Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ ပေတရု 1:2 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

2 ယေရှု ခရစ်တော်ဟို နာခံရန်နဲ့ ကိုယ်တော်ရဲ့ အသွေးတော် ပျက်ဖျန်းခြင်း ခံရရန်အတွက် ဝိညာဉ်တော်အားဖြင့် သန့်ဆှင်းစေခြင်း ခံရယွေ့ ခမည်းတော် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်အတိုင်း နင်လို့ဟ ရွေးချယ်ခြင်း ခံရသော သူလို့ဆေဟို စာရေးလိုက်အယ်၊ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်း နင်လို့အပေါ် ပြေ့စုံပါစေ။

Faic an caibideil Dèan lethbhreac




၁ ပေတရု 1:2
53 Iomraidhean Croise  

အေးနေ့ရက်ကာလဟို တိုစေတော်မမူရင် စသူမျှ အသက်ဘေးမှ ကင်းလွတ်နိန်လိမ့်မယ် မဟုတ်။ အကျောန်းမှာ မိမိရွေးချယ်ထားသော သူများအဖို့အလို့ငှာ အေးနေ့ရက်ကာလဟို တိုစေလိမ့်မယ်။”


အကျောန်းမှာ မေဆှိယ အတုယောင်များနဲ့ ပရောဖက်အတု အယောင်များ ပေါ်ပေါက်လာပင်း ဖြစ်နိန်ပါက ရွေးချယ်ထားသော သူများဟိုပင် ဝါနိန်ရန် ကြီးမားသော နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်သောအရာများဟို ပြကြလိမ့်မယ်။


အေးနောက် လူသားဟ ကြီးမားသော တံပိုးခရာသံနဲ့အတူ မိမိရဲ့ခေါန်းခင်တမန်များအား အရပ်လေးမျက်နှာဟို စေလွတ်ယွေ့ ကမ္ဘာမြေကြီးတစွန်းမှ တစွန်းအထိဆိကြသော ကိုယ်တော် ရွေးချယ်ထားသော သူလို့ဟို စုသိမ်းစေလိမ့်မယ်။


ထာဝရဘုရား မဆိရင် အဲနေ့ရက်များဟို စသူမျှ လျှော့ချနိန်မယ် မဟုတ်ချေ။ အဲလိုလဲ သူရဲ့ ရွေးချယ်ထားသော လူများအကျိုးအတွက် အဲနေ့ရက်များဟို လျှော့ချခဲ့အယ်။


အကျောန်းမှာ မေဆှိယ အတုအယောင်များနဲ့ ပရောဖက် အတုအယောင်များ ပေါ်လာလိမ့်မယ်။ သူလို့ဟ ဖြစ်နိန်ပါက ဘုရားသခင် ရွေးချယ်ထားသူများဟိုပင် လှည့်ဖြားနိန်ရန် အံ့ဩဖွယ်အမှုများနဲ့ နိမိတ်လက္ခဏာများဟို ပြကြလိမ့်မယ်။


လူသားဟ မြေကြီးစွန်းမှ ခေါန်းခင်စွန်းတိုင်အောန် ဘုရားသခင် ရွေးချယ်ထားသော လူများဟို စုသိမ်းရန် အရပ်လေးမျက်နှာသို့ ခေါန်းခင်တမန်များဟို စေလွှတ်မယ်။


အခုတွင် ရွေးချယ်ထားသောသူလို့ဟ နေ့တိုင်းညတိုင်း အော်ဟစ် တောင်းဆှောက်ရင် ဘုရားသခင်ဟ သူလို့ဖက်တွင် တရားမျှတစွာ မစီရင်ဘဲနေမလော၊ ကိုယ်တော်ဟ သူလို့အား ကူညီမစရန် နှောင့်နှေးနေမလော။


