22 တောင်းဆော့က်သမျှလို့ဟို ဘုရားသခင်ဆေမှ ရဆိကြအယ်။ ပစာကို့ ငါလို့ဟ ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို စောင့်ဆှောက်ယွေ့ ဆေ့တော်နှိုက် နှစ်သက်သောအရာများဟို ပြုကြသောကျောန့် ဖြစ်အယ်။
အေးလို့ ပေတရု ဆှောက်ထားစဉ်ပင် တောက်ပသော မိုးသားတုန်းဟ သူလို့ အပေါ်ဟို ကျလာအယ်။ မိုးသားတုန်းထဲမှ အသံတော်ဟ “ဟေသူဟ ငါနှစ်သက်မြတ်နိုးရာ ငါရဲ့ ချစ်သားပေတည်း — သူရဲ့ စကားဟို နားထောင်ကြလော့” ဟု မိန့်အယ်။
နင်လို့ဟ ယုံကြည်ခြင်းဆိရင် ဆုတောင်းသမျှလို့ဟို ရဆိကြလိမ့်မယ်” ဟု မိန့်အယ်။
ဟေအကျောန်းကျောန့် နင်လို့အား ငါဆိုတာဟ၊ နင်ဆုတောင်းသောအခါ တောင်းဆှောက်သမျှဟို ရဆိလိမ့်မယ်ဟု ယုံကြည်ကြလော့၊ နင်လို့ တောင်းသမျှဟို ပေးလိမ့်မယ်။
နင်လို့ဟ ငါရဲ့ နာမဟို အမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါ ပြုမယ်၊ အဲကျောန့် ခမည်းတော်ဟ သားအားဖြင့် ဘုန်းထင်ဆှားလိမ့်အယ်။
ငါဟ ခမည်းတော်ရဲ့ ပညတ်လို့ဟို စောင့်ထိန်းယွေ့ ခမည်းတော်ရဲ့ မေတ္တာနှိုက် တည်နေသလိုမျိုး၊ နင်လို့ဟ ငါ့ပညတ်လို့ဟို စောင့်ထိန်းရင် ငါ့မေတ္တာနှိုက် တည်နေကြလိမ့်မယ်။
နင်လို့ဟ ငါနှိုက် တည်ယွေ့ ငါ့စကားဟ နင်လို့နှိုက် တည်ရင်၊ နင်လို့ လိုချင်သမျှဟို တောင်းကြလော့၊ နင်လို့ လိုချင်သောအရာလို့အတွက် တောင်းယွေ့ နင်လို့ဟ အဲအရာလို့ဟို ရကြလိမ့်မယ်။
ယေရှုဟ “ဘုရားသခင် နင့်ဟို လုပ်စေချင်တဲ့အရာဟ ဘုရားသခင် စေလွှတ်သောသူဟို ယုံကြည်ရန်ပင် ဖြစ်အယ်” ဟု ပြန်ဖြေအယ်။
ငါ့ဟို စေလွှတ်သောသူဟ ငါနဲ့အတူ ဆိအယ်၊ ငါဟ အေးအဆှင်နှစ်သက်သော အမှုအရာလို့ဟို အမြဲလုပ်နေသောကျောန့် သူဟ ငါ့ဟို တယောက်တည်း ပစ်မထားဘူး” ဟု မိန့်အယ်။
ဘုရားသခင်ဟ အပစ်ဆိသောသူလို့ရဲ့ စကားဟို နားမထောင်တာဟို ငါလို့ သိကြအယ်၊ ဘုရားသခင်ဟို ရိုသေလေးစားယွေ့ အလိုတော်တိုင်း လိုက်ဆှောက်သူရဲ့ စကားဟို နားထောင်အယ်။
ဘုရားသခင်ဟ လူလို့ မသိလဲ့အချိန်များဟို မမှတ်ထားဖူးခဲ့သော်လည်း၊ အခုအခါနှိုက် နေရာတိုင်းဆိ လူအပေါင်းလို့အား နောင်တရကြရန် အမိန့်ပေးအယ်။
