12 ဘုရားသခင်ဟို စသူမျှ မမျော်ဖူး၊ အားပေမဲ့ ငါလို့ အချင်းချင်း ချစ်ကြရင် ဘုရားသခင်ဟ ငါလို့နှိုက် တည်ယွေ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ ငါလို့နှိုက် ပြေ့စုံအယ်။
ဘုရားသခင်ဟို စသူမှ မမျော်ဖူးဝူး။ ဘုရားသခင်နဲ့ တူယွေ့ ခမည်းတော်ဘက်နှိုက် ဆိသော တပါးတည်းသော သားတော်ဟ ဘုရားသခင်ဟို သိစေအယ်။
အခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနဲ့ ချစ်ခြင်း ဟေသုံးပါးတည်လျက် ဆိအယ်။ အားပေမဲ့ ဟေသုံးပါးလို့တွင် ချစ်ခြင်း မေတ္တာဟ အမြတ်ဆုံး ဖြစ်အယ်။
ထာဝရ ဘုရင်၊ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ကင်းသော မမျော်ရလဲ့ တပါးတည်းသော ဘုရားသခင်နှိုက် ကမ္ဘာအဆက်ဆက် ဘုန်းတော်နဲ့ ဂုဏ်တော်ဆိမန့်စေ။ အာမင်။
ဘုရားသခင် တပါးတည်းသာ အနိစ္စ ဖြစ်အယ်၊ ကိုယ်တော်ဟ စသူမျှ မချဉ်းကပ်နိန်လဲ့ အလင်းရောင်တွင် ကျိန်းဝပ်အယ်။ စသူတဦးတယောက်မျှ ကိုယ်တော်ဟို မမျော်ဖူးသလို မျော်လည်း မမျော်နိန်။ အဲဘုရားသခင်နှိုက် ဂုဏ်အသရေနဲ့ ထာဝရ ဘုန်းအာနုဘော် ဆိမန့်စေ။ အာမင်။
မောရှေဟ ယုံကြည်ခြင်းအားဖြင့် ဆှင်ဘုရင်ရဲ့ အမျက်တော်သင့်မယ်ဟို မကြောက်ဘဲ အဲဂုတ္တုပြေမှ ထွက်ခွာခဲ့အယ်၊ သူဟ မျက်စေ့ဖြင့် မတွေ့မျော်နိန်သော ဘုရားသခင်အား တွေ့မျော်ရသလို နောက်မဆုတ်ဘဲ နေအယ်။
အားပေမဲ့ စသူမဆို ဘုရားသခင်ရဲ့ စကားဟို လိုက်နာစောင့်ထိန်းရင် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ အဲသူနှိုက် အမန်ပြေ့စုံအယ်။ ဟေလိုဖြင့် ငါလို့ဟ ဘုရားသခင်နှိုက် ဆိတာဟို သိကြအယ်။
ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို စောင့်ထိန်းသောသူဟ ဘုရားသခင်နှိုက် တည်ယွေ့ ဘုရားသခင်ဟလည်း အဲသူနှိုက် တည်အယ်။ ဘုရားသခင်ဟ ငါလို့နှိုက် တည်ကျောန်းဟို ငါလို့အား ပေးသော ဝိညာဉ်တော်အားဖြင့် ငါလို့ သိကြအယ်။
ငါလို့ဟ ငါလို့အပေါ်နှိုက် ဘုရားသခင်ထားဆိသော ချစ်ခြင်းမေတ္တာဟို သိယွေ့ ယုံကြည်ကြအယ်။ ဘုရားသခင်ဟ ချစ်ခြင်းမေတ္တာ ဖြစ်အယ်။ ချစ်ခြင်းမေတ္တာနှိုက် တည်သောသူဟ ဘုရားသခင်နှိုက် တည်ယွေ့ ဘုရားသခင်ဟလည်း အဲသူနှိုက် တည်အယ်။
ဘုရားသခင်ဟို ချစ်တာဟု ဆိုလျက် ညီအကို မောင်နှမဟို မုန်းရင် အဲသူဟ ဝါသောသူဖြစ်အယ်။ မျော်ရသော မိမိညီအကို မောင်နှမဟို မချစ်သောသူဟ မမျော်ရသော ဘုရားသခင်ဟို မချစ်နိန်။
ငါလို့ဟ ဘုရားသခင်နဲ့ စပ်ဆိုင်သူများ ဖြစ်ကြအယ်၊ ဘုရားသခင်ဟို သိသောသူဟ ငါလို့ စကားဟို နားထောင်တတ်အယ်။ ဘုရားသခင်နဲ့ မစပ်ဆိုင်သောသူဟ ငါလို့စကားဟို နားမထောင်တတ်။ ဟေလိုအားဖြင့် ငါလို့ဟ သမ္မာတရားရဲ့ ဝိညာဉ်နဲ့ မားယွင်းခြင်းရဲ့ ဝိညာဉ်ဟို သိရကြအယ်။