10 ဟေကယ်တင်ခြင်းနဲ့ ပတ်သက်ယွေ့ ပရောဖက်များဟ ဂရုတစိုက် ဆှာဖွေစုံစမ်းမှုများ ပြုလုပ်ခဲ့ကြပင်း သူလို့ဟ ဘုရားသခင်ပေးမဲ့ ဟေလက်ဆောင်အကျောန်း ပရောဖက်ပြုကြအယ်။
နင်လို့အား အမန်အကန် ငါပြောတာဟ၊ နင်လို့ မျော်ရတဲ့အရာများဟို ပရောဖက်နဲ့ သူတော်ကောင်းအများပင် မျော်လိုကြသော်လည်း မမျော်ရကြ။ နင်လို့ ကြားရလဲ့အရာများဟို သူလို့ကြားလိုသော်လည်း မကြားရကြ။
ကျမ်းစာလာလဲ့အတိုင်း လူသားဟ အသေခံရန် သွားရပေမဲ့ လူသားဟို ရန်သူလက်သို့ အပ်သောသူဟ အမင်္ဂလာဆိအယ်။ မွေးဖွားခြင်းဟို မခံရရင် သူအဖို့ ကောင်းသေးအယ်” ဟု မိန့်အယ်။
နင်လို့ဟို ငါပြောတာဟ ရမ်းဆာ့သော ပရောဖက်များ၊ ဘုရင်များဟ နင်လို့ မျော်ရလဲ့အရာများဟို မျော်ရရန် အလိုဆိသော်လည်း မမျော်ရကြ။ နင်လို့ ကြားနေရသောအရာများဟို ကြားရရန် အလိုဆိသော်လည်း မကြားခဲ့ရကြ” လို့ သူလို့ဟို သီးသန့်ပြောခဲ့အယ်။
အဲပင်းရင် ကိုယ်တော်ဟ သူလို့အား “နင်လို့နဲ့တူတူ ဆိနေစဉ် နင်လို့အား ငါပြောခဲ့သော စကားများမှာ မောရှေရဲ့ ပညတ်ကျမ်း၊ ပရောဖက် ကျမ်းများနဲ့ ဆာလံကျမ်းတွင် ငါရဲ့ အကျောန်းနဲ့ ပတ်သက်ယွေ့ ရေးထားသမျှလို့ဟ ပြေ့စုံခြင်းသို့ ရောက်ရမယ် ဖြစ်အယ်” ဟု ပြောလေအယ်။
ကျမ်းစာဟို ဆာဖွေယွေ့ ထာဝရအသက်ဟို တွေ့ဆိလိမ့်မယ်ဟု နင်လို့ ထင်မှတ်ကြသောကျောန့် ကျမ်းစာဟို လေ့လာကြအယ်။ အေးကျမ်းစာပင် ငါ့အကျောန်းဟို သက်သေခံအယ်၊
အဲသူလို့ဟ “နင်ဟလည်း ဂါလိလဲပြေသား ဖြစ်သလော၊ ကျမ်းစာဟို လေ့လာကျေ့ရင် ဂါလိလဲပြေမှ ပစာပရောဖက်မျှ မပေါ်ထွန်းတာဟို နင်လို့ သိရလိမ့်မယ်” ဟု ပြန်ပြောအယ်။ [
အဲအဆှင်နဲ့ ပတ်သက်ယွေ့ ပရောဖက်အားလုံးလို့ဟလည်း ကိုယ်တော်ဟို ယုံကြည်သောသူတိုင်း ကိုယ်တော်ရဲ့ နာမတော်အားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း ကျေးဇူးဟို ခံစားရအယ်ဟု သက်သေခံကြအယ်” ဟူယွေ့ မြွက်ဆိုလေအယ်။
သက်သာလောနိတ်မြို့မှာ ဆိလဲ့သူများလို့ထက် ဗေရိမြို့မှာဆိလဲ့ လူများလို့ဟ ပိုပင်း စိတ်ထား မြင့်မြတ်ကြအယ်။ သူလို့ဟ သတင်းစကားဟို ရမ်းဆာ့ စိတ်အားထက်သန်စွာ နားထောင်ပင်း ပေါလု ပြောခဲ့လဲ့စကား မန်အယ် မမန်သိနိန်ရန် ကျမ်းစာဟို နေ့တိုင်း လေ့လာကြအယ်။
အေးနောက် သူလို့ဟ ပေါလုနဲ့ ရက်ချိန်းပင်းမှ ရမ်းဆာ့သောသူလို့နဲ့တကွ သူတည်းခိုလဲ့နေရာဟို ရောက်လာကြအယ်။ ပေါလုဟ မနက်မှ ညနေခင်းတိုင်အောန် ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်းဟို ဆှင်းပြပင်း၊ မောရှေရဲ့ ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းများမှ ကိုးကားပင်း ယေရှုအကျောန်းဟို သူလို့အား ပြောပြယွေ့ စည်းရုံးလေအယ်။
နင်လို့ ဖိုးဖေးများ မနှိပ်စက်မညှဉ်းဆဲဖူးလဲ့ ပရောဖက်တပါးပါး ဆိသလော။ သူလို့ဟ ဖြောင့်မတ်သောသူ ကြွလာမဲ့အကျောန်းဟို ကြိုတင်ဟောကြားကြလဲ့ သူများဟိုပင် သတ်ခဲ့ကြအယ်။ အခု နင်လို့ဟ အဲအဆှင်ဟို သစ္စာဖောက်ယွေ့ သတ်ဖြတ်ကြပီ။
အေးလူအပေါင်းလို့ဟ ကတိပေးသောအရာများဟို မခံစားရသော်လည်း ဟေအရာလို့ဟို အဝေးမှ မျော်ယွေ့ ကြိုဆိုလက်ခံကာ မိမိလို့ဟ မြေကြီးပေါ်နှိုက် ဧည့်သည်များနဲ့ သူစိမ်း ဧည့်သည်များသာ ဖြစ်ကျောန်း ဝန်ခံလျက် ယုံကြည်ရင်း သေလွန်ကြအယ်။
ဘုရားသခင်ဟ ငါလို့အတွက် သာယွေ့ မြတ်လဲ့အရာဟို ကြိုတင် ပြင်ဆင်ပေးတာ ဖြစ်ယွေ့ သူလို့ဟ ငါလို့မပါဘဲ စုံလင်ခြင်းဟို မရောက်နိန်။
သူလို့ဟ ဖယ်အချိန် ဖြစ်မလဲ၊ စလို ဖြစ်လာမလဲ ဆိုတာကို ဆှာဖွေဖို့ ကြိုးစားကြအယ်။ ခရစ်တော် ခံရမယ့် ဆင်းရဲဒုက္ခများနဲ့ နောက်ဆက်တွဲဖြစ်မယ့် ဘုန်းအသရေအကျောန်းဟို ဟောကိန်းထုတ်ရာတွင် ၎င်းလို့အတွင်းနှိုက် ဆိသော ခရစ်တော်ရဲ့ ဝိညာဉ်တော် ညွှန်ပြနေလဲ့အချိန် ဖြစ်အယ်။
အေးကျောန့် လုပ်ဆောင်ချက်အတွက် စိတ်ဟို ပြင်ဆင်ထားကြလော့။ နိုးနိုးကြားကြားဆိယွေ့ ယေရှု ခရစ်တော် ပေါ်ထွန်းလာသောအခါ နင်လို့အား ပေးမဲ့ ကောင်းချီးအပေါ် မျှော်လင့်ချက် အပြေ့ထားကြလော့။