3 အကျောန်းမှာ ဘုရားသခင်ဟို ချစ်ခြင်းဆိုတာဟ ဘုရားသခင်ရဲ့ ပညတ်လို့ဟို စောင့်ထိန်းခြင်း ဖြစ်အယ်။ ဘုရားသခင်ရဲ့ ပညတ်လို့ဟလည်း စောင့်ထိန်းရန် ခဲယဉ်းတာ မဟုတ်။
သူလို့ဟ လေးလံပင်း ထမ်းရခက်လဲ့ ဝန်ထုပ်များဟို သူတပါးလို့အား ထမ်းစေကြအယ်။ မိမိလို့ တတ်တိုင်းမူ အေးဝန်ထုပ်များဟို လက်ဖျားနဲ့မျှ မတို့လိုကြ။
“နင်လို့ဟ ငါ့ဟို ချစ်ရင် ငါ့ပညတ်လို့ဟို စောင့်ထိန်းလိမ့်မယ်။
ငါဟ ခမည်းတော်ရဲ့ ပညတ်လို့ဟို စောင့်ထိန်းယွေ့ ခမည်းတော်ရဲ့ မေတ္တာနှိုက် တည်နေသလိုမျိုး၊ နင်လို့ဟ ငါ့ပညတ်လို့ဟို စောင့်ထိန်းရင် ငါ့မေတ္တာနှိုက် တည်နေကြလိမ့်မယ်။
နင်လို့အား ငါ့ပညတ်လဲ့အရာလို့ဟို နင်လို့ ကျင့်သုံးရင် နင်လို့ဟ ငါရဲ့ မိတ်ဆွေများ ဖြစ်ကြအယ်။
အေးကျောန့် ပညတ်တရားဟ သန့်ဆှင်းအယ်၊ ပညတ်တော်ဟလည်း သန့်ဆှင်းခြင်း၊ မန်ကန်ခြင်းနဲ့ ကောင်းမြတ်အယ်။
ငါရဲ့ အတွင်းစိတ်ဟ ဘုရားသခင်ရဲ့ ပညတ်တရားနှိုက် မွေ့လျော်ပါအယ်။
နောင်ကာလနှိုက် ဣသရေလအမျိုးသားလို့နဲ့ ငါပြုမဲ့ ပဋိညာဉ်မှာ ငါ ထာဝရဘုရားဟ ငါ့ပညတ်များဟို သူလို့ရဲ့ စိတ်နေလုံးထဲဟို ထည့်သွင်းယွေ့ သူလို့ရဲ့ နေလုံးပေါ်မှာ ရေးသားမယ်။ ငါဟ သူလို့ ဘုရား ဖြစ်ယွေ့ သူလို့ဟလည်း ငါရဲ့ လူ ဖြစ်ကြလိမ့်မယ်။
ငါလို့ဟ ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို လိုက်နာစောင့်ထိန်းရင် အဲအမှုအရာအားဖြင့် ဘုရားသခင်ဟို ငါလို့ သိကျွမ်းတာဟို သိကြအယ်။
ချစ်ခြင်း မေတ္တာဆိုတာဟ ကိုယ်တော်ရဲ့ ပညတ်တော်အတိုင်း အသက်ဆှင် ဆော့က်လှမ်းခြင်း ဖြစ်အယ်။ အဲပညတ်တော်ဟ အစဦးဟပင် နင်လို့ ကြားရလဲ့အတိုင်း ချစ်ခြင်းမေတ္တာနှိုက် အသက်ဆှင် ဆော့က်လှမ်းခြင်း ဖြစ်အယ်။