မခင်ကာလမှ စယွေ့ ဟေအမှုအရာများဟို သိစေသော ထာဝရဘုရား မိန့်အယ်’ ဟူယွေ့ ရေးထားလဲ့အတိုင်း ဖြစ်အယ်။”


ဘုရားသခင်ဟ မိမိရဲ့ အစီစဉ်နဲ့အညီ ယေရှုဟို နင်လို့ လက်ဟို ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပင်း၊ နင်လို့ဟ အပစ်လုပ်သူလို့ လက်ဖြင့် အေးအဆှင်ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်ခဲ့ကြအယ်။


“အခု နင်လို့အား ဘုရားသခင်နှိုက် လည်းကောင်း၊ ကိုယ်တော်ရဲ့ ကျေးဇူးတော်နဲ့ဆိုင်သော နှုတ်ကပတ်တော်နှိုက် လည်းကောင်း ငါ အပ်နှံအယ်။ နှုတ်ကပတ်တော်ဟ နင်လို့ဟို တည်ဆောက်မြှင့်တင်လျက် သန့်ဆှင်းစေခြင်း ခံရသောသူ အပေါင်းလို့နဲ့အတူ အမွေဟို ရဆိစေနိန်စွမ်း ဆိအယ်။


အေးသခင်ရဲ့ နာမတော်အတွက် လူမျိုးအပေါင်းလို့ထဲတွင် ယုံကြည်ခြင်းနဲ့ဆိုင်သော နာခံမှုဆိစေရန် ကျေးဇူးတော်ဟို လည်းကောင်း၊ တမန်တော်ဖြစ်ခြင်း အခွင့်ဟို လည်းကောင်း၊ ကိုယ်တော်အားဖြင့် ငါလို့ ရဆိကြအယ်။


ဘုရားသခင် ချစ်ယွေ့ သန့်ဆှင်းသူများအဖြစ် ခေါ်ယူသော ရောမမြို့သူ မြို့သားအပေါင်းလို့ဆေ ဟေစာဟို ငါ ရေးလိုက်ပါအယ်၊ ငါလို့ အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်မှ လာသော ကျေးဇူးတော်နဲ့ ငြိမ်းချမ်းခြင်းဟို နင်လို့နှိုက် ဆိပါစေ။


ဘုရားသခင်ဟ သိထားနှင့်သော မိမိရဲ့ လူမျိုးတော်ဟို ပစ်ပယ်တော်မမူ။ ပရောဖက် ဧလိယဟ ဣသရေလလူမျိုးဟို ဘုရားသခင်ဆေ တိုင်ကြားသောအခါ ကျမ်းစာနှိုက် အေးအကျောန်းနဲ့ ပတ်သက်ယွေ့ စလို ဟောထားတာဟို နင်လို့ မသိကြသလော။


သတင်းကောင်းဟို သူလို့ ငြင်းပယ်ကြသောကျောန့် ယုဒအမျိုးသားလို့ဟ ဘုရားသခင်ရဲ့ ရန်သူများ ဖြစ်လာကြအယ်၊ အဲလိုဖြစ်ခြင်းမှာ လူမျိုးခြားဖြစ်သူ နင်လို့ရဲ့ အကျိုးအတွက် ဖြစ်အယ်။ အဲလိုလဲ ဘုရားသခင် ရွေးကောက်ခြင်းအရ ဖိုးဖေးများကျောန့် သူလို့ဟ ဘုရားသခင်ရဲ့ မိတ်ဆွေ ဖြစ်လာကြအယ်။


