4 အပစ်ဟို ပြုနေသောသူတိုင်းဟ ပညတ်တော်ဟို ချိုးဖောက်သောအမှုဟိုလည်း ပြုအယ်၊ ပစာကို့ အပစ်ဟ ပညတ်တော်ဟို ချိုးဖောက်ခြင်း ဖြစ်အယ်။
ပစာကို့ အကြင်သူဟ အသေးဆုံး ပညတ်တခုဟို တတ်တိုင်းလွန်ကျူးယွေ့ သူတပါးလို့အားလည်း အေးတိုင်းတိုင်း သင်ကြားသော အဲသူဟ ခေါန်းခင်နိုင်ငံတော်နှိုက် အငယ်ဆုံးသောသူ ဖြစ်လိမ့်မယ်။ အဲလိုလဲ အကြင်သူဟ တတ်တိုင်းကျင့်ယွေ့ သူတပါးလို့အားလည်း သင်ကြားပေးသူဟ ခေါန်းခင်နိုင်ငံတော်တွင် အကြီးဆုံးသောသူ ဖြစ်လိမ့်မယ်။
ပေါလုဟ သူ့အား “အဖြူရောင် သုတ်ထားသော နံရံ၊ နင်လို့ဟို ဘုရားသခင်ဟ အမန်ဒဏ်ခတ်မယ်။ နင်ဟ ငါအား တရားဥပဒေအရ စီရင်ရန် တရားရုံးတွင် ထိန်လျက် နေချိန်နှိုက် ငါ့ဟို ရိုက်ခိုင်းခြင်းဖြင့် ဥပဒေဟို ချိုးဖောက်အယ်” ဟု ဆိုအယ်။
အကျောန်းမှာ ပညတ်တရားရဲ့ အကျင့်အားဖြင့် ဘုရားသခင်ရဲ့ ဆေ့တော်နှိုက် စသူမှ ဖြောင့်မတ်ရာဟို မရောက်နိန်။ ပညတ်တရားရဲ့ ဆောင်ရွက်ချက်မှာ ငါလို့ဟ အပစ်ဆိကျောန်းဟို သိစေချင်အယ်။
အကျောန်းမှာ ပညတ်တရားဟ ဘုရားသခင်ဟို အူထော့စေပေမဲ့ ပညတ်တရား မဆိရင် ပညတ်တရားဟို ချိုးဖောက်ခြင်းလည်း မဆိနိန်။
နောက်တဖန် နင်လို့ဆေဟို လာသောအခါ ငါရဲ့ ဘုရားသခင်ဟ ငါ့အား နင်လို့ဆေ့နှိုက် ငါ့ဟို နှိမ့်ချယွေ့ မခင်ဟ အပစ်ကျူးလွန်ခဲ့လျက်ပင် မိမိလို့ ပြုကျင့်ခဲ့လဲ့ ညစ်ညမ်းခြင်း၊ မတရားသော မေထုန်ပြုခြင်းနဲ့ ကာမဂုဏ်လိုက်စားခြင်းလို့ဟို နောင်တမရသေးသောသူ များစွာဆိလဲ့အတွက် ငါ ဝမ်းနည်းကြေကွဲရမယ်ဟိုလည်း စိုးရိမ်အယ်။
ယုံကြည်ခြင်းဖြင့် ဆုတောင်းခြင်းဟ လူနာအား ကျန်းမာစေလိမ့်မယ်။ သခင်ဘုရားဟ သူ့အား ကျန်းမာလာစေယွေ့ သူပြုမိသော အပစ်များဟိုလည်း ဖြေလွှတ်လိမ့်မယ်။
ဒုစရိုက် ဆိသမျှဟ အပစ် ဖြစ်အယ်၊ အားပေမဲ့ မသေထိုက်သော အပစ်မျိုးလည်း ဆိအယ်။