Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ ယောဟန် 5:9 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

9 ငါလို့ဟ လူလို့ရဲ့ သက်သေခံချက်ဟို လက်ခံတတ်ကြအယ်။ အားပေမဲ့ ဘုရားသခင်ရဲ့ သက်သေခံချက်မှာ လူလို့ရဲ့ သက်သေခံချက်ထက် ပိုယွေ့ ခိုင်လုံအယ်။ ကိုယ်တော်ဟ သားတော်ရဲ့ အကျောန်း သက်သေခံလေပီ။

Faic an caibideil Dèan lethbhreac




၁ ယောဟန် 5:9
13 Iomraidhean Croise  

အေးလို့ ပေတရု ဆှောက်ထားစဉ်ပင် တောက်ပသော မိုးသားတုန်းဟ သူလို့ အပေါ်ဟို ကျလာအယ်။ မိုးသားတုန်းထဲမှ အသံတော်ဟ “ဟေသူဟ ငါနှစ်သက်မြတ်နိုးရာ ငါရဲ့ ချစ်သားပေတည်း — သူရဲ့ စကားဟို နားထောင်ကြလော့” ဟု မိန့်အယ်။


အဲလိုလဲ ငါဟ သူ့ရဲ့ အမှုတော်ဟို ဆောင်ရွက်ရင် ငါ့ဟို မယုံသော်လည်း အေးအမှုများဟို ယုံကြလော့၊ အေးလို ယုံကြည်ရင် ခမည်းတော်ဟ ငါနှိုက်ဆိလျက် ငါဟ ခမည်းတော်နှိုက် ဆိကျောန်းဟို နင်လို့ သိယွေ့ နားလည်ကြလိမ့်မယ်” ဟု မိန့်လေအယ်။


ကျမ်းစာဟို ဆာဖွေယွေ့ ထာဝရအသက်ဟို တွေ့ဆိလိမ့်မယ်ဟု နင်လို့ ထင်မှတ်ကြသောကျောန့် ကျမ်းစာဟို လေ့လာကြအယ်။ အေးကျမ်းစာပင် ငါ့အကျောန်းဟို သက်သေခံအယ်၊


အကျောန်းမှာ ရွေးချယ်သောသူအားဖြင့် လောကသားလို့ဟို မန်ကန်စွာ တရားစီရင်မဲ့ နေ့ရက်ဟို သတ်မှတ်ပီးသောကျောန့် ဖြစ်အယ်။ အေးသူဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေသောအားဖြင့် လူအားလုံးလို့အား သက်သေပြပီ” ဟု ဟောလေအယ်။


ဟေအမှုအရာများနဲ့ ပတ်သက်ယွေ့ ငါလို့ဟ အသိသက်သေ ဖြစ်ကြအယ်။ ဘုရားသခင်ရဲ့ အမိန့်ဟို နာခံသူလို့အား ချပေးလဲ့ ဆုကျေးဇူးတည်းဟူသော သန့်ဆှင်းသော ဝိညာဉ်တော်ဟလည်း အသိသက်သေ ဖြစ်အယ်” ဟု ပြန်ယွေ့ ဖြေအယ်။


ဘုရားသခင်ဟလည်း နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်ရာများအားဖြင့် လည်းကောင်း၊ မိမိအလိုတော်နဲ့အညီ သန့်ဆှင်းသော ဝိညာဉ်တော်ဟို မျှဝေပေးခြင်းအားဖြင့် လည်းကောင်း၊ သူလို့နဲ့အတူ သက်သေခံအယ်။


အဲကျောန့် ဘုရားသခင်ရဲ့ ကတိတော်နဲ့ ကျိန်ဆိုခြင်းအမှုလို့ဟ ပြန်လည် ရုပ်သိမ်းယွေ့ မရနိန်သောအရာ နေပါး ဖြစ်ကြအယ်၊ အဲအရာနေပါးနဲ့ ပတ်သက်ယွေ့ ကိုယ်တော်ဟ ဝါသောစကားဟို မသုံးနိန်။ အဲကျောန့် အထံတော်နှိုက် ခိုလှုံလျက် ဆိသော ငါလို့ဟ မိမိလို့အား ကိုယ်တော်ပေးလဲ့ မျော်လင့်ချက်ဟို စွဲမြဲစွာ ခံယူထားရန် စိတ်အားတက်ကြွယွေ့ လာကြအယ်။


ဘုရားသခင်ရဲ့ သားတော်ဟို ယုံကြည်သူဟ အဲသက်သေခံချက်ဟို စိတ်နေလုံးထဲတွင် မှတ်ကျုံးထားအယ်။ ဘုရားသခင်ဟို မယုံကြည်သူဟ သားတော်အကျောန်း ကိုယ်တော် သက်သေခံတာဟို မယုံကြည်သဖြင့် ဘုရားသခင်ဟ ဝါပြောရာ ရောက်အယ်။


ဝိညာဉ်တော်၊ ယေ၊ အသွေး တည်းဟူသော သက်သေသုံးပါး ဆိယွေ့ အဲသုံးပါးလို့ဟ တညီတညွတ်တည်း ဖြစ်ကြအယ်။


Lean sinn:

Sanasan


Sanasan