြည်ခြင်း အစစ်အမန်ဖြစ်ကျောန်း သက်သေပြရန် ဖြစ်အယ်။ ဖျက်ဆီးတတ်သော ဆွေကိုပင် မီးဖြင့် စမ်းသပ်ခြင်း ခံရသော်လည်း ဆွေထက်သာယွေ့ အဖိုးတန်သော နင့်ရဲ့ ယုံကြည်ခြင်းကိုလည်း ခံနိန်ရည်ဆိစေရန် စမ်းသပ်ခြင်း ခံရမယ်။ အေးနောက် ယေရှု ခရစ်တော် ပေါ်ထွန်းလဲ့နေ့နှိုက် ချီးမွမ်းခြင်း ဘုန်းအသရေကို ခံရလိမ့်မယ်။

Faic an caibideil Dèan lethbhreac




၁ ပေတရု 1:7
53 Iomraidhean Croise  

ယေရှုဟ သူလို့အား “ငါ အမန်အကန် နင်လို့ဟို ပြောတာဟ အသစ်ပြုပြင်ရာ ကာလတွင် လူသားဟ ဘုန်းအသရေနဲ့ ပြေ့စုံလဲ့ ပလ္လင်တော်မှာ ထိန်သောအခါ ငါရဲ့ တဘဲ့ဖြစ်သူ နင်လို့ဟလည်း ပလ္လင် တဆယ့်နေခုပေါ်မှာ ထိန်ယွေ့ ဣသရေလ အနွယ်တဆယ့်နေမျိုးဟို တရားစီရင် ရလိမ့်မယ်။


သူရဲ့သခင်ဟလည်း ‘ကောင်းလေစွ၊ သစ္စာဆိသော ငါ့အစေခံကောင်း၊ နင်ဟ သေးသောအမှုတွင် သစ္စာဆိအယ်။ အဲလိုမို့ ကြီးသောအမှုဟို နင့်အား ငါအပ်နှင်းမယ်။ ငါရဲ့ဝမ်းမြောက်ခြင်းနှိုက် ပါဝင်ပါလော့’ ဟု ဆိုအယ်။


သူရဲ့သခင်ဟ ‘ကောင်းလေစွ၊ သစ္စာဆိသော ငါ့အစေခံကောင်း၊ နင်ဟ သေးငယ်သောအမှုတွင် သစ္စာဆိအယ်၊ အဲလိုမို့ ကြီးသောအမှုဟို နင့်အား ငါအပ်နှင်းမယ်၊ ငါရဲ့ဝမ်းမြောက်ခြင်းနှိုက် ပါဝင်ပါလော့’ ဟု ဆိုအယ်။


နင်လို့ ပိုင်ဆိုင်သမျှဟို ရောင်းချပင်း ဆင်းရဲသောသူလို့အား ပိတ်ဆန်ဟို ပေးကြလော့။ မဟောင်းနွမ်းနိန်သော ပိတ်ဆန်အိတ်လို့ဟို ကိုယ့်အဖို့ ပြင်ဆင်ကြလော့။ ပစာခါမှ မပျက်စီးနိန် မလျော့သွားတဲ့ ခေါန်းခင်နိုင်ငံမှာ နင်လို့ရဲ့ ဘဏ္ဍာဟို သိမ်းထားကြလော့။ ပစာကို့ အေးအရာများဟို သူခိုးလို့ဟ မရနိန်၊ အဲဒီအရာဟို ပိုးရွလို့ မဖျက်စီးနိန်သောကျောန့် ဖြစ်အယ်။


လူသားပေါ်ထွန်းသော နေ့ရက်နှိုက်လည်း အေးတိုင်းတိုင်း ဖြစ်လိမ့်မယ်။”


ငါရဲ့အမှုဟို ဆောင်ရွက်သောသူဖြစ်ရင် ငါ့နောက်ဟို လိုက်ရမယ်၊ အဲမှသာ ငါဆိရာအရပ်နှိုက် သူဟလည်း ဆိလိမ့်မယ်။ ငါရဲ့အစေဟို ဆောင်ရွက်သောသူဟို ငါ့ရဲ့ခမည်းတော်ဟ ချီးမြှောက်လိမ့်မယ်။