လူမျိုးခြားများအတွက် ငါ့ဟို ခရစ်တော် ယေရှုရဲ့ အမှုတော်ဟို ထမ်းဆောင်သူ ဖြစ်စေအယ်။ ဘုရားသခင်ရဲ့ ကောင်းမြတ်သော သတင်းနဲ့ဆိုင်လဲ့ ယဇ်ပုရောဟိတ် အမှုဟို ဆောင်ရွက်စေပင်း အေးလူမျိုးခြားလို့ဟို သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် သန့်ဆှင်းစေခြင်း ခံရလဲ့ နှစ်သက်လက်ခံဖွယ် ပူဇော်သကာ ဖြစ်စေရန် ငါ့အား ဘုရားသခင် ပေးလဲ့ ကျေးဇူးတော်အားဖြင့် နင်လို့ဟို တဖန် သတိပေးရန် အချို့အပိုင်းနှိုက် ငါရဲဝံ့စွာ ရေးခဲ့အယ်။


နင်လို့ရဲ့ နာခံမှုဟ လူတိုင်း ကြားသိရလဲ့အတွက်ကျောန့် နင်လို့အပေါ်နှိုက် ငါ ဝမ်းမြောက်ခြင်း ဆိအယ်။ ကောင်းလဲ့အရာနှိုက် နင်လို့ဟ ပညာဆိများ ဖြစ်ပင်း မကောင်းသောအမှုနဲ့ ပတ်သက်ပင်း အပစ်ကင်းသူများ ဖြစ်စေလိုအယ်။


အခု စလိုပဲဖြစ်ဖြစ် ပရောဖက်များ ရေးသားသောအရာအားဖြင့် လူမျိုးအားလုံးလို့ဟ ဘုရားသခင်ဟို ယုံကြည်ကာ ကိုယ်တော်ရဲ့ စကားဟို နားထောင်လာကြစေရန် ထာဝရ အသက်ဆှင်လဲ့ ဘုရားရဲ့ အမိန့်အရ အေးအမန်တရားဟ သိသာထင်ဆှားလာလေပီ။


အကျောန်းမှာ နင်လို့ဟ ဇာတိပကိအတိုင်း အသက်ဆှင်ရင် သေကြရလိမ့်မယ်။ အဲလိုလဲ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယရဲ့ အကျင့်လို့ဟို သေစေရင် အသက်ဆှင်ကြလိမ့်မယ်။


ဘုရားသခင် ရွေးချယ်သောသူလို့ဟို စသူဟ အပစ်တင်မလုန်း၊ သူလို့ဟို အပစ်မဆိဟု ကြေညာသူဟ ဘုရားသခင်တတ်တိုင်း ဖြစ်အယ်။


ဘုရားသခင်ဟ နင်လို့အား ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်စေအယ်၊ ခရစ်တော်အား ငါလို့ရဲ့ ဉာဏ်ပညာ ဖြစ်စေအယ်။ ကိုယ်တော်အားဖြင့် ဘုရားသခင်ဟ ငါလို့ဟို ဖြောင့်မတ်စေယွေ့ ငါလို့ဟ ဘုရားသခင်ရဲ့ လူစုတော်ဖြစ်လျက် ရွေးနုတ်ခြင်းဟို ရဆိကြအယ်။


နင်လို့တွင် အချို့လို့ဟ အဲသို့သောသူများ ဖြစ်ကြအယ်။ အားပေမဲ့ နင်လို့ဟ သခင် ယေရှု ခရစ်တော်ရဲ့ နာမတော်နဲ့ ငါလို့ ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်း ခံရယွေ့ သန့်ဆှင်းခြင်း ခံရကာ ဖြောင့်မတ်ရာဟို ရောက်ကြပီ။


ဘုရားသခင်ဟို သိသောဉာဏ်ဟို ဆန့်ကျင်တားဆီးလဲ့ စဉ်းစားဆင်ခြင်မှုနဲ့ မာန်မာနဆိသမျှလို့ဟို ဖြိုဖျက်ချေမှုန်းကြအယ်၊ ငါလို့ဟ လူလို့ရဲ့ အကြံစည်ဆိသမျှလို့ဟို ဖမ်းချုပ်ပင်း ခရစ်တော်အား နာခံစေကြအယ်။


