၁ ယောဟန် 5:6 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား6 ယေရှု ခရစ်တော်ဟ ယေအားဖြင့် နှစ်ခြင်းဟို ခံယူလျက် အသွေးဟို သွန်းယွေ့ အသေခံလျက် ကြွလာသောသူ ဖြစ်အယ်။ ကိုယ်တော်ဟ ယေအားဖြင့်သာ ကြွလာတာ မဟုတ်ဘဲ ယေအားဖြင့် လည်းကောင်း၊ အသွေးအားဖြင့် လည်းကောင်း ကြွလာအယ်။ ဝိညာဉ်တော်ဟ သမ္မာတရားဖြစ်ယွေ့ ကြွလာကျောန်းဟို သက်သေခံအယ်။ Faic an caibideil |
ဘုရားသခင်ဟ သူရဲ့ အသွေးတော်အားဖြင့် လူလို့အား အပစ်များဟို ယုံကြည်သောအားဖြင့် အပစ်ခွင့်လွတ်ခြင်း ခံရမဲ့နည်းလမ်း ဖြစ်လာစေရန် သူ့ဟို ပူဇော်သကာ ဖြစ်စေခဲ့အယ်။ ဘုရားသခင်ဟ ဖြောင့်မတ်ကျောန်းဟို ပြသရန် အေးအရာဟို ပြုလုပ်ခဲ့အယ်။ အရင်တုန်းဟ ကိုယ်တော်ဟ စိတ်ရှည်သည်းခံပင်းရင် လူလို့ ကျူးလွန်ခဲ့လဲ့ အပစ်များအတွက် အပစ်မယူဘဲ နေပေမဲ့လည်း၊ အခုခေတ်ကာလနှိုက် ကိုယ်တော်ဟ ဖြောင့်မတ်ခြင်း တရားဟို ထင်ဆှားစေရန် လူလို့ရဲ့ အပစ်များဟို အရေးယူအယ်။ အေးနည်းအားဖြင့် ဘုရားသခင်ဟ သူတတ်တိုင်း မန်ကန်ကျောန်း ပြသပင်း ယေရှုဟို ယုံကြည်သောသူတိုင်း ဖြောင့်မတ်ခြင်းဟို ပေးခဲ့အယ်။
ငါလို့ရဲ့ ဘာသာတရားနက်နဲပုံဟို စသူမျှ ငြင်းဆိုယွေ့ မရဘဲ ကိုယ်တော်ဟ လူသားပုံသဏ္ဌာန်နဲ့ ပေါ်ထွန်းပီ၊ မန်ကန်ကျောန်းဟို ဝိညာဉ်တော်အားဖြင့် ဖော်ပြပင်း ခေါန်းခင်တမန်များဟ ကိုယ်တော်ဟို ရှုမျော်ရကြပီ။ ကိုယ်တော်ရဲ့ အကျောန်းဟို လူမျိုးတကာလို့အား ကြေညာပီ၊ ကမ္ဘာပေါ်ဆိ လူလို့ဟ ယုံကြည်ကြပီ၊ ခေါန်းခင်ဘုံဟို ဆောင်ယူခြင်းဟို ခံပီ။
ခရစ်တော်ရဲ့ အသွေးဟ အဲအရာလို့ထက် စလောက်ပိုယွေ့ သန့်ဆှင်းနိန်လိမ့်မလုန်း၊ ခရစ်တော်ဟ ထာဝရ ဝိညာဉ်တော်အားဖြင့် မိမိတတ်တိုင်း အပစ်အနာအဆာ ကင်းလဲ့ ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အား ပူဇော်ဆက်သအယ်။ အသက်ဆှင်သော ဘုရားသခင်ရဲ့ အစေဟို ငါလို့ ဆောင်ရွက်နိန်ကြစေရန် ခရစ်တော်ရဲ့ အသွေးဟ အကျိုးမဲ့လဲ့ လုပ်ထုံးလုပ်နည်းများဟို လိုက်နာမှုကျောန့် မစင်ကြယ်သော ငါလို့ရဲ့ အသိစိတ်ဟို စင်ကြယ်စေလိမ့်မယ်။
အဲပင်းရင် သူလို့ဟ သီချင်းအသစ်ဟို သီဆိုလျက်၊ “ကိုယ်တော်ဟ စာလိပ်ဟို ယူယွေ့ အေးရဲ့ တံဆိပ်များဟို ဖွင့်ရန် ထိုက်တန်သောသူ ဖြစ်အယ်။ အကျောန်းမှာ ကိုယ်တော်ဟ အသေသတ်ခြင်း ခံရယွေ့ ကိုယ်တော်ရဲ့ အသွေးအားဖြင့် လူမျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနဲ့ တိုင်းနိုင်ငံအသီးသီးလို့ထဲမှ လူလို့ဟို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူအယ်။