1 ယေရှုဟ မေဆှိယ ဖြစ်ကျောန်းဟို ယုံကြည်သောသူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ် ဖြစ်အယ်။ အဖဟို ချစ်သောသူဟ အဲအဖရဲ့ သားဟိုလည်း ချစ်တတ်အယ်။
ရှိမုန် ပေတရုဟ “ကိုယ်တော်သည် အသက်ဆှင်သော ဘုရားသခင်ရဲ့ သားတော်တည်းဟူသော ခရစ်တော် ဖြစ်အယ်” ဟု ဆှောက်အယ်။
သူဟ ငါလို့လူမျိုးဟို ချစ်သောကျောန့် တရားဇရပ်ဟို ငါလို့အဖို့ သူတတ်တိုင်း တည်ဆောက်ပေးသူ ဖြစ်အယ်” ဟု စိတ်အားထက်သန်စွာ တောင်းပန်ကြအယ်။
ခပ်သိမ်းသောအရာလို့ဟ နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင် ပြုလုပ်အယ်၊ ဖန်ဆင်းခြင်းနဲ့ ကင်းလွတ်လျက် ဖြစ်သောအရာ တစုံတခုမျှ မဆိ။
ငါ့ဟို မုန်းသောသူဟ ခမည်းတော်ဟိုလည်း မုန်းအယ်။
ယေရှုဟ “နင်လို့အား ငါ အမန်ဆိုတာဟ တဖန်မွေးဖွားခြင်းမခံသူဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို မမျော်နိန်” ဟု ပြန်ဖြေအယ်။
ကိုယ်တော်ဟ ဘုရားသခင်ဆေမှ ကြွလာသော သန့်ဆှင်းသောသူဖြစ်ကျောန်းဟိုလည်း ငါလို့ ယုံကြည်ပင်း သိကြအယ်” ဟု ဆှောက်အယ်။
ယေရှုဟ “ဘုရားသခင်သည် နင်လို့ရဲ့ အဖမန်ရင် နင်လို့ဟ ငါ့ဟို ချစ်ကြလိမ့်မယ်၊ ငါဟ ဘုရားသခင်ဆေမှ လာယွေ့ အခု ဟေအရပ်ဟို ရောက်ဆိနေအယ်။ ကိုယ်ပိုင်အခွင့်အာဏာအရ လာတာ မဟုတ်၊ အဲလိုလဲ ကိုယ်တော်ဟ ငါ့ဟို စေလွှတ်အယ်။
သူလို့ဟ ဆက်လက်ယွေ့ ခရီးပြုကြခါ ယေဆိလဲ့ အရပ်သို့ ရောက်လာသဖြင့် အရာဆိဟ “ဟေအရပ်တွင် ယေဆိအယ်။ နှစ်ခြင်းဟို ငါမခံယူစေရန် ဆီးတားလဲ့အကျောန်း ဆိသလော” ဟု ဆိုအယ်။
ကိုယ်တော်ဟ မိမိဖန်ဆင်းသောအရာလို့တွင် ငါလို့ဟို အဦးသီးသဖွယ် ဖြစ်စေရန် အလိုတော်ဆိလဲ့အတိုင်း သမ္မာတရားနဲ့ဆိုင်သော နှုတ်ကပတ်တော်အားဖြင့် ငါလို့ဟို ဖြစ်ပွားစေအယ်။
ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ခမည်းတော် ဘုရားသခင်အား ကျေးဇူးတော် ချီးမွန်းကြပါစို့။ ကြီးမားသော ကရုဏာတော်ကျောန့် ယေရှု ခရစ်တော်ဟို သေခြင်းမှ ထမြောက်စေခြင်းဖြင့် ငါလို့အား ဖဝါ့အသစ်ဟို ပေးအယ်။ ၎င်းဟ ငါလို့အား အသက်ဆှင်သော မျှော်လင့်ချက်ဖြင့် ပြေ့စေပင်း၊
မိမိညီအကို မောင်နှမဟို ချစ်သောသူဟ အလင်းတွင် ကျင်လည်သောသူ ဖြစ်အယ်။ သူဟ စလိုမျှ သူတပါးလို့အား အပစ်ကျူးလွန်စေလိမ့်မယ် မဟုတ်။