သခင် ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်၊ ဘုရားသခင်ရဲ့ မေတ္တာတော်နဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ မိတ်သဟာယ ဖွဲ့ခြင်းလို့ဟ နင်လို့အားလုံးနဲ့အတူ ဆိပါစေသော။


အဲကျောန့် နင်လို့ဟ ဘုရားသခင် ရွေးချယ်ထားသောသူ၊ သန့်ဆှင်းသောသူ၊ ချစ်ခင်သောသူလို၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ ကြင်နာခြင်း၊ စိတ်ဆှည်ခြင်းလို့ဟို ယူတင်ဝတ်ဆောင်ကြလော့။


သခင်ဘုရားချစ်သော ညီအကိုလို့၊ နင်လို့အတွက် အချိန်တိုင်း ဘုရားသခင်ဟို ကျေးဇူးတင်ရမယ်။ အကျောန်းမှာ ဘုရားသခင်ဟ နင့်အား သူရဲ့ သန့်ဆှင်းမြင့်မြတ်သော လူမျိုးဖြစ်စေရန်နဲ့ သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် နင့်အား ဝိညာဉ်တော်ရဲ့ တန်ခိုးဖြင့် ကယ်တင်ခြင်းဟို ရောက်မယ့် ဦးရင်ဆုံးသူအဖြစ် ဘုရားသခင် ရွေးချယ်ခဲ့အယ်။


အဲကျောန့် ငါဟ ဘုရားသခင် ရွေးကောက်သော လူစုတော်ရဲ့အတွက် စလို ဒုက္ခဆင်းရဲဟို မဆိုခံအယ်၊ ဟေလိုခံခြင်းမှာ သူလို့ဟလည်း ထာဝရ ဘုန်းအသရေနဲ့တကွ ယေရှု ခရစ်တော်အားဖြင့် ကယ်တင်ခြင်းဟို ခံရစေရန် ဖြစ်အယ်။


ဘုရားသခင်ရဲ့ အစေခံနဲ့ ယေရှု ခရစ်တော်ရဲ့ တမန်တော်ဖြစ်သော ငါပေါလုဟ စာရေးလိုက်ပါအယ်။ ငါဟ ဘုရားသခင် ရွေးကောက်သော သူလို့ရဲ့ ယုံကြည်ခြင်းအတွက် လည်းကောင်း၊ သူလို့အား စလို ဘုရားဝတ်နှိုက် မွေ့လျော်ပင်း အသက်ဆှင် နေထိန်ရန်နဲ့ သမ္မာတရားဟို သိဆိဖို့ သွန်သင်ရန်အတွက် လည်းကောင်း ငါ့ဟို စေလွှတ်ခဲ့အယ်။


ငါလို့ရဲ့ စိတ်နေလုံးဟို ဆိုးညစ်သော အသိစိတ်နဲ့ ကင်းစင်စေရန် ပက်ဖျန်းခြင်း ခံယူလျက် ကိုယ်ခန္ဓာဟိုလည်း စင်ကြယ်သော ယေဖြင့် ဆေးကြောကာ ယုံကြည်ခြင်းနဲ့ ဆိုင်သော စိတ်ချမှု အပြေ့အဝနဲ့ ဖြောင့်မတ်သော စိတ်နေလုံးလို့ဖြင့် အထံတော်ဟို တိုးဝင် ချဉ်းကပ်ကြစို့။


သားဦးများဟို ဖျက်ဆီးသောသူဟ ဣသရေလအမျိုးသားလို့ဟို မထိခိုက်စေရန် သူဟ ယုံကြည်ခြင်းအားဖြင့် ပသခါပွဲနဲ့ သွေးဖျန်းခြင်းလို့ဟို စီမံ ဆောင်ရွက်လေအယ်။