နင်လို့ဟ အခြားသူတယောက်ရဲ့ ဘုန်းအသရေဟို လက်ခံလိုကြအယ်၊ အဲလိုလဲ တဆူတည်းဆိသော ဘုရားသခင်ရဲ့ ချီးမွမ်းဂုဏ်ပြုခြင်းဟို ခံရရန် မကြိုးစားကြ၊ အဲလိုမို့ နင်လို့ဟ ငါ့ဟို စလို ယုံကြည်နိန်ကြမှာတုန်း။


ပေတရုဟ “နင်ဟ ဘုရားသခင်ရဲ့ ဆုကျေးဇူးတော်ဟို ပိတ်ဆန်နဲ့ ဝယ်ယူမယ်ဟု ထင်သောကျောန့် နင်ရဲ့ ပိတ်ဆန်ဟ နင်နဲ့အတူ ပျက်စီးပါစေ။


အဲလိုလဲ ဦးရင် ယုဒလူ၊ အေးနောက် လူမျိုးခြားလို့တွင် ကောင်းတာလုပ်သူလို့အား ဘုရားသခင်ဟ ဘုန်းတော်ဟို လည်းကောင်း၊ ဂုဏ်အသရေနဲ့ ငြိမ်သက်ခြင်းဟို လည်းကောင်း ပေးလိမ့်မယ်။


အတွင်းသဘောအားဖြင့် ယုဒလူမျိုးဖြစ်သောသူသာလျှင် ယုဒလူမျိုး အစစ်အမန်ဖြစ်ပင်း အက္ခရာတင်ထားသော တရားအားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့် ဖြစ်သော စိတ်နေလုံးရဲ့ အရေဖျားလှီးခြင်းပင် အရေဖျားလှီးခြင်း အစစ်အမန် ဖြစ်အယ်။ အေးလို့သော သူဟ လူလို့ဆေမှ မဟုတ်ဘဲ ဘုရားသခင်ဆေမှ ချီးမွန်းခြင်းဟို ခံရအယ်။


တချို့လူတွေဟ ဆက်ပင်း ကောင်းလဲ့အရာဟို လုပ်လျက် ဘုန်းအသရေနဲ့ ဂုဏ်ပြုခြင်းဟို လည်းကောင်း၊ သေခြင်းနဲ့လွတ်လဲ့ ဖဝါ့ဟို ဆှာသော သူလို့အား ဘုရားသခင်ဟ ထာဝရ အသက် ပေးလိမ့်မယ်။


ဟေလောကဟ ဘုရားသခင် သားလို့ရဲ့ ပေါ်ထွန်းခြင်းအရာဟို ရမ်းဆာ့ တောင့်တ မျော်လင့်လျက်နေအယ်။


အဲသူတယောက်စီရဲ့ တည်ဆောက်မှု အရည်အသွေးဟ ခရစ်တော် ကြွလာရာနေ့နှိုက် သိသာထင်ဆှားလိမ့်မယ်။ အဲနေ့နှိုက် မီးလျှံဟ လူတိုင်းရဲ့ အလုပ်ဟို ထင်ပေါ်စေလိမ့်မယ်။ အဲမီးဟ လူအသီးသီးလို့ရဲ့ အလုပ်အရည်အသွေးဟို စစ်ဆေးပေးလိမ့်မယ်။


အဲလိုမို့ သခင်ဘုရား ကြွလာမမူမီ စလိုအရာဟိုမျှ အချိန်မတန်ဘဲ မစီရင်ကြနဲ့။ အဲသခင်ဟ မိုက်ထဲနှိုက် အောန်းထားသောအရာလို့ဟို အလင်းဟို ယူဆောင်လာပင်း စိတ်နေလုံး အကြံစည်လို့ဟို ထင်ဆှားစေလိမ့်မယ်။ အဲအခါ လူအသီးသီးလို့ဟ ဘုရားသခင်ဆေမှ ချီးမွန်းခြင်းဟို ခံရကြလိမ့်မယ်။


