9 ဘုရားသခင် ဖြစ်ပွားစေသော လူပဲ့သငယ်ဖြစ်လာသူဟ အပစ်ဟို မပြုတတ်။ ပစာကို့ အဲသူနှိုက် ဘုရားသခင်ရဲ့ ဇာတိသဘောပါဆိသောကျောန့် ဖြစ်အယ်။ သူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်သဖြင့် အပစ်ဟို ဆက်ယွေ့ မပြုနိန်။
ကောင်းသော အပင်တပင်ဟ မကောင်းသောအသီး မသီးနိန်။ မကောင်းသော အပင်တပင်ဟလည်း ကောင်းသောအသီးဟို မသီးနိန်။
သူလို့ဟ သဘာဝနည်းလမ်းဖြင့် ဘုရားသခင်ရဲ့ လူပဲ့သငယ် ဖြစ်လာကြတာ မဟုတ်၊ အဲဟာဟ လူသား အဖတဦးရဲ့ လူပဲ့သငယ်အဖြစ် မွေးဖွားလာခြင်းဖြင့် ဘုရားသခင် တတ်တိုင်းဟ သူလို့ရဲ့ အဖ ဖြစ်အယ်။
ယေရှုဟ “နင်လို့အား ငါ အမန်ဆိုတာဟ တဖန်မွေးဖွားခြင်းမခံသူဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို မမျော်နိန်” ဟု ပြန်ဖြေအယ်။
အကျောန်းမှာ ငါလို့တတ်တိုင်း ကြားရမျော်ရလဲ့ အမှုအရာများအကျောန်းဟို မဟောပြောဘဲ မနေနိန်” ဟု အေးသူလို့အား ပြောကြအယ်။
အေးလို့မနေရ။ အပစ်တရားထဲမှ သေသော ငါလို့ဟ စလို အသက်ဆှင်ရအုံးမလုန်း။
အကျောန်းမှာ ငါလို့ရဲ့ လူ့သဘောသဘာဝဟ ဝိညာဉ်တော် အလိုဆိသောအရာနဲ့ ဆန့်ကျင်ဘက် ဖြစ်ပင်း ဝိညာဉ်တော် အလိုဆိသောအရာဟ ငါလို့ရဲ့ လူ့သဘောသဘာဝဆန္ဒနဲ့ ဆန့်ကျင်ဘက် ဖြစ်အယ်။ အေးနေခုဟ ရန်သူတွေ ဖြစ်ပင်း ဆိုလိုတာဟ နင်လုပ်ချင်တာကို လုပ်လို့ရဝူး။
ဝါခြင်းနဲ့ ကင်းစင်လဲ့ ဘုရားသခင်ဟ အေးထာဝရအသက် မျော်လင့်ခြင်းဟို ဆေ့ကာလများ မတိုင်ခင်ဟပင် ကတိပေးပင်း၊
အကျောန်းမှာ နင်လို့ဟ ပျက်စီးတတ်သော မျိုးစေ့အားဖြင့် မဟုတ်ဘဲ ပျက်စီးခြင်းနဲ့ လွတ်လဲ့ မျိုးစေ့တည်းဟူသော အသက်ဆှင်ယွေ့ အမြဲတည်လဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားဖြင့် အသစ်တဖန် မွေးဖွားစေခြင်းဟို ခံရကြပီ။
ခရစ်တော်ဟ ဖြောင့်မတ်တာဟို နင်လို့ သိကြလော့။ အဲလိုမို့ ဖြောင့်မတ်ခြင်းတရားဟို ကျင့်သုံးသောသူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်ကျောန်း နင်လို့ သိကြအယ်။
ကိုယ်တော်နဲ့ တလုံးတဝတည်းနေသောသူဟ အပစ်ပြုခြင်း မဆိ၊ အားပေမဲ့ အပစ်ပြုနေသောသူတိုင်းဟ ကိုယ်တော်ဟို မသိမမျော်ဖူးသူ ဖြစ်အယ်။
ချစ်ရသောသူလို့၊ ချစ်ခြင်းမေတ္တာဟ ဘုရားသခင်ဆေမှ သက်ရောက်လာတာ ဖြစ်ယွေ့ ငါလို့ဟ အချင်းချင်း တယောက်ဟို တယောက် ချစ်ကြကုန်စို့။ ချစ်တတ်သောသူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်အယ်၊ ကိုယ်တော်ဟို သိကျွမ်းသောသူလည်း ဖြစ်အယ်။
ယေရှုဟ မေဆှိယ ဖြစ်ကျောန်းဟို ယုံကြည်သောသူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ် ဖြစ်အယ်။ အဖဟို ချစ်သောသူဟ အဲအဖရဲ့ သားဟိုလည်း ချစ်တတ်အယ်။
ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်သူဟ ဆက်လက်ယွေ့ အပစ်မပြုတတ်ကျောန်းဟို ငါလို့ သိကြအယ်၊ သူ့အား ဘုရားသခင်ရဲ့ သားတော် စောင့်ဆှောက်တာ ဖြစ်ယွေ့ မာရ်နတ်ဟ အဲသူဟို မထိခိုက်နိန်။
ပစာကို့ ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်သူဟ လောကဟို အောန်နိန်သောကျောန့် ဖြစ်အယ်။ ငါလို့ဟ ယုံကြည်ခြင်းအားဖြင့် လောကဟို အောန်ခြင်း ဖြစ်အယ်။
ချစ်လှစွာသော မိတ်ဆွေ၊ မကောင်းသော အမှုဟို အတုမယူဘဲ ကောင်းသော အမှုဟိုသာ အတုယူကြလော့။ ကောင်းသော အမှုဟို ပြုသောသူဟ ဘုရားသခင်နဲ့ စပ်ဆိုင်အယ်။ မကောင်းသော အမှုဟို ပြုသောသူဟ ဘုရားသခင်ဟို မသိ မမျော်ဖူးပေ။