Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ ပေတရု 1:21 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

21 ကိုယ်တော်အား သေသောသူလို့ထဲမှ ထမြောက်စေယွေ့ ဘုန်းအသရေပေးသော ဘုရားသခင်ဟို ကိုယ်တော်အားဖြင့် နင်လို့ ယုံကြည်ကြအယ်။ အေးလိုမို့ နင်လို့ရဲ့ ယုံကြည်ခြင်းနဲ့ မျှော်လင့်ခြင်းလို့ဟ ဘုရားသခင်ထဲနှိုက် တည်ဆိကြအယ်။

Faic an caibideil Dèan lethbhreac




၁ ပေတရု 1:21
34 Iomraidhean Croise  

ယေရှုဟ သူလို့ အနီးဟို ကြွလာလျက် “ခေါန်းခင်ဘုံနဲ့ မြေကြီးပေါ် ဆိသမျှသောတန်ခိုး အာဏာလို့ဟို ငါဆေ ပေးအပ်ထားလေပီ။


အဲပင်းရင် ယေရှုဟ “ငါ့ဟို ယုံကြည်သောသူဟ ငါ့ဟိုသာ ယုံကြည်တာ မဟုတ်၊ ငါ့ဟို စေလွှတ်သောသူဟိုလည်း ယုံကြည်အယ်။


ယေရှုဟ “နင်လို့ စိတ်နေလုံးပူပန်ခြင်း မဆိစေနဲ့။ ဘုရားသခင်ဟို ယုံကြည်ကြလော့၊ ငါ့ဟိုလည်း ယုံကြည်ကြလော့။


ယေရှုဟ “ငါဟ လမ်းခရီး၊ သမ္မာတရားနဲ့ အသက် ဖြစ်အယ်။ ငါ့ဟို အမှီမပြုရင် စသူမှ ခမည်းတော်ဆေဟို မရောက်နိန်။


ယေရှုဟ ဟေသို့မိန့်ပင်းမှ ခေါန်းခင်သို့ မျော်ကျေ့လျက် “အို အဖ၊ အချိန်ကျလေပီ။ သားတော်ဟ ကိုယ်တော်ရဲ့ ဘုန်းအသရေဟို ထွန်းတောက်စေနိန်ရန် သားရဲ့ ဘုန်းအသရေဟို ထွန်းတောက်စေမန့်။


“အို အဖ၊ ကိုယ်တော်ဟ ကမ္ဘာမတည်မဆိမီ ငါ့ဟို ချစ်ယွေ့ ပေးသော ဘုန်းအသရေဟို ငါ့အား ကိုယ်တော်ပေးသော သူလို့ဟ မျော်ကြစေရန် ငါဆိရာအရပ်တွင် သူလို့အား ဆိစေလိုအယ်။


အို အဖ၊ ဟေကမ္ဘာ မတည်မဆိမီဟပင် ကိုယ်တော်နဲ့အတူ ငါလို့ ခံစားသော ဘုန်းအသရေအားဖြင့် အခုပင် ကိုယ်တော့်ဆေ့တော်နှိုက် ဘုန်းထင်ဆှားစေမန့်။


ဘုရားသခင်ဟ မိမိစေလွှတ်သောသူအား ဝိညာဉ်တော်ဟို အပြေ့အဝ ချပေးသောကျောန့် အေးသူဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ဟောပြောတတ်အယ်။


အဲလိုလဲ ဘုရားသခင်ဟ သူ့အား သေခြင်းမှ ထမြောက်စေပင်း သူ့ရဲ့ တန်ခိုးတော်အားဖြင့် လွတ်မြောက်စေအယ်၊ ပစာကို့ အေးအဆှင်ဟို သေခြင်းဟ အစဉ်အမြဲ ကိုယ်တော်ဟို တုတ်ချေယွေ့ မရနိန်။


အာဗြဟံရဲ့ ဘုရား၊ ဣဇက်နဲ့ ယာကုပ်လို့ရဲ့ ဘုရား၊ ငါလို့ ဖိုးဖေးများရဲ့ ဘုရားဟ မိမိရဲ့ အစေခံ ယေရှုဟို ဘုန်းတော် ထင်ဆှားစေပီ။ အဲလိုလဲ နင်လို့ဟ အဲအဆှင်ဟို ရန်သူလက်ဟို အပ်လိုက်ယွေ့ အဲအဆှင်ဟို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရန် ဆုံးဖြတ်ထားသော ပိလတ်မင်း ဆေ့တွင် ငြင်းပယ်ခဲ့ကြအယ်။