စုံစမ်းနှောင့်ယှက်ခြင်းဟို သည်းခံသောသူဟ မင်္ဂလာဆိအယ်။ အကျောန်းမှာ စစ်ကြောစုံစမ်းခြင်းဟို ခံပင်းမှ ဘုရားသခင်ဟို ချစ်သောသူလို့အား ကတိထားသော အသက်သရဖူဟို ရလိမ့်မယ်။


အေးကျောန့် လုပ်ဆောင်ချက်အတွက် စိတ်ဟို ပြင်ဆင်ထားကြလော့။ နိုးနိုးကြားကြားဆိယွေ့ ယေရှု ခရစ်တော် ပေါ်ထွန်းလာသောအခါ နင်လို့အား ပေးမဲ့ ကောင်းချီးအပေါ် မျှော်လင့်ချက် အပြေ့ထားကြလော့။


နင်လို့ဟ အချိန်ကာလရဲ့ အဆုံးတွင် ဖော်ပြရန် အသင့်ဆိသော ကယ်တင်ခြင်းအတွက် ဘုရားသခင်ရဲ့ တန်ခိုးတော်နှိုက် ယုံကြည်ခြင်းအားဖြင့် စောင့်ဆှောက်ခြင်းဟို ခံရကြအယ်။


လူလို့ရဲ့ ငြင်းပယ်ခြင်းဟို ခံရပေမဲ့လည်း ဘုရားသခင် ရွေးကောက်သော အဖိုးထိုက်လဲ့ အသက်ဆှင်သော ကျောက်ဖြစ်သော အေးသခင်ဆေဟို လာယွေ့၊


အဲလိုမို့ အေးကျောက်ဟို ယုံကြည်သော နင်လို့အတွက် တန်ဖိုးဆိအယ်။ အဲလိုလဲ မယုံကြည်သော သူလို့အတွက်ဟ၊ “တိုက်ဆောက်သူများ ပယ်ထားသော ကျောက်ဟ အရေးကြီးဆုံးသော ထောင့်ချုပ်ကျောက်” ဖြစ်လာပင်း


ချစ်လှစွာသော မိတ်ဆွေလို့၊ နင်လို့ဟို စစ်ဆေးရန် နင်လို့ဆေ ကျရောက်လာမဲ့ ဆင်းရဲဒုက္ခမီးဟို နင်လို့နှိုက် ထူးဆန်းသောအရာ ဖြစ်ပျက်လာသလိုမျိုး အံ့ဩခြင်း မဆိကြနဲ့။


ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခများနှိုက် ပါဝင်ရလဲ့အတွက် ဝမ်းမြောက်ကြလော့။ အေးဟာဟ ခရစ်တော်ရဲ့ ဘုန်းအသရေ ထင်ဆှားသော အချိန်နှိုက် နင်လို့ဟ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မယ်။


သို့ဖြစ်ယွေ့ အသင်းတော် အကြီးအကဲတဦးဖြစ်ပင်း ခရစ်တော်ရဲ့ ဒုက္ခဝေဒနာများဟို သက်သေခံသူနဲ့ ထင်ဆှားလာတော့မဲ့ ကိုယ်တော်ရဲ့ ဘုန်းအသရေတော်ဟို မျှဝေခံစားသူဖြစ်သော ငါဟ နင်လို့တွင် ဆိသော အသင်းတော် အကြီးအကဲများဟို တိုက်တွန်းနှိုးဆော်အယ်။


ယေရှု ခရစ်တော်ရဲ့ အစေခံနဲ့ တမန်တော်ဖြစ်သော ငါ ရှိမုန် ပေတရုဟ — ငါလို့ ဘုရားသခင်နဲ့ ကယ်တင်ဆှင်ဖြစ်သော ယေရှု ခရစ်တော်ရဲ့ ဖြောင့်မတ်ခြင်းအားဖြင့် ငါလို့နည်းတူ အဖိုးတန်လဲ့ ယုံကြည်ခြင်းဟို ခံယူရဆိသော သူလို့ဆေဟို စာရေးလိုက်အယ်။