ခရစ်တော်ဟ ဖြောင့်မတ်တာဟို နင်လို့ သိကြလော့။ အဲလိုမို့ ဖြောင့်မတ်ခြင်းတရားဟို ကျင့်သုံးသောသူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်ကျောန်း နင်လို့ သိကြအယ်။
ငါလို့ဟ ညီအကို မောင်နှမလို့ ချစ်ကြသောကျောန့် သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးပြောင်းပီဖြစ်ကျောန်း ငါလို့ သိကြအယ်။ မချစ်သောသူဟ သေခြင်းနှိုက် တည်အယ်။
တစုံတဦးဟ လောကီစည်းစိမ် ဆိလျက်နဲ့ မိမိညီအကို မောင်နှမ ဆင်းရဲချို့တဲ့နေတာဟို မျော်ယွေ့ မိမိရဲ့ သနားခြင်း ကရုဏာစိတ်ဟို ချုပ်တည်းထားရင် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ အဲသူနှိုက် စလိုတည်မလုန်း။
ဘုရားသခင် ဖြစ်ပွားစေသော လူပဲ့သငယ်ဖြစ်လာသူဟ အပစ်ဟို မပြုတတ်။ ပစာကို့ အဲသူနှိုက် ဘုရားသခင်ရဲ့ ဇာတိသဘောပါဆိသောကျောန့် ဖြစ်အယ်။ သူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်သဖြင့် အပစ်ဟို ဆက်ယွေ့ မပြုနိန်။
ဘုရားသခင်ရဲ့ ဝိညာဉ်တော် ဟုတ် မဟုတ် နင်လို့ သိဆိနိန်လဲ့နည်းဟ အေးလိုဖြစ်အယ်၊ ယေရှု ခရစ်တော်ဟ လူ့ဇာတိဟို ခံယူကြွလာတာဟု ဝန်ခံသူဟ ဘုရားသခင်ဆေမှ ဆင်းသက်လာလဲ့ ဝိညာဉ်တော်ဟို ခံယူရဆိသူ ဖြစ်အယ်။
ဘုရားသခင်ဟို ချစ်တာဟု ဆိုလျက် ညီအကို မောင်နှမဟို မုန်းရင် အဲသူဟ ဝါသောသူဖြစ်အယ်။ မျော်ရသော မိမိညီအကို မောင်နှမဟို မချစ်သောသူဟ မမျော်ရသော ဘုရားသခင်ဟို မချစ်နိန်။
ချစ်ရသောသူလို့၊ ချစ်ခြင်းမေတ္တာဟ ဘုရားသခင်ဆေမှ သက်ရောက်လာတာ ဖြစ်ယွေ့ ငါလို့ဟ အချင်းချင်း တယောက်ဟို တယောက် ချစ်ကြကုန်စို့။ ချစ်တတ်သောသူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်အယ်၊ ကိုယ်တော်ဟို သိကျွမ်းသောသူလည်း ဖြစ်အယ်။
ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်သူဟ ဆက်လက်ယွေ့ အပစ်မပြုတတ်ကျောန်းဟို ငါလို့ သိကြအယ်၊ သူ့အား ဘုရားသခင်ရဲ့ သားတော် စောင့်ဆှောက်တာ ဖြစ်ယွေ့ မာရ်နတ်ဟ အဲသူဟို မထိခိုက်နိန်။
ပစာကို့ ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်သူဟ လောကဟို အောန်နိန်သောကျောန့် ဖြစ်အယ်။ ငါလို့ဟ ယုံကြည်ခြင်းအားဖြင့် လောကဟို အောန်ခြင်း ဖြစ်အယ်။
ယေရှုဟ ဘုရားသခင်ရဲ့ သားဖြစ်ကျောန်း ယုံကြည်သူမှတပါး စသူဟ လောကဟို အောန်နိန်လုန်း။