အသက်ဆှင်ခြင်းဟို ပို့ဆောင်သော အဆှင်ဟိုမူ သတ်ဖြတ်ကြအယ်၊ အဲလိုလဲ ဘုရားသခင်ဟ အဲအဆှင်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေကျောန်းဟို အဲအရာဟ ငါလို့ရဲ့ သက်သေခံ ဖြစ်ကြအယ်။


နာဇရက်မြို့သား ယေရှု ခရစ်ရဲ့ နာမတော် တန်ခိုးအားဖြင့် အဲသူဟ ခြေသန်စွမ်းလာယွေ့ နင်လို့ ဆေ့တွင် ရပ်လျက်နေတာဟို နင်လို့နဲ့အတူ ဣသရေလအမျိုးသားအပေါင်းလို့ သိမှတ်ကြလော့၊ အဲအဆှင်ဟ နင်လို့ လက်ဝါးကပ်တိုင်မှာ တင်ယွေ့ သတ်ပင်းနောက် ဘုရားသခင် ဆှင်ပြန်ထမြောက်စေသောသူ ဖြစ်အယ်။


နင်လို့ဟ “ယေရှုဟ သခင် ဖြစ်အယ်” ဆိုတာဟို နင့်ရဲ့ စလောင်ဖြင့် ဝန်ခံယွေ့၊ ဘုရားသခင်ဟ အေးသူဟို သေခြင်းမှ ထမြောက်စေပီဟု စိတ်နေလုံးထဲနှိုက် ယုံကြည်ရင်၊ နင်လို့ဟ ကယ်တင်ခြင်းဟို ရောက်လိမ့်မယ်။


ငါလို့ဟိုလည်း ရည်ညွန်းယွေ့ ရေးသားအယ်။ တနည်းအားဖြင့် ငါလို့ အဆှင်ယေရှုအား ဆှင်ပြန်ထမြောက်စေသော ဘုရားသခင်ဟို ငါလို့ ယုံကြည်သဖြင့် ငါလို့အား ဖြောင့်မတ်သူများအဖြစ် ကိုယ်တော် လက်ခံမယ် ဖြစ်သောကျောန့် ဖြစ်အယ်။


ခရစ်တော်နဲ့ စာတန်ဟ စလို သဘောတူနိန်မှာတုန်း။ ယုံကြည်သူဟ မယုံကြည်သူနဲ့ စလို တူညီမှုဆိနိန်မှာတုန်း။


အေးအကျောန်းကျောန့် သခင် ယေရှုဟို နင်လို့ရဲ့ ယုံကြည်ခြင်းနဲ့ ဘုရားသခင်ရဲ့ လူအပေါင်းလို့အပေါ် နင်လို့ရဲ့ ချစ်ခြင်းမေတ္တာကို ငါကြားသိရတာမှ စယွေ့၊


ဘုရားသခင်ရဲ့ အကြံစည်မှာ လူမျိုးတကာလို့အတွက် ကြွယ်ဝယွေ့ ဘုန်းအသရေနဲ့ ပြေ့စုံသော နက်နဲလဲ့အရာအကျောန်းဟို မိမိလူလို့အား သိစေရန် ဖြစ်အယ်။ ဟေနက်နဲသောအရာဟ ခရစ်တော်သည် နင်လို့အထဲနှိုက် ကျိန်းဝပ်ကျောန်း ဖြစ်အယ်၊ ဆိုလိုတာဟ နင်လို့သည် ဘုရားသခင်ရဲ့ ဘုန်းအသရေတော်နဲ့ဆိုင်လဲ့ မျော်လင့်သောအရာဟို ခံစားစေလိမ့်မယ်။


ငါလို့ရဲ့ ကယ်တင်ဆှင် ဘုရားသခင်နဲ့ ငါလို့ရဲ့ မျော်လင့်ရာဖြစ်သော ခရစ်တော် ယေရှုရဲ့ အမိန့်အတိုင်း ခရစ်တော် ယေရှုရဲ့ တမန်တော်ဖြစ်သော ငါပေါလုဟ —


