6 နင်လို့ဟ အခုအချိန်တွင် စုံစမ်းနှောင့်ယှက်ခြင်း အမျိုးမျိုးကျောန့် အချိန်ခဏ ဝမ်းနည်းရရင်လည်း အထက်နှိုက် ဆိုခဲ့ပင်းသော အကျောန်းကျောန့် ရွင်လန်းခြင်း ဆိအယ်။
“ဝန်လေးယွေ့ ပင်ပန်းသူအပေါင်းလို့ ငါ့ဆေဟို လာကြလော့။ ငါဟ ချမ်းသာပေးမယ်။
ပေတရုနဲ့ ဇေဗေဒဲရဲ့သားနေယောက်လို့ဟို ကိုယ်တော်နဲ့အတူ ခေါ်သွားအယ်။ ကိုယ်တော်ဟ စိတ်မချမ်းမသာဖြစ်လျက် ရမ်းဆာ့သောက ရောက်သဖြင့်
ရွှင်လန်းဝမ်းသာကြလော့၊ ခေါန်းခင်ဘုံတွင် နင်လို့ရမဲ့ ဆုဟ ကြီးအယ်။ ဟိုအရင်ခါဟ ဆိခဲ့လဲ့ ပရောဖက်လို့ဟို အေးတိုင်းတိုင်း နှိပ်စက်ခံရကြပီ။
ငါ့ဟို ကယ်တင်သောအဆှင် ဘုရားသခင်ဟို အမှီပြုယွေ့ ငါ့စိတ်ဝိညာဉ်ဟ ရွှင်လန်းပါအယ်။
အဲလိုလဲ နတ်ဆိုးများဟ နင်လို့စကားဟို နားထောင်သောကျောန့် ဝမ်းမသာကျနဲ့။ နင်လို့ရဲ့ နာမယ်များဟို ခေါန်းခင်မှာ ရေးထားတဲ့အတွက်ကျောန့် ဝမ်းသာကြလော့” ဟု ပြောအယ်။
ခေါန်းခင်တမန်ဟ “မကြောက်ကြနဲ့၊ ငါဟ လူအပေါင်းလို့ ရမ်းဆာ့ ဝမ်းသာစရာ သတင်းကောင်းဟို နင်လို့ဆေဟို ယူဆောင်လာအယ်။
အေးတိုင်းတိုင်း နင်လို့ဟ အခု ဝမ်းနည်းခြင်း ဆိကြသော်လည်း ငါဟ နင်လို့နဲ့ တဖန် ပြန်တွေ့မယ် ဖြစ်သောကျောန့် နင်လို့ရဲ့ စိတ်နေလုံး ဝမ်းမြောက်ခြင်းဖြင့် ပြေ့စုံကြလိမ့်မယ်၊ အေးဝမ်းမြောက်ခြင်းဟို စသူမျှ နင်လို့ဆေမှ မနုတ်ယူနိန်။
နင်လို့ဟ ငါ့ဟို အမှီပြုယွေ့ ငြိမ်သက်ခြင်း ဆိစေကြရန် ဟေစကားဟို ငါပြောပီ။ နင်လို့ဟ လောကနှိုက် ဆင်းရဲဒုက္ခဟို ခံရကြလိမ့်မယ်။ အဲလိုလဲ မစိုးရိမ်ကြနဲ့၊ ငါဟ လောကဟို အောန်ပီ” ဟု မိန့်အယ်။
တဘဲ့တော်လို့ရဲ့ စိတ်နေလုံးဟို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်းနှိုက် ဆက်ယွေ့ တည်နေကြရန် ခွန်အားပေးကြအယ်။ သူလို့ဟ “ငါလို့သည် ဘုရားသခင်ရဲ့ နိုင်ငံတော်သို့ ဝင်ရန် ရမ်းဆာ့ ဆင်းရဲဒုက္ခများ ဖြတ်သန်းရမယ်” ဟု ဆိုအယ်။
မျော်လင့်ချက်နဲ့ ဝမ်းမြောက်ကြလော့၊ ဆင်းရဲဒုက္ခဟို သည်းခံကြလော့၊ ဆုတောင်းခြင်းနှိုက် သစ္စာဆိကြလော့။
အဲလိုလဲ အေးဟာ သာမကဘဲ ဘုရားသခင်ဟ ငါလို့အား ကိုယ်တော်ရဲ့ မိတ်ဆွေဖြစ်သော ငါလို့ သခင် ယေရှု ခရစ်အားဖြင့် ဘုရားသခင် ပြုသောအမှုကျောန့် ငါလို့ ဝမ်းမြောက်ကြအယ်။
သူဟ အခု ငါလို့ အသက်ဆှင်နေသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ထဲနှိုက် ယုံကြည်ခြင်းအားဖြင့် ငါလို့ဟို ခေါ်ဆောင်လာခဲ့အယ်။ အဲလိုမို့ ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ရဆိမယ်လို့ မျော်လင့်ချက်နဲ့ ငါလို့ ဝါကြွားခြင်း ဖြစ်အယ်။
ငါရဲ့ စိတ်နေလုံးထဲမှာ ကြီးမားလဲ့ ဝမ်းနည်းခြင်းနဲ့ အစဉ်မပြတ် ဆင်းရဲဒုက္ခခံရအယ်။