အေးနည်းအားဖြင့် ကတိထားသော ရမ်းဆာ့ကြီးယွေ့ အဖိုးထိုက်လဲ့ ဆုကျေးဇူးများဟို ကိုယ်တော်ဟ ငါလို့အား ပေးအယ်။ အေးလို့ ဆုကျေးဇူးအားဖြင့် ဟေလောကတွင် ဖောက်ပြန်ပျက်စီးတတ်သော လောကီတပ်မက်ခြင်း အညစ်အကြေးမှ လွတ်မြောက်နိန်ကြလျက် ဘုရားဇာတိတွင် ပါဝင်စေရန် ဖြစ်အယ်။


အေးလို့မို့ ချစ်သောမိတ်ဆွေလို့၊ နင်လို့ဟ အေးအရာများဟို စောင့်မျှော်နေကြတာဖြစ်ယွေ့ အစွန်းအထင်းကင်းလျက် အပစ်တင်စရာ မဆိသောသူအဖြစ် ကိုယ်တော် ဆေ့တော်ဟို ငြိမ်းချမ်းစွာ ရောက်ဆိနိန်ရန် ကြိုးစားကြလော့။


နင်လို့အား မားယွင်းခြင်းနဲ့ ကင်းစေရန် စောင့်ဆှောက်နိန်စွမ်းဆိယွေ့ နင်လို့ဟို အပစ်ကင်းစင်လျက် ရွင်မြူးသောစိတ်ဖြင့် ဘုန်းအသရေတော် ဆေ့နှိုက် ရပ်နိန်သော —


ကျေ့လော့။ ကိုယ်တော်ဟ မိုးချေးသားများဖြင့် ကြွလာအယ်။ အဲအခါ ကိုယ်တော်ဟို ထိုးဖောက်ခဲ့သူလို့မှ စယွေ့ လူအပေါင်းလို့ဟ မိမိလို့ မျက်စေ့ဖြင့် ကိုယ်တော်ဟို တွေ့မျော်ရကြလိမ့်မယ် ကမ္ဘာမြေကြီးပေါ်ဆိ လူမျိုးနွယ်စုအားလုံးဟ ကိုယ်တော်ကျောန့် ရင်ဘတ်စည်တီးလျက် မြည်တမ်းကြလိမ့်မယ်။ အာမင်။


နင် ခံစားရတော့မဲ့ ဒုက္ခဝေဒနာများဟို မကြောက်နဲ့၊ ကျေ့ရှုလော့။ နင်ဟ စုံစမ်းခြင်းဟို ခံရမဲ့အကျောန်း မာရ်နတ်ဟ နင်လို့အထဲမှ အချို့လို့ဟို ထောင်ထဲနှိုက် ထည့်ထားလိမ့်မယ်။ နင်လို့ဟ ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခဟို ခံရကြလိမ့်မယ်။ အသေခံရလဲ့တိုင်အောန် သစ္စာစောင့်လော့။ အဲလိုပြုရင် အသက်သရဖူဟို နင့်အား ငါ ပေးမယ်။


နင်ဟ ငါရဲ့ သည်းခံခြင်းနဲ့ စပ်ဆိုင်သော နှုတ်ကပတ်တရားဟို စောင့်ဆှောက်သောကျောန့် မြေကြီးအပေါ်နှိုက် နေသောသူလို့ဟို စုံစမ်းစေခြင်းငှာ၊ လောကီနိုင်ငံအရပ်ရပ်လို့ဟို ပျံနှံ့လာသော စုံစမ်းရာကာလတွင် နင့်ဟို ငါ စောင့်ဆှောက်မယ်။


နင်ဟ ချမ်းသာလာစေရန် မီးဖြင့် ဖိုထိုးယွေ့ သန့်စင်ထားသော ဆွေဟို လည်းကောင်း၊ နင်ရဲ့ အဝတ် အချည်းစဲဆိယွေ့၊ အဆှက်ဟို မပေါ်စေရန် နင်ဝတ်ဖို့ ဖြူသောဝတ်ရုံဟို လည်းကောင်း၊ နင်ရဲ့ မျက်စေ့ ပြန်မျော်စေရန် မျက်စေ့ခတ်ဖို့ မျက်စဉ်းဟို လည်းကောင်း ငါ့ဆေမှ ဝယ်ယူရန် နင့်အား ငါ အကြံပေးအယ်။


Lean sinn:

Sanasan


Sanasan