ငါလို့ရဲ့ ဘာသာတရားနက်နဲပုံဟို စသူမျှ ငြင်းဆိုယွေ့ မရဘဲ ကိုယ်တော်ဟ လူသားပုံသဏ္ဌာန်နဲ့ ပေါ်ထွန်းပီ၊ မန်ကန်ကျောန်းဟို ဝိညာဉ်တော်အားဖြင့် ဖော်ပြပင်း ခေါန်းခင်တမန်များဟ ကိုယ်တော်ဟို ရှုမျော်ရကြပီ။ ကိုယ်တော်ရဲ့ အကျောန်းဟို လူမျိုးတကာလို့အား ကြေညာပီ၊ ကမ္ဘာပေါ်ဆိ လူလို့ဟ ယုံကြည်ကြပီ၊ ခေါန်းခင်ဘုံဟို ဆောင်ယူခြင်းဟို ခံပီ။


အားပေမဲ့ ယေရှုဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် အသက်ဟို စွန့်နိန်ရန် ကာလကတစ်မျှ ခေါန်းခင်တမန်များထက် နှိမ့်ချမှုဟို ခံရပင်း၊ အသေခံလဲ့အတွက် ဘုန်းအသရေ၊ ဂုဏ်အသရေနဲ့ ပြေ့ဝလျက်ဆိတာဟို အခုအခါ ငါလို့ တွေ့မျော်ကြရအယ်။


အဲကျောန့် ငါလို့ဟ ခရစ်တော်နဲ့ဆိုင်သော အခြေခံ သွန်သင်ချက်ဟို ချန်ထားယွေ့ စုံလင်ခြင်းဟို တက်လှမ်းကြစို့။ အဲအခြေခံ တရားများဟို နင်လို့အား ငါလို့ သွန်သင်ပေးပင်း ဖြစ်သဖြင့် ထပ်မံ သွန်သင်ပေးရန် မသင့်၊ အကျိုးမပေးတတ်လဲ့ အကျင့်များဟို စွန့်ကာ ဘုရားသခင်အား ယုံကြည်ရန် လိုအပ်ကျောန်း နင်လို့ သိဆိကြပင်း ဖြစ်အယ်၊


အဲကျောန့် ကိုယ်တော်ဟ မိမိအားဖြင့် ဘုရားသခင်ဆေဟို ချဉ်းကပ်သောသူလို့ဟို အပြေ့အဝ ကယ်တင်နိန်အယ်၊ ပစာကို့ ကိုယ်တော်ဟ သူလို့အတွက် အသနားခံပေးရန် အစဉ်အမြဲ အသက်ဆှင်လျက် ဆိအယ်။


သူလို့ဟ ဖယ်အချိန် ဖြစ်မလဲ၊ စလို ဖြစ်လာမလဲ ဆိုတာကို ဆှာဖွေဖို့ ကြိုးစားကြအယ်။ ခရစ်တော် ခံရမယ့် ဆင်းရဲဒုက္ခများနဲ့ နောက်ဆက်တွဲဖြစ်မယ့် ဘုန်းအသရေအကျောန်းဟို ဟောကိန်းထုတ်ရာတွင် ၎င်းလို့အတွင်းနှိုက် ဆိသော ခရစ်တော်ရဲ့ ဝိညာဉ်တော် ညွှန်ပြနေလဲ့အချိန် ဖြစ်အယ်။


ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ခမည်းတော် ဘုရားသခင်အား ကျေးဇူးတော် ချီးမွန်းကြပါစို့။ ကြီးမားသော ကရုဏာတော်ကျောန့် ယေရှု ခရစ်တော်ဟို သေခြင်းမှ ထမြောက်စေခြင်းဖြင့် ငါလို့အား ဖဝါ့အသစ်ဟို ပေးအယ်။ ၎င်းဟ ငါလို့အား အသက်ဆှင်သော မျှော်လင့်ချက်ဖြင့် ပြေ့စေပင်း၊


အေးသခင်ဟ ခေါင်းခင်ဘုံဟို ကြွယွေ့ ခေါန်းခင်တမန်များ၊ အာဏာစက်များနဲ့ တန်ခိုးလို့ဟို မိမိလက်အောက်နှိုက် ချထားလျက် ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ဆိနေအယ်။


Lean sinn:

Sanasan


Sanasan