ငါလို့ ခဏခံရသော ပေါ့ပါးလဲ့ ဆင်းရဲဒုက္ခဟ အတိုင်းအထက် ရမ်းဆာ့ကြီးမြတ်လဲ့ ထာဝရ ဘုန်းအသရေဟို ငါလို့အား ခံစားစေလိမ့်မယ်။
ဝမ်းနည်းရသော်လည်း အစဉ်ဝမ်းမြောက်လျက် ဆိကြအယ်၊ ဆင်းရဲသောသူလို ဖြစ်သော်လည်း များစွာသော သူလို့ဟို ကြွယ်ဝပြေ့စုံစေအယ်၊ စလိုအရာမျှ မဆိသော်လည်း အလုံးစုံဟို ပိုင်ဆိုင်ကြအယ်။
အဲလိုလဲ ဝိညာဉ်တော်ရဲ့ အသီးအပွင့်ဟ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ဆှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာဆိခြင်း၊
သူဟ နင်လို့အပေါင်းဟို လွမ်းဆွတ်လျက် နေပင်း သူဖျားနာလဲ့သတင်းဟို နင်လို့ ကြားသိသွားသဖြင့် သူဟ စိတ်ပူပန်လျက် နေအယ်။
ငါလို့ဟ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ဟို ကိုးကွယ်ယွေ့ ဇာတိပကတိနှိုက် ကိုးစားခြင်း မဆိဘဲ ယေရှု ခရစ်နှိုက်သာ ဝါကြွားဝမ်းမြောက်သောသူ ဖြစ်ယွေ့ မန်သော အရေဖျားလှီးခြင်းဟို ခံသောသူ ဖြစ်ကြအယ်။
သခင်ဘုရားနှိုက် အစဉ်အမြဲ ဝမ်းမြောက်ကြလော့။ တဖန် ငါဆိုတာဟ ဝမ်းမြောက်ကြလော့။
နင်လို့ဟလည်း ရမ်းဆာ့သော ဆင်းရဲဒုက္ခထဲနှိုက် သန့်ဆှင်းသော ဝိညာဉ်တော်ဆေမှ ရဆိသော ဝမ်းမြောက်ခြင်းဖြင့် နှုတ်ကပတ်တော်ဟို လက်ခံယွေ့ ငါလို့နဲ့ သခင်ဘုရားဟို အတုယူသူများဖြစ်ကြအယ်။
ငါ့ ညီအကို မောင်နှမလို့၊ နင်လို့ဟ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းနဲ့ ကြုံတွေ့ရသောအခါ ဝမ်းမြောက်စရာ သက်သက်ဖြစ်တာဟု မှတ်ယူကြလော့။
ညီအကိုလို့ တစုံတယောက်ဟ မိမိအား နိမ့်ကျလဲ့အခြေအနေမှ ဘုရားသခင် မြှင့်တင်ပေးလိုက်သောအခါ ဝမ်းမြောက်စေ၊
စိတ်ညှိုးငယ်ခြင်း၊ စိတ်မသာညဉ်းတွားခြင်းနဲ့ ငိုကခြင်း ဆိကြလော့။ နင်လို့ရဲ့ ရယ်မောခြင်းဟို စိတ်မသာညဉ်းတွားခြင်း ဖြစ်စေယွေ့ နင်လို့ရဲ့ ဝမ်းမြောက်ခြင်းဟို ဝမ်းနည်းခြင်း ဖြစ်စေကြလော့။
အကျောန်းမှာ ဘုရားသခင် အလိုတော်ဆိရင် မကောင်းသောအမှုဟို လုပ်ယွေ့ ဆင်းရဲဒုက္ခ ခံရတာထက် ကောင်းလဲ့အမှုဟို လုပ်ယွေ့ ဆင်းရဲဒုက္ခခံရခြင်းဟ သာယွေ့ ကောင်းအယ်။
ခပ်သိမ်းသောအရာလို့ဟ နောက်ဆုံးချိန် နီးကပ်လာပီ။ အေးလိုမို့ ဆုတောင်းခြင်းအမှုဟို လုပ်နိန်ရန် တည်ငြိမ် မန်ကန်သော စိတ်နဲ့ သမ္မာသတိ ဆိကြလော့။
နင်လို့ဟို မိမိရဲ့ ထာဝရ ဘုန်းအသရေထဲဟို ခရစ်တော် ယေရှုအားဖြင့် ခေါ်ယူသော အဆှင်၊ ကျေးဇူးတော်အပေါင်းနဲ့ ပြေ့စုံသော ဘုရားသခင် ကိုယ်တော်တိုင်ဟ ဆင်းရဲဒုက္ခဟို ခဏခံစားပင်းသော နင်လို့ဟို စုံလင်စေယွေ့ ခွန်အားနဲ့ပြေ့စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေလိမ့်မယ်။