ပဋိညာဉ်သစ်ရဲ့ ကြားဝင်စေ့စပ်သူ ယေရှုဆေဟို လည်းကောင်း၊ အာဗေလရဲ့ သွေးထက် သာယွေ့ မြတ်သောအရာဟို မြွတ်ဆိုလဲ့ ပက်ဖျန်းသော အသွေးဆေဟို လည်းကောင်း ချဉ်းကပ်ကြအယ်။


ကိုယ်တော်ဟ စုံလင်ခြင်းဟို ရောက်သောအခါ မိမိဟို နာခံသောသူအပေါင်းလို့အား ထာဝရ ကယ်တင်ခြင်းဟို ပေးသောသူ ဖြစ်လာယွေ့


နင်လို့ မသိ နားမလည်စဉ်အချိန်ဟ မကောင်းသော ဆန္ဒများနောက်ဟို မလိုက်ကြဘဲ နာခံမှုဆိသော လူပဲ့သငယ်များလိုမျိုး ဖြစ်ကြလော့။


အစွန်းအထင်း ကင်းလျက် အပစ်အနာအဆာ မဆိလဲ့ သိုးသငယ်လိုမျိုး ခရစ်တော်ရဲ့ အဖိုးတန်သော သွေးတော်အားဖြင့် ဖြစ်ကျောန်း နင်လို့ သိကြအယ်။


ကိုယ်တော်ဟ ကမ္ဘာမတည်မဆိမီကပင် ရွေးချယ်ခန့်ထားခြင်း ခံရသော်လည်း ဟေနောက်ဆုံးသော ကာလနှိုက် နင်လို့အတွက် ပေါ်ထွန်းအယ်။


နင်လို့ဟ သမ္မာတရားဟို နားထောင်ခြင်းအားဖြင့် နင်လို့ရဲ့ စိတ်ဝိညာဉ်များဟို သန့်ဆှင်းစင်ကြယ်စေကြပင်း ဟန်ဆောင်မှု ကင်းလဲ့ ညီအကိုချင်းချစ်သော မေတ္တာဟို ရဆိကြအယ် ဖြစ်ယွေ့ ရိုးသားလဲ့ နေလုံးသားဖြင့် အချင်းချင်း ခိုင်မြဲစွာ ချစ်ကြလော့။


အဲလိုလဲ နင်လို့ဟ ရွေးကောက်ခံရသော အမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ဆှင်းသော တိုင်းသူပြေသား၊ ဘုရားသခင်ရဲ့ လူမျိုး ဖြစ်ကြအယ်။ ဟေဟာဟ နင်လို့ဟို မိုက်ထဲဟ မိမိရဲ့ အံ့ဩဖွယ် အလင်းထဲဟို ခေါ်ယူသော အဆှင်ရဲ့ ကောင်းမြတ်ခြင်းများဟို နင်လို့ ဖော်ပြကြမဲ့အကျောန်း ဖြစ်အယ်။


ဘုရားသခင်နဲ့ ငါလို့ သခင် ယေရှုဟို သိခြင်းအားဖြင့် ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့ အပေါ်နှိုက် တိုးပွားပါစေ။


အသက်ကြီးသူဖြစ်သော ငါဟ — သမ္မာတရားနှိုက် ငါချစ်လဲ့ ရွေးကောက်ခံရသော ဂုဏ်အသရေဆိ အမျိုးသမီးနဲ့ သူရဲ့ လူပဲ့သငယ်များဆေဟို စာရေးလိုက်ပါအယ်၊ နင်လို့ဟို ငါတဦးတည်းသာ ချစ်တာ မဟုတ်၊


ရွေးကောက်ခံရသော နင့်ညီမရဲ့ လူပဲ့သငယ်လို့ဟ နင်လို့ဟို နှုတ်ဆက်ကြအယ်။


ကရုဏာတော်၊ ငြိမ်သက်ခြင်းနဲ့ ချစ်ခြင်းဟ နင်လို့နှိုက် တိုးပွားပါစေသော။


Lean sinn:

Sanasan


Sanasan