နောင်တရယွေ့ ဘုရားသခင်ဆေဟို ချဉ်းကပ်ကြစေရန်နဲ့ ငါလို့ သခင် ယေရှုဟို ယုံကြည်ကြစေရန် ငါဟ ယုဒလူများနဲ့ လူမျိုးခြားများအား လေးနက်စွာ သတိပေးခဲ့အယ်။
ငါဟ အရာအားလုံးဟို ရဆိယွေ့ ကြွယ်ဝလျက် ဆိအယ်။ နင်လို့ ပေးပို့လဲ့အရာများဟို ဧပဖြောဒိတ်ဆေမှ ငါ လက်ခံရဆိယွေ့ ပြေ့စုံလျက် ဆိပီ။ အဲအရာလို့ဟ မွှေးကြိုင်လဲ့ရနံ့၊ ဘုရားသခင် နှစ်သက်သော လက်ခံဖွယ်ရာယဇ် ဖြစ်ကြအယ်။
အဲမှသာ အစဉ်အမြဲ သခင်ဘုရား နှစ်သက်စေရန် လည်းကောင်း၊ ကိုယ်တော်ရဲ့ ဘုန်းအသရေ ထွန်းတောက်စေရန် လည်းကောင်း နင်လို့ ပြုမူ ကျင့်ကြံနိန်ကြလိမ့်မယ်။ ဟေသို့ အသက်ဆှင်ခြင်းအားဖြင့် ကောင်းမြတ်လဲ့ အကျင့်အမျိုးမျိုးဟူသော အသီးအပွင့်များဟို ဖြစ်ထွန်းကြလိမ့်မယ်။ ဘုရားသခင်ဟိုလည်း တိုးယွေ့ သိကျွမ်းကြလိမ့်မယ်။
ဆေ့တော်နှိုက် နှစ်သက်ဖွယ်သောအမှုဟို ယေရှု ခရစ်တော်အားဖြင့် ငါလို့တွင် ပြုယွေ့ ကိုယ်တော်ရဲ့ အလိုတော်ဟို နင်လို့ ဆောင်ရွက်နိန်ရန် ကောင်းသောအမှု အမျိုးမျိုးလို့ဖြင့် နင်လို့ဟို ပြေ့စုံစေမန့်။ ခရစ်တော်ဟ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်မန့်။ အာမင်။
နင်လို့ထဲတွင် ဉာဏ်ပညာ လိုအပ်သောသူဆိရင် ကဲ့ရဲ့ပစ်တင်ခြင်းဟို မပြုဘဲ ခပ်သိမ်းသောသူလို့အား ရက်ရောစွာ ပေးသော ဘုရားသခင်ဆေ တောင်းဆှောက်စေ၊ အဲလိုတောင်းရင် ရလိမ့်မယ်။
နင်လို့ တောင်းဆှောက်ယွေ့ မရခြင်းမှာ ရည်ရွယ်လွဲမားလျက် မိမိလို့ စည်းစိမ်ခံစားမှုအတွက် သာရင် တောင်းဆှောက်တတ်သောကျောန့် ဖြစ်အယ်။
အဲလိုမို့ နင်လို့ဟ ကျန်းမာစေခြင်းဟို ခံရမဲ့အကျောန်း တဦးနဲ့ တဦး မိမိရဲ့ အပစ်များဟို ဖော်ပြဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းကြလော့။ ဖြောင့်မတ်သောသူရဲ့ စိတ်အားထက်သန်လဲ့ ဆုတောင်းချက်ဟ ရမ်းဆာ့ တန်ခိုးပါယွေ့ ထိရောက်မှု ဆိအယ်။
ငါလို့ဟ ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို လိုက်နာစောင့်ထိန်းရင် အဲအမှုအရာအားဖြင့် ဘုရားသခင်ဟို ငါလို့ သိကျွမ်းတာဟို သိကြအယ်။
ဘုရားသခင်နှိုက် ငါလို့ ထားဆိသော ယုံကြည်စိတ်ချမှုမှာ ငါလို့ဟ အလိုတော်နဲ့အညီ တစုံတခုဟို တောင်းဆော့က်ရင် ဘုရားသခင်ဟ နားညောင်းအယ် ဟူယွေ့ ဖြစ